သရဲနီတွေ သူ့အတွက် ရေးစပ် သီဆိုပေးနေတဲ့ သီချင်းကို ကိုယ်တိုင် သီကြွေးလိုက်တဲ့ ဖာနန်ဒက်စ်
ဇန်နဝါရီမှာ အသင်းကို ပြောင်းရွှေ့လာခဲ့ကတည်းက ခြေစွမ်းပြနေခဲ့တဲ့ ကွင်းလယ်လူ ဘရူနိုအတွက် သရဲနီတွေက သီချင်းတစ်ပုဒ်ကို ရေးစပ်ပေးထားကာ ပွဲနေ့တွေမှာ သီဆိုပေးမှုတွေ လုပ်လာကြပါတယ်။
ဒီအပတ် စကိုင်းစပေါ့နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာပဲ ဘရူနိုက အသင်းပရိသတ်တွေ သူ့အတွက် လုပ်ပေးတဲ့ သီချင်းကို သဘောကျရပါတယယ်လို့ ထုတ်ဖော် ဝန်ခံခဲ့သလို သူ အနှစ်သက်ဆုံးကတော့ ကွင်းထဲမှာ ဘောလုံးကစားနေချိန်မှာ ပရိသတ်တွေက အဆိုပါ သီချင်းကို သီဆိုပေးတာပါလို့ ဆိုပါတယ်။
စကိုင်းစပေါ့ကပဲ ဒါဆိုရင် အားလုံးသော ပရိသတ်တွေ သိနိုင်ဖို့အတွက် အဆိုပါ သီချင်းကို သီဆိုပေးနိုင်မလားလို့ ကမ်းလှမ်းခဲ့ရာ ဘရူနိုက အောက်ပါအတိုင်း သီဆိုပေးခဲ့ပါတယ်။
“ ဘရူနို၊ ဘရူနို၊ ဘရူနို
စပို့တင်းကနေ သူလာတာဟာ ခရစ္စတီယာနိုလို
ညာဘက်ကို သွားလိုက် ဘယ်ဘက်ကိုသွားလိုက်နဲ့ ခံစစ်သမားတွေကို အရူးဖြစ်အောင် သူလုပ်တတ်သေးသူမို့
သူဟာ ငါတို့ရဲ့ တန်ဖိုးကြီးလှတဲ့ ပေါ်တူဂီသားတစ်ဦးပေကိုး ”
ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ပေးလာတဲ့ ဘရူနိုဟာ အသင်းပရိသတ်တွေ အချစ်တော် ဖြစ်လာနေခဲ့ပြီး ပါဝင်ကစားခွင့်ရတဲ့ ပွဲပေါင်း ၉ ပွဲမှာ ကိုယ်တိုင် ၃ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၄ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးနဲ့ မျှော်လင့်ခံရမှုတွေကို ကွင်းထဲမှာ ပြန်ပေးနိုင်စွမ်း ရှိနေသူဖြစ်တယ်။
ယူနိုက်တက်ပရိသတ်တွေက လာမယ့်ရာသီမှာ ကလပ်အသင်းအတွက် အစွမ်းကုန် ကြိုးစားပေးနိုင်မယ့် ဘရူနိုနဲ့ဆိုရင် အသင်းက ဆုဖလားတွေကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။
ZAWGYI
ဇန္နဝါရီမွာ အသင္းကို ေျပာင္းေရႊ႔လာခဲ့ကတည္းက ေျခစြမ္းျပေနခဲ့တဲ့ ကြင္းလယ္လူ ဘရူႏိုအတြက္ သရဲနီေတြက သီခ်င္းတစ္ပုဒ္ကို ေရးစပ္ေပးထားကာ ပြဲေန႔ေတြမွာ သီဆိုေပးမႈေတြ လုပ္လာၾကပါတယ္။
ဒီအပတ္ စကိုင္းစေပါ့နဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာပဲ ဘရူႏိုက အသင္းပရိသတ္ေတြ သူ႔အတြက္ လုပ္ေပးတဲ့ သီခ်င္းကို သေဘာက်ရပါတယယ္လို႔ ထုတ္ေဖာ္ ဝန္ခံခဲ့သလို သူ အႏွစ္သက္ဆံုးကေတာ့ ကြင္းထဲမွာ ေဘာလံုးကစားေနခ်ိန္မွာ ပရိသတ္ေတြက အဆိုပါ သီခ်င္းကို သီဆိုေပးတာပါလို႔ ဆိုပါတယ္။
စကိုင္းစေပါ့ကပဲ ဒါဆိုရင္ အားလံုးေသာ ပရိသတ္ေတြ သိႏိုင္ဖို႔အတြက္ အဆိုပါ သီခ်င္းကို သီဆိုေပးႏုိင္မလားလို႔ ကမ္းလွမ္းခဲ့ရာ ဘရူႏိုက ေအာက္ပါအတိုင္း သီဆိုေပးခဲ့ပါတယ္။
“ ဘရူႏို၊ ဘရူႏို၊ ဘရူႏို
စပို႔တင္းကေန သူလာတာဟာ ခရစၥတီယာႏိုလို
ညာဘက္ကို သြားလိုက္ ဘယ္ဘက္ကိုသြားလိုက္နဲ႔ ခံစစ္သမားေတြကို အရူးျဖစ္ေအာင္ သူလုပ္တတ္ေသးသူမို႔
သူဟာ ငါတုိ႔ရဲ႕ တန္ဖိုးၾကီးလွတဲ့ ေပၚတူဂီသားတစ္ဦးေပကိုး ”
ယူႏုိက္တက္ရဲ႕ စြမ္းေဆာင္ရည္ကို ျမင့္တင္ေပးလာတဲ့ ဘရူႏိုဟာ အသင္းပရိသတ္ေတြ အခ်စ္ေတာ္ ျဖစ္လာေနခဲ့ျပီး ပါဝင္ကစားခြင့္ရတဲ့ ပြဲေပါင္း ၉ ပြဲမွာ ကိုယ္တိုင္ ၃ ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈ ၄ ၾကိမ္ ျပဳလုပ္ထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ ထိုက္တန္တဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ေမွ်ာ္လင့္ခံရမႈေတြကို ကြင္းထဲမွာ ျပန္ေပးႏုိင္စြမ္း ရွိေနသူျဖစ္တယ္။
ယူႏုိက္တက္ပရိသတ္ေတြက လာမယ့္ရာသီမွာ ကလပ္အသင္းအတြက္ အစြမ္းကုန္ ၾကိဳးစားေပးႏုိင္မယ့္ ဘရူႏိုနဲ႔ဆိုရင္ အသင္းက ဆုဖလားေတြကို စိန္ေခၚႏုိင္လိမ့္မယ္လို႔ ယံုၾကည္ေနၾကတာ ျဖစ္ပါတယ္။