ဆာအဲလက်စ်၊ မော်ရင်ညို၊ ဗန်ဟားလ်တို့ထံမှ လိုချင်မိသည်များ ဖွင့်ဟခဲ့တဲ့ ဝိန်းရွန်းနီ

ဒါဘီအသင်းမှာ ကစားသမား နည်းပြ တာဝန်ယူထားတဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်း ရွန်းနီးက မဝေးတော့တဲ့ ကာလမှာ တကယ့် နည်းပြ ဖြစ်လာတော့မှာ ဖြစ်ပြီး ယူနိုက်တက်မှာ သူ ဆုံဖူးတဲ့ ဆရာဟောင်း နည်းပြတွေထံမှာ သူ လိုချင်မိတဲ့ အရည်အချင်းများ အကြောင်း ဖွင့်ဟ ပြောဆိုသွားပါတယ်။

ရွန်းနီ စံထားတဲ့ နည်းပြ ၃ဦးကတော့ ဆာအဲလက်စ် ဖာဂူဆန်၊ မော်ရင်ညိုနဲ့ လူးဝစ် ဗန်ဟားလ်တို့ ဖြစ်ပြီး ထိုသုံးဦးထံမှာ သူ အလိုရှိတဲ့ အရည်အချင်းတွေအကြောင်း ရွန်းနီက ပြောဆိုလာခဲ့တာပါ။ ရွန်းနီဟာ ယူနိုက်တက်မှာ ၁၃ နှစ်ကြာ ကစားသွားပြီး နည်းပြ ၅ ဦးနဲ့ ဆုံခဲ့ဖူးပါတယ်။ နာမည်ကျော် နည်းပြတွေ အပြင် ဒေးဗစ် မိုယက်စ်၊ ယာယီနည်းပြ ရိုင်ယန်ဂစ်တို့လည်း ပါဝင်ပါတယ်။

ယူနိုက်တက်ကနေ ထွက်ခွာသွားပြီးနောက် ရွန်းနီက အဲဗာတန်မှာ တစ်ရာသီ ကစားသွားခဲ့သေးပြီး အဲဒီကမှ အင်္ဂလန်သားဟာ အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်သို့ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ ဘောလုံးလောကကို လွယ်လွယ် ကျောမခိုင်းလိုတဲ့ ရွန်းနီက တဖန် အင်္ဂလန်သို့ ပြန်လာခဲ့ပြီး ဒါဘီအသင်းမှာ ကစားသမား နည်းပြ အဖြစ် ပူးတွဲ တာဝန်ယူထားပါတယ်။

တချိန်မှာ ဒါဘီအသင်း နည်းပြအဖြစ် လုံး၀ တာဝန်ယူတော့မှာ ဖြစ်တဲ့ ဝိန်း ရွန်းနီက လတ်တလော အင်တာဗျူးမှာ နည်းပြ တစ်ယောက် အဖြစ် သူ အလိုရှိသည့် အရည်အချင်းများ ပြောဆိုခဲ့ပါတယ်။

” ဗန်ဟားလ်ရဲ့ ပွဲ ပြင်ဆင်တာ၊ ဖာဂီရဲ့ ကစားသမား စီမံခန့်ခွဲမှု၊ မော်ရင်ညိုရဲ့ ခေါင်းမာမှုတွေ ဒါတွေကို ကျနော် အလိုရှိတယ် ထင်တယ်။ တခါတလေ အသင်းရဲ့ စွမ်းဆောင်ရည်တွေက အသင်းမှာ ရှိသလောက်နဲ့ စီမံခန့်ခွဲရတာပါ။ ကျနော်လည်း ကိုယ့်နည်းလမ်းနဲ့ ကိုယ် လုပ်သွားနိုင်မှာ သေချာပါတယ်။ ” လို့ ရွန်းနီက ဆိုခဲ့ပါတယ်။

ရွန်းနီရဲ့ ဒါဘီကောင်တီအသင်းက ချန်ပီယံရှစ်မှာတော့ ၃၇ ပွဲ ကစားပြီးချိန် အဆင့် ၁၂ နေရာမှာ ရှိနေပါတယ်။ လောလောဆယ် ပြိုင်ပွဲတွေ ရပ်နားထားတာကြောင့် ဆက်လက် တိုက်ပွဲဝင်ရခြင်းတော့ မရှိသေးပါဘူး။

