ခြေစွမ်းပြနေပေမယ့် နှိမ့်ချဝန်ခံမှု ပြုလုပ်သွားတဲ့ ယူနိုက်တက် ကွင်းလယ် တော်မီနေး
ဒီရာသီ ပေါ့ဘာ မပါဝင်နိုင်တဲ့ ကွင်းလယ်မှာ ဝင်ဖြည့် ကစားခြေစွမ်းပြခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်ကစားသမား တော်မီနေးကတော့ လက်ရှိ အနေအထားနဲ့ အားရ မနေဘဲ ဂိုးတွေ ပိုသွင်းနိုင်ဖို့နဲ့ ပို တိုးတက်ဖို့ အများကြီး လိုသေးကြောင်း ပြောကြားလိုက်ပါတယ်။
တော်မီနေးဟာ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပြီး စကော့တလန် လက်ရွေးစင် အသင်းမှာလည်း ၂၀၁၈ မှာ စတင် ရွေးချယ် ခံထားရပါတယ်။
တော်မီနေးကတော့ သူ့မှာ လိုအပ်ချက်တွေ ရှိသေးကြောင်းနဲ့ တိုးတက်လာဖို့ လိုသေးကြောင်း အခုလို ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။
” ပြိုင်ပွဲတစ်ပွဲမှာ ကျနော်က အမြဲတမ်း တစိတ်တပိုင်း အဖြစ် အသင်းနဲ့ အတူ ပါဝင်ချင်တာပါ။ ကွင်းလယ်ကနေ ဂိုးတွေ သွင်းယူဖို့၊ ပြိုင်ဘက် ဧရိယာထဲ ပံ့ပိုးမှု ဖန်တီးမှုကောင်းတွေ လုပ်ပေးနိုင်ဖို့ ပိုပြီး ကျနော် ကြိုးစားနေပါတယ်။ ဒါက အဓိက ကျတဲ့ အရာတွေ မဟုတ်လား။
ကျနော်က တခြားသူတွေထက်လည်း ပို ကောင်းချင်တယ် ဒီတော့ သင်ယူစရာတွေ အများကြီး လိုနေသေးတယ် ကျနေ်ာ ထင်တယ်။ ဂိုးတွေ ပိုသွင်းနိုင်တဲ့သူက ပို လူသိများတာပေါ့။ ဒီနောက်ပိုင်း သီတင်းပတ်တွေ အတွင်း ဂိုးနည်းနည်း သွင်းပေးနိုင်ခဲ့တာ ကျနော့် အတွက်လည်း အရေးကြီးခဲ့တယ်။
ဒါတွေ အပြင် အသင်းမှာ ပုံမှန် ပွဲထွက် ကစားခွင့် ရနေဖို့လည်း လိုအပ်ပါတယ်။ ပေါ့ဘာ ပြန်လာရင်လည်း ကျနော် ပုံမှန် ကစားခွင့် ရနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ ” လို့ တော်မီနေးက သုံးသပ် ပြောဆိုခဲ့ပါတယ်။
အသက် ၂၃ နှစ် အရွယ် ကွင်းလယ်သမား တော်မီနေးဟာ ကွင်းလယ်မှာ ဖရက်ဒ်နဲ့ အတူ တွဲဖက် ခြေစွမ်းပြနေပါတယ်။ ဘရူနို ဖာနန်ဒက်စ် ရောက်လာပြီးနောက်လည်း တော်မီနေးက အတွဲအဖက် ညီညီ ဆက်လက် အစွမ်းပြနေခဲ့တာပါ။ ယူနိုက်တက် ပရိသတ်တွေကတော့ ဖာနန်ဒက်စ်၊ ပေါ့ဘာ၊ တော်မီနေး ကွင်းလယ်ကို မြင်ရဖို့ စိတ်အားထက်သန်နေကြပါတယ်။
