ကိုရိုနာ ဗိုင်းရပ် ကာကွယ်မှုအတွက် စံနမှုနာယူစရာ လှူဒါန်းမှု ပြုလုပ်လိုက်တဲ့ စီ ရော်နယ်ဒို

ကမ္ဘာကျော် ဘောလုံးသမားကြီး ရော်နယ်ဒိုက ပေါ်တူဂီက သူပိုင် ဟိုတယ်တွေကို ဆေးရုံတွေအဖြစ် ပြောင်းလဲပြီး Covid-19 လူနာတွေကို အခမဲ့ကုသပေးမယ့် ကြေညာလိုက်ပါတယ်။

အလှူအတန်း ရက်ရောလွန်းတဲ့ ရော်နယ်ဒိုဟာ Covid-19 ကူးစက်ပျံ့နှံ့မှုကို တွန်းလှန်ရာမှာ အံ့အားသင့်စရာ ပါဝင်ကူညီခဲ့တာဖြစ်ပါတယ်။ လာမယ့်တစ်ပတ်က စပြီး ပေါ်တူဂီနိုင်ငံမှာရှိတဲ့ Covid-19 ကူးစက်ခံရသူတွေ အခမဲ့ ဆေးကုသနိုင်ဖို့အတွက် သူ့ရဲ့ Pestana CR7 ဟိုတယ်ကို ဆေးရုံအဖြစ် ပြောင်းလဲအသုံးပြုသွားမှာဖြစ်ပါတယ်။

ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုက ဆေးဖိုးဝါးခအားလုံး အကုန်အကျခံပေးမှာဖြစ်သလို ဆရာဝန်၊ သူနာပြုတွေနဲ့ တခြားကျန်းမာရေးဝန်ထမ်းအားလုံးကို လုပ်ခလစာပေးပြီး Covid-19 ကူးစက်ခံရသူတွေကို ကုသပေးမှာပါ။

မကြာသေးခင်ကပဲ ရိုနယ်ဒိုကပဲ “ ကျနေ်ာတို့ အားလုံးထံကနေ အထူး ဂရုစိုက်မှုနဲ့ တောင်းဆိုမှုများခြင်းတွေကို ရင်ဆိုင်နေရပြီး ကမ္ဘာကြီးအတွက်လည်း ခက်ခဲတဲ့ အချိန်ကာလတစ်ခုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ကမ္ဘာကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း WHO ရဲ့ အကြံပေးချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့က အရေးကြီးပါတယ်။

ဗိုင်းရပ်နဲ့ ပက်သက်ပြီး ကြိုးစား တိုက်ခိုက်နေရသူတွေ၊ ရင်းနှီးသူတွေကို ဆုံးရံှူးရမယ့် အနေအထားကို ရင်ဆိုင်နေရသူတွေကို အားပေးစကားတွေ ပြောလိုပါတယ်။ ကိုယ်အသက်အန္တရာယ် ရှိနေတယ်ဆိုတာကို သိပါလျက်နဲ့ အသက်တွေကို လောင်းကြေးထပ်ပြီး ကူညီ ကယ်တင်ကြဖို့ ကြိုးစားနေတဲ့ အံ့အားသင့်လောက်တဲ့ ပရော်ဖက်ရှင်နယ် ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကိုလည်း အားပေး ထောက်ခံနေပါကြောင်းကို ပြောလိုပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ကမၻာေက်ာ္ ေဘာလံုးသမားၾကီး ေရာ္နယ္ဒိုက ေပၚတူဂီက သူပိုင္ ဟိုတယ္ေတြကို ေဆး႐ုံေတြအျဖစ္ ေျပာင္းလဲၿပီး Covid-19 လူနာေတြကို အခမဲ့ကုသေပးမယ့္ ေၾကညာလုိက္ပါတယ္။

အလႉအတန္း ရက္ေရာလြန္းတဲ့ ေရာ္နယ္ဒိုဟာ Covid-19 ကူးစက္ပ်ံ႕ႏွံ႔မႈကို တြန္းလွန္ရာမွာ အံ့အားသင့္စရာ ပါဝင္ကူညီခဲ့တာျဖစ္ပါတယ္။ လာမယ့္တစ္ပတ္က စၿပီး ေပၚတူဂီႏိုင္ငံမွာရွိတဲ့ Covid-19 ကူးစက္ခံရသူေတြ အခမဲ့ ေဆးကုသႏိုင္ဖို႔အတြက္ သူ႔ရဲ႕ Pestana CR7 ဟိုတယ္ကို ေဆး႐ုံအျဖစ္ ေျပာင္းလဲအသုံးျပဳသြားမွာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္တိုက္စစ္မႉး ေရာ္နယ္ဒိုက ေဆးဖိုးဝါးခအားလုံး အကုန္အက်ခံေပးမွာျဖစ္သလို ဆရာဝန္၊ သူနာျပဳေတြနဲ႔ တျခားက်န္းမာေရးဝန္ထမ္းအားလုံးကို လုပ္ခလစာေပးၿပီး Covid-19 ကူးစက္ခံရသူေတြကို ကုသေပးမွာပါ။

မၾကာေသးခင္ကပဲ ရိုနယ္ဒိုကပဲ “ က်ေန္ာတို႔ အားလံုးထံကေန အထူး ဂရုစိုက္မႈနဲ႔ ေတာင္းဆိုမႈမ်ားျခင္းေတြကို ရင္ဆိုင္ေနရျပီး ကမၻာၾကီးအတြက္လည္း ခက္ခဲတဲ့ အခ်ိန္ကာလတစ္ခုကို ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ကမၻာက်န္းမာေရးဆိုင္ရာ အဖြဲ႔အစည္း WHO ရဲ႕ အၾကံေပးခ်က္ေတြအတိုင္း လုိက္နာေဆာင္ရြက္ဖို႔က အေရးၾကီးပါတယ္။

ဗိုင္းရပ္နဲ႔ ပက္သက္ျပီး ၾကိဳးစား တုိက္ခိုက္ေနရသူေတြ၊ ရင္းႏွီးသူေတြကို ဆံုးရံွဴးရမယ့္ အေနအထားကို ရင္ဆုိင္ေနရသူေတြကို အားေပးစကားေတြ ေျပာလိုပါတယ္။ ကိုယ္အသက္အႏၱရာယ္ ရွိေနတယ္ဆိုတာကို သိပါလ်က္နဲ႔ အသက္ေတြကို ေလာင္းေၾကးထပ္ျပီး ကူညီ ကယ္တင္ၾကဖို႔ ၾကိဳးစားေနတဲ့ အံ့အားသင့္ေလာက္တဲ့ ပေရာ္ဖက္ရွင္နယ္ က်န္းမာေရးဆိုင္ရာ ပုဂၢိဳလ္ေတြကိုလည္း အားေပး ေထာက္ခံေနပါေၾကာင္းကို ေျပာလိုပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။