ယူနိုက်တက်ရဲ့ မန်နေဂျာရဲ့ အဓိက အားသာမှုက ဘယ်အရာဖြစ်မလဲကို ဖာနန်ဒက်စ် ရှင်းပြ
ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်က မန်နေဂျာဆိုးရှားဟာ အသင်းသားတွေရဲ့ အချက်အလက်ကို အသေးစိတ် ဂရုစိုက်တတ်သူဖြစ်ပြီး ဒါကပဲ သူ့ရဲ့ အားသာချက် ဖြစ်ပါလိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။
ဖာနန်ဒက်စ်က ” ကျနော် အသင်းကို ရောက်လာတာ တစ်လပဲ ရှိသေးတယ်ဆိုတော့ မန်နေဂျာအကြောင်း ပြောဖို့ ခက်ပါတယ်။ သူက အချက်အလက်ပိုင်းတွေကို ဂရုစိုက်ပါတယ်။ အဲ့တာက အရေးကြီးပါတယ်။ ဘောလုံးလောကမှာ အပြောင်းအလဲတွေ ရှိနေပြီး အချက်အလက်တွေကို လူတိုင်း ဂရုစိုက်လာနေပါပြီ။
ကစားသမားတွေ တစ်ဦးချင်းရဲ့ အချက်အလက်တွေကို စောင့်ကြည့်ကြတယ်။ ဗီဒီယိုတွေ အကူအညီနဲ့ ပြိုင်ဘက်အသင်းသားတွေကို ဖိအားပေးဖို့ လိုအပ်မှာတွေကို သင်ယူနေကြပါတယ်။ အချက်အလက်ပိုင်း သုံးသပ်မှုတွေမှာ မန်နေဂျာက အတော်လေး ထူးချွန်တယ်လို့ ထင်ပါတယ်။ သူက ဘယ်လို တိုက်တွန်းရမလဲနဲ့ တွန်းအားပေးရမလဲ ဆိုတာကိုလည်း သိထားသူဖြစ်တယ်။
ကစားသမားအဖြစ် ကျင်လယ်ခဲ့ဖူးတော့ အသင်းသားတွေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ သူသိတယ်။ မန်နေဂျာတွေက သင်ပြပုံ မတူညီတာမျိုး ရှိပါတယ်။ အိုလီကတော့ အသင်းသားတွေထံက တောင်းဆိုမှုတွေကို လုပ်တတ်သူပါ။ ကျနော်အတွက်တော့ မန်နေဂျာထံက ယုံကြည်မှုရဖို့ အရေးကြီးပါတယ်။ တစ်စုံတစ်ယောက်က ကိုယ်ကို ယုံကြည်နေတယ်ဆိုတဲ့ ခံစားချက်ရဖို့ လိုအပ်တယ်လေ။
ဒါကြောင့် မန်နေဂျာက အရေးကြီးပေမယ့် မန်နေဂျာထက် အသင်းဖော်တွေက အရေးကြီးပါတယ်။ အသင်းဖော်တွေက ကိုယ်ကို ယုံကြည်နေမယ်ဆိုရင် ကွင်းထဲမှာ ကစားရတာ ပိုမို အဆင်ပြေနေမှာပါ ” လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
ZAWGYI
ယူႏုိက္တက္ ကြင္းလယ္လူ ဖာနန္ဒက္စ္က မန္ေနဂ်ာဆိုးရွားဟာ အသင္းသားေတြရဲ႕ အခ်က္အလက္ကို အေသးစိတ္ ဂရုစိုက္တတ္သူျဖစ္ျပီး ဒါကပဲ သူ႔ရဲ႕ အားသာခ်က္ ျဖစ္ပါလိမ့္မယ္လို႔ သံုးသပ္လိုက္ပါတယ္။
ဖာနန္ဒက္စ္က ” က်ေနာ္ အသင္းကို ေရာက္လာတာ တစ္လပဲ ရွိေသးတယ္ဆိုေတာ့ မန္ေနဂ်ာအေၾကာင္း ေျပာဖို႔ ခက္ပါတယ္။ သူက အခ်က္အလက္ပိုင္းေတြကို ဂရုစိုက္ပါတယ္။ အဲ့တာက အေရးၾကီးပါတယ္။ ေဘာလံုးေလာကမွာ အေျပာင္းအလဲေတြ ရွိေနျပီး အခ်က္အလက္ေတြကို လူတိုင္း ဂရုစိုက္လာေနပါျပီ။
ကစားသမားေတြ တစ္ဦးခ်င္းရဲ႕ အခ်က္အလက္ေတြကို ေစာင့္ၾကည့္ၾကတယ္။ ဗီဒီယိုေတြ အကူအညီနဲ႔ ျပိဳင္ဘက္အသင္းသားေတြကို ဖိအားေပးဖို႔ လိုအပ္မွာေတြကို သင္ယူေနၾကပါတယ္။ အခ်က္အလက္ပိုင္း သံုးသပ္မႈေတြမွာ မန္ေနဂ်ာက အေတာ္ေလး ထူးခၽြန္တယ္လို႔ ထင္ပါတယ္။ သူက ဘယ္လို တိုက္တြန္းရမလဲနဲ႔ တြန္းအားေပးရမလဲ ဆိုတာကိုလည္း သိထားသူျဖစ္တယ္။
ကစားသမားအျဖစ္ က်င္လယ္ခဲ့ဖူးေတာ့ အသင္းသားေတြကို ဘယ္လို ကိုင္တြယ္ရမယ္ဆိုတာ သူသိတယ္။ မန္ေနဂ်ာေတြက သင္ျပပံု မတူညီတာမ်ိဳး ရွိပါတယ္။ အိုလီကေတာ့ အသင္းသားေတြထံက ေတာင္းဆိုမႈေတြကို လုပ္တတ္သူပါ။ က်ေနာ္အတြက္ေတာ့ မန္ေနဂ်ာထံက ယံုၾကည္မႈရဖို႔ အေရးၾကီးပါတယ္။ တစ္စံုတစ္ေယာက္က ကိုယ္ကို ယံုၾကည္ေနတယ္ဆိုတဲ့ ခံစားခ်က္ရဖို႔ လိုအပ္တယ္ေလ။
ဒါေၾကာင့္ မန္ေနဂ်ာက အေရးၾကီးေပမယ့္ မန္ေနဂ်ာထက္ အသင္းေဖာ္ေတြက အေရးၾကီးပါတယ္။ အသင္းေဖာ္ေတြက ကိုယ္ကို ယံုၾကည္ေနမယ္ဆိုရင္ ကြင္းထဲမွာ ကစားရတာ ပိုမို အဆင္ေျပေနမွာပါ ” လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။