ဂိုးသမား ဒင်းဟန်ဒါဆန်အား သက်တမ်းတိုး စာချုပ်သစ် ချုပ်ရန် ယူနိုက်တက် ပြင်ဆင်

မန်ချက်စတာယူနိုက်တက်ဟာ ရှက်ဖီးမှာ အငှားကစားရင် လက်စွမ်းပြနေတာကြောင့် လိုချင်တဲ့ ကလပ်အသင်း ဝိုင်းဝိုင်းလည် ဖြစ်လာတဲ့ ဂိုးသမား ဒင်း ဟန်ဒါဆန်ကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်လာပါတယ်။

စာချုပ်သစ်မှာ ဟန်ဒါဆန်ကို တစ်ပတ် လုပ်ခ ပေါင် ၁ သိန်း ထည့်သွင်းထားတယ်လို့ သိရပြီး ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်း ချယ်ဆီး စိတ်ဝင်စားမှုကြောင့် ယူနိုက်တက်တို့ ခပ်သွက်သွက် လှုပ်ရှားလာတာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် ဂိုးသမားကို ယူနိုက်တက်က ဒီဂီယာ နေရာ ဆက်ခံစေမယ့် ဂိုးသမား အဖြစ် ရည်ရွယ်ထားတာကြောင့် မရောင်းချလိုပါဘူး။

ချယ်ဆီးအသင်းကတော့ ဒင်း ဟန်ဒါဆန် အတွက် ပေါင် သန်း ၅၀ လောက်ထိ သုံးဖို့ ကြံရွယ်ထားပြီး ယူနိုက်တက်ကတော့ အမြန်ဆုံး သက်တမ်းတိုးဖို့ လှုပ်ရှားလာခဲ့ပါပြီ။ ဟန်ဒါဆန်ရဲ့ လက်ရှိ စာချုပ်က ၂ နှစ် ကျန်ရှိနေသေးပြီး ယူနိုက်တက်က ၄ နှစ်သက်တမ်းတိုး စာချုပ် ပြင်ဆင် ချုပ်ဆိုလိုတာပါ။

ရှက်ဖီးယူနိုက်တက်ကလည်း ဟန်ဒါဆန်ကို အပြီး ဝယ်ယူလိုနေပြီး ၎င်းကို သုံးရာသီဆက် အငှားနဲ့ ဖြစ်ဖြစ် ဆက်လက် ခေါ်ယူလိုနေပါတယ်။ ဟန်ဒါဆန်ဟာ ရှက်ဖီးမှာ ချန်ပီယံရှစ်တည်းက ကစားခဲ့ပြီး တန်းတက်လာအောင် အတူ တိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။

ဟန်ဒါဆန်ဘက်ကတော့ ယူနိုက်တက်မှာ ဆက်ရှိဖို့ လိုလားဆဲ ဖြစ်ပြီး အသင်းထံ ပြန်လာဖို့ကတော့ ပွဲထွက် ကစားခွင့်ကို ရရှိမှသာ ပြန်လာလိုနေတာပါ။ ယူနိုက်တက်ကလည်း နံပါတ် တစ် ဂိုးသမား ဒီဂီယာကို သက်တမ်းတိုးထားတာ ဖြစ်လု့ိ ဟန်ဒါဆန်ကို ချက်ချင်း ဦးစားပေး နေရာ ပေးနိုင်ဦးမှာ မဟုတ်တာကြောင့် ကစားသမားကို စည်းရုံးကာ ဆက်လက် ထိန်းသိမ်းရန် ကြိုးစားနေပါတယ်။

Zawgyi – မန္ခ်က္စတာယူနုိက္တက္ဟာ ရွက္ဖီးမွာ အငွားကစားရင္ လက္စြမ္းျပေနတာေၾကာင့္ လိုခ်င္တဲ့ ကလပ္အသင္း ၀ိုင္း၀ိုင္းလည္ ျဖစ္လာတဲ့ ဂိုးသမား ဒင္း ဟန္ဒါဆန္ကို သက္တမ္းတိုး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျပင္ဆင္လာပါတယ္။

စာခ်ဳပ္သစ္မွာ ဟန္ဒါဆန္ကို တစ္ပတ္ လုပ္ခ ေပါင္ ၁ သိန္း ထည့္သြင္းထားတယ္လို႔ သိရျပီး ပရီးမီးယားလိဂ္ ျပိဳင္ဘက္အသင္း ခ်ယ္ဆီး စိတ္၀င္စားမႈေၾကာင့္ ယူနိုက္တက္တို႔ ခပ္သြက္သြက္ လႈပ္ရွားလာတာ ျဖစ္ပါတယ္။ အသက္ ၂၃ နွစ္ အရြယ္ ဂိုးသမားကို ယူနုိက္တက္က ဒီဂီယာ ေနရာ ဆက္ခံေစမယ့္ ဂိုးသမား အျဖစ္ ရည္ရြယ္ထားတာေၾကာင့္ မေရာင္းခ်လိုပါဘူး။

ခ်ယ္ဆီးအသင္းကေတာ့ ဒင္း ဟန္ဒါဆန္ အတြက္ ေပါင္ သန္း ၅၀ ေလာက္ထိ သံုးဖို႔ ၾကံရြယ္ထားျပီး ယူနုိက္တက္ကေတာ့ အျမန္ဆံုး သက္တမ္းတိုးဖို႔ လႈပ္ရွားလာခဲ့ပါျပီ။ ဟန္ဒါဆန္ရဲ႕ လက္ရွိ စာခ်ဳပ္က ၂ နွစ္ က်န္ရွိေနေသးျပီး ယူနိုက္တက္က ၄ နွစ္သက္တမ္းတိုး စာခ်ဳပ္ ျပင္ဆင္ ခ်ဳပ္ဆိုလိုတာပါ။

ရွက္ဖီးယူနိုက္တက္ကလည္း ဟန္ဒါဆန္ကို အျပီး ၀ယ္ယူလိုေနျပီး ၄င္းကို သုံးရာသီဆက္ အငွားနဲ႕ ျဖစ္ျဖစ္ ဆက္လက္ ေခၚယူလိုေနပါတယ္။ ဟန္ဒါဆန္ဟာ ရွက္ဖီးမွာ ခ်န္ပီယံရွစ္တည္းက ကစားခဲ့ျပီး တန္းတက္လာေအာင္ အတူ တိုက္ပြဲ၀င္ခဲ့တာ ျဖစ္ပါတယ္။

ဟန္ဒါဆန္ဘက္ကေတာ့ ယူနိုက္တက္မွာ ဆက္ရွိဖို႔ လိုလားဆဲ ျဖစ္ျပီး အသင္းထံ ျပန္လာဖို႔ကေတာ့ ပြဲထြက္ ကစားခြင့္ကို ရရွိမွသာ ျပန္လာလိုေနတာပါ။ ယူနိုိက္တက္ကလည္း နံပါတ္ တစ္ ဂိုးသမား ဒီဂီယာကို သက္တမ္းတိုးထားတာ ျဖစ္လု႔ိ ဟန္ဒါဆန္ကို ခ်က္ခ်င္း ဦးစားေပး ေနရာ ေပးနုိုင္ဦးမွာ မဟုတ္တာေၾကာင့္ ကစားသမားကို စည္းရံုးကာ ဆက္လက္ ထိန္းသိမ္းရန္ ၾကိဳးစားေနပါတယ္။