Zawgyi – ဒါဘီအသင္းမွာ ကစားသမား နည္းျပ တာ၀န္ယူထားတဲ့ ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း ၀ိန္း ရြန္းနီးက မေ၀းေတာ့တဲ့ ကာလမွာ တကယ့္ နည္းျပ ျဖစ္လာေတာ့မွာ ျဖစ္ျပီး ယူနိုက္တက္မွာ သူ ဆံုဖူးတဲ့ ဆရာေဟာင္း နည္းျပေတြထံမွာ သူ လိုခ်င္မိတဲ့ အရည္အခ်င္းမ်ား အေၾကာင္း ဖြင့္ဟ ေျပာဆိုသြားပါတယ္။

ရြန္းနီ စံထားတဲ့ နည္းျပ ၃ဦးကေတာ့ ဆာအဲလက္စ္ ဖာဂူဆန္၊ ေမာ္ရင္ညိဳနဲ႕ လူး၀စ္ ဗန္ဟားလ္တို႔ ျဖစ္ျပီး ထိုသံုးဦးထံမွာ သူ အလိုရွိတဲ့ အရည္အခ်င္းေတြအေၾကာင္း ရြန္းနီက ေျပာဆိုလာခဲ့တာပါ။ ရြန္းနီဟာ ယူနိုက္တက္မွာ ၁၃ နွစ္ၾကာ ကစားသြားျပီး နည္းျပ ၅ ဦးနဲ႕ ဆံုခဲ့ဖူးပါတယ္။ နာမည္ေက်ာ္ နည္းျပေတြ အျပင္ ေဒးဗစ္ မိုယက္စ္၊ ယာယီနည္းျပ ရိုင္ယန္ဂစ္တို႔လည္း ပါ၀င္ပါတယ္။

ယူနိုက္တက္ကေန ထြက္ခြာသြားျပီးေနာက္ ရြန္းနီက အဲဗာတန္မွာ တစ္ရာသီ ကစားသြားခဲ့ေသးျပီး အဲဒီကမွ အဂၤလန္သားဟာ အေမရိကန္ ေမဂ်ာလိဂ္ကလပ္ ဒီစီယူနိုက္တက္သို႔ ေျပာင္းေရႊ႕ ကစားခဲ့ပါတယ္။ ေဘာလံုးေလာကကို လြယ္လြယ္ ေက်ာမခိုင္းလိုတဲ့ ရြန္းနီက တဖန္ အဂၤလန္သို႔ ျပန္လာခဲ့ျပီး ဒါဘီအသင္းမွာ ကစားသမား နည္းျပ အျဖစ္ ပူးတြဲ တာ၀န္ယူထားပါတယ္။

တခ်ိန္မွာ ဒါဘီအသင္း နည္းျပအျဖစ္ လံုး၀ တာ၀န္ယူေတာ့မွာ ျဖစ္တဲ့ ၀ိန္း ရြန္းနီက လတ္တေလာ အင္တာဗ်ဴးမွာ နည္းျပ တစ္ေယာက္ အျဖစ္ သူ အလိုရွိသည့္ အရည္အခ်င္းမ်ား ေျပာဆိုခဲ့ပါတယ္။

” ဗန္ဟားလ္ရဲ႕ ပြဲ ျပင္ဆင္တာ၊ ဖာဂီရဲ႕ ကစားသမား စီမံခန္႔ခြဲမႈ၊ ေမာ္ရင္ညိဳရဲ႕ ေခါင္းမာမႈေတြ ဒါေတြကို က်ေနာ္ အလိုရွိတယ္ ထင္တယ္။ တခါတေလ အသင္းရဲ႕ စြမ္းေဆာင္ရည္ေတြက အသင္းမွာ ရွိသေလာက္နဲ႕ စီမံခန္႔ခဲြရတာပါ။ က်ေနာ္လည္း ကိုယ့္နည္းလမ္းနဲ႕ ကိုယ္ လုပ္သြားနိုင္မွာ ေသခ်ာပါတယ္။ ” လို႔ ရြန္းနီက ဆိုခဲ့ပါတယ္။

ရြန္းနီရဲ႕ ဒါဘီေကာင္တီအသင္းက ခ်န္ပီယံရွစ္မွာေတာ့ ၃၇ ပြဲ ကစားျပီးခ်ိန္ အဆင့္ ၁၂ ေနရာမွာ ရွိေနပါတယ္။ ေလာေလာဆယ္ ျပိဳင္ပြဲေတြ ရပ္နားထားတာေၾကာင့္ ဆက္လက္ တိုက္ပြဲ၀င္ရျခင္းေတာ့ မရွိေသးပါဘူး။