ပရီးမီးယားလိဂ် ရပ်နားကာလအတွင်း ယူနိုက်တက်ရဲ့ ထရိန်နင် အစီအမံများ

ကိုရိုနာ ရိုက်ခတ်မှုကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲ ရပ်နားထားကာ တချို့ ကလပ်အသင်းများမှ ကစားသမားများလည်း သီးခြား ခွဲ နေထိုင် စောင့်ကြည့်မှုတွေ ခံနေရကာ အသင်းအများစု ထရိန်နင်များ နားထားပေမယ့် ယူနိုက်တက်အသင်း ထရိန်နင်ကတော့ ပုံမှန် အတိုင်း လည်ပတ်နေပါတယ်။

ယူနိုက်တက်ရဲ့ ဒီတပတ် ဘရိုက်တန်နဲ့ ပွဲ ပျက်သွားသလို ပွဲစဉ်များ ဧပြီ ၄ ထိ နားလိုက်ပေမယ့် ယူနိုကတက်ကတော့ အသင်းသားတွေကို ဒီ သုံးပတ် အတွင်း ကြံ့ခိုင်မှု အပြည့်နဲ့ လေ့ကျင့်သား မပြတ်ဘဲ ရှိနေအောင် ပုံမှန်အတိုင်း ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်းသို့ ခေါ်ယူထားပါတယ်။

ဘောလုံးပွဲစဉ်တွေ မရှိဘဲက လချီလည်း ကြာသွားနိုင်ပေမယ့် လောလောဆယ်မှာတော့ ထရိန်နင် ပုံမှန်အတိုင်း လည်ပတ်သွားဖို့ အသင်းက ဆုံးဖြတ်ထာပါတယ်။ ဒီတနင်္လာနေ့မှာတော့ အသင်းသားတွေ နားရက် ရမှာ ဖြစ်ပြီး အင်္ဂါနေ့မှာ ပြန်လာရမှာပါ။ ယူနိုက်တက် အသင်း ဝက်ဘ်ဆိုဒ်ကနေလည်း လက်ရှိ စီမံနေမှုများအပေါ် အသိပေး သတင်းကြေငြာချက် ထုတ်ပြန်ထားပါတယ်။

” ကျနော်တို့က ဗိုင်းရပ်စ် အသင်းမှာ မပြန့်ပွားအောင်နဲ့ အန္တရာယ် နည်းနိုင်သမျှ နည်းအောင် အသေအချာ သတိထား စီမံနေပါတယ်။ အသင်း ထရိန်နင်မှာ လိုအပ်တဲ့ ပိုးသတ် ပစ္စည်းတွေ ဖြည့်တင်းထားသလို လာရောက် လည်ပတ်သူတွေကိုလည်း တင်းကြပ်စွာ စိစစ်ထားပါတယ်။ ” လို့ အသိပေးထားပါတယ်။

ထရိန်နင် အဝင်နဲ့ အထွက်များ အဖျားတိုင်း စစ်ဆေးမှုများလည်း ရှိထားပြီး စိစစ်နေပါတယ်။ ယူနိုက်တက် တိုက်စစ်မှူး အစ်ဟာလိုကို ထရိန်နင် အဝင်မှာ Mask နဲ့ လက်အိပ်များ ဝတ်ဆင်ထားတာ တွေ့ခဲ့ရပါတယ်။

Zawgyi – ကိုရိုနာ ရိုက္ခတ္မႈေၾကာင့္ ပရီးမီးယားလိဂ္ ျပိဳင္ပြဲ ရပ္နားထားကာ တခ်ိဳ႕ ကလပ္အသင္းမ်ားမွ ကစားသမားမ်ားလည္း သီးျခား ခြဲ ေနထိုင္ ေစာင့္ၾကည့္မႈေတြ ခံေနရကာ အသင္းအမ်ားစု ထရိန္နင္မ်ား နားထားေပမယ့္ ယူနိုက္တက္အသင္း ထရိန္နင္ကေတာ့ ပံုမွန္ အတိုင္း လည္ပတ္ေနပါတယ္။

ယူနိုက္တက္ရဲ႕ ဒီတပတ္ ဘရိုက္တန္နဲ႕ ပြဲ ပ်က္သြားသလို ပြဲစဥ္မ်ား ဧျပီ ၄ ထိ နားလိုက္ေပမယ့္ ယူနုိ္ကတက္ကေတာ့ အသင္းသားေတြကို ဒီ သံုးပတ္ အတြင္း ၾကံ႕ခိုင္မႈ အျပည့္နဲ႕ ေလ့က်င့္သား မျပတ္ဘဲ ရွိေနေအာင္ ပံုမွန္အတိုင္း ေကာ့ဘ္ဟမ္း ေလ့က်င့္ေရးကြင္းသို႔ ေခၚယူထားပါတယ္။

ေဘာလံုးပြဲစဥ္ေတြ မရွိဘဲက လခ်ီလည္း ၾကာသြားနုိင္ေပမယ့္ ေလာေလာဆယ္မွာေတာ့ ထရိန္နင္ ပံုမွန္အတိုင္း လည္ပတ္သြားဖို႔ အသင္းက ဆံုးျဖတ္ထာပါတယ္။ ဒီတနလၤာေန႔မွာေတာ့ အသင္းသားေတြ နားရက္ ရမွာ ျဖစ္ျပီး အဂၤါေန႔မွာ ျပန္လာရမွာပါ။ ယူနိုက္တက္ အသင္း ၀က္ဘ္ဆိုဒ္ကေနလည္း လက္ရွိ စီမံေနမႈမ်ားအေပၚ အသိေပး သတင္းေၾကျငာခ်က္ ထုတ္ျပန္ထားပါတယ္။

” က်ေနာ္တို႔က ဗိုင္းရပ္စ္ အသင္းမွာ မျပန္႔ပြားေအာင္နဲ႕ အႏၱရာယ္ နည္းနုိင္သမွ် နည္းေအာင္ အေသအခ်ာ သတိထား စီမံေနပါတယ္။ အသင္း ထရိန္နင္မွာ လိုအပ္တဲ့ ပိုးသတ္ ပစၥည္းေတြ ျဖည့္တင္းထားသလို လာေရာက္ လည္ပတ္သူေတြကိုလည္း တင္းၾကပ္စြာ စိစစ္ထားပါတယ္။ ” လို႔ အသိေပးထားပါတယ္။

ထရိန္နင္ အ၀င္နဲ႕ အထြက္မ်ား အဖ်ားတိုင္း စစ္ေဆးမႈမ်ားလည္း ရွိထားျပီး စိစစ္ေနပါတယ္။ ယူနိုက္တက္ တိုက္စစ္မွဴး အစ္ဟာလိုကို ထရိန္နင္ အ၀င္မွာ Mask နဲ႕ လက္အိပ္မ်ား ၀တ္ဆင္ထားတာ ေတြ႔ခဲ့ရပါတယ္။