Zawgyi – ဒီရာသီ ေပါ့ဘာ မပါ၀င္နုိင္တဲ့ ကြင္းလယ္မွာ ၀င္ျဖည့္ ကစားေျခစြမ္းျပခဲ့တဲ့ ယူနုိက္တက္ ကြင္းလယ္ကစားသမား ေတာ္မီေနးကေတာ့ လက္ရွိ အေနအထားနဲ႕ အားရ မေနဘဲ ဂိုးေတြ ပိုသြင္းနုိင္ဖို႔နဲ႕ ပို တိုးတက္ဖို႔ အမ်ားၾကီး လိုေသးေၾကာင္း ေျပာၾကားလိုက္ပါတယ္။
ေတာ္မီေနးဟာ ယူနိုက္တက္ အကယ္ဒမီထြက္ ကစားသမား တစ္ဦး ျဖစ္ျပီး စေကာ့တလန္ လက္ေရြးစင္ အသင္းမွာလည္း ၂၀၁၈ မွာ စတင္ ေရြးခ်ယ္ ခံထားရပါတယ္။
ေတာ္မီေနးကေတာ့ သူ႔မွာ လိုအပ္ခ်က္ေတြ ရွိေသးေၾကာင္းနဲ႕ တိုးတက္လာဖို႔ လိုေသးေၾကာင္း အခုလို ပြင့္ပြင့္လင္းလင္း ဖြင့္ဟ ေျပာဆိုလာခဲ့ပါတယ္။
” ျပိဳင္ပြဲတစ္ပြဲမွာ က်ေနာ္က အျမဲတမ္း တစိတ္တပိုင္း အျဖစ္ အသင္းနဲ႕ အတူ ပါ၀င္ခ်င္တာပါ။ ကြင္းလယ္ကေန ဂိုးေတြ သြင္းယူဖို႔၊ ျပိဳင္ဘက္ ဧရိယာထဲ ပံ့ပိုးမႈ ဖန္တီးမႈေကာင္းေတြ လုပ္ေပးနုိင္ဖို႔ ပိုျပီး က်ေနာ္ ၾကိဳးစားေနပါတယ္။ ဒါက အဓိက က်တဲ့ အရာေတြ မဟုတ္လား။
က်ေနာ္က တျခားသူေတြထက္လည္း ပို ေကာင္းခ်င္တယ္ ဒီေတာ့ သင္ယူစရာေတြ အမ်ားၾကီး လိုေနေသးတယ္ က်ေန္ာ ထင္တယ္။ ဂိုးေတြ ပိုသြင္းနုိင္တဲ့သူက ပို လူသိမ်ားတာေပါ့။ ဒီေနာက္ပိုင္း သီတင္းပတ္ေတြ အတြင္း ဂိုးနည္းနည္း သြင္းေပးနုိင္ခဲ့တာ က်ေနာ့္ အတြက္လည္း အေရးၾကီးခဲ့တယ္။
ဒါေတြ အျပင္ အသင္းမွာ ပံုမွန္ ပြဲထြက္ ကစားခြင့္ ရေနဖို႔လည္း လိုအပ္ပါတယ္။ ေပါ့ဘာ ျပန္လာရင္လည္း က်ေနာ္ ပံုမွန္ ကစားခြင့္ ရနိုင္ေအာင္ ၾကိဳးစားဖို႔ လိုပါတယ္။ ” လို႔ ေတာ္မီေနးက သံုးသပ္ ေျပာဆိုခဲ့ပါတယ္။
အသက္ ၂၃ နွစ္ အရြယ္ ကြင္းလယ္သမား ေတာ္မီေနးဟာ ကြင္းလယ္မွာ ဖရက္ဒ္နဲ႕ အတူ တြဲဖက္ ေျခစြမ္းျပေနပါတယ္။ ဘရူနို ဖာနန္ဒက္စ္ ေရာက္လာျပီးေနာက္လည္း ေတာ္မီေနးက အတြဲအဖက္ ညီညီ ဆက္လက္ အစြမ္းျပေနခဲ့တာပါ။ ယူနိုက္တက္ ပရိသတ္ေတြကေတာ့ ဖာနန္ဒက္စ္၊ ေပါ့ဘာ၊ ေတာ္မီေနး ကြင္းလယ္ကို ျမင္ရဖို႔ စိတ္အားထက္သန္ေနၾကပါတယ္။