ဥရောပလိဂ်ကြီး ၅ ခုမှာ အကောင်းဆုံး စံချိန်တစ်ခုအတွက် ဒုတိယလိုက်နေတဲ့ ယူနိုက်တက်
ဥရောပနဲ့ ပရီးမီးယားလိဂ်တို့ကို ရုတ်တရက် ရပ်တန့်လိုက်တာကြောင့် ပရိသတ်တွေက လက်ရှိ ယူနိုက်တက်က ဘယ်လောက်တောင် ကောင်းနေပါတယ်ဆိုတာကို သတိမထားမိတာတွေ ဖြစ်နေပါလိမ့်မယ်။
ဥရောပ ထိပ်ဆုံး လိဂ်ကြီး ၅ ခုအတွင်း ရံှူးပွဲမရှိစံချိန်ကို လက်ရှိ စိုက်ထားနေတဲ့ ကလပ်အသင်းတွေထဲမှာ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်ရဲ့ ပြိုင်ပွဲစုံ ၁၆ ပွဲဆက် စံချိန်ပြီးရင် အမြင့်ဆုံး စံချိန်ကို ပိုင်ဆိုင်နေတာက ယူနိုက်တက်ဖြစ်ပြီး နောက်ဆုံး ၁၁ ပွဲဆက်တိုက်ကို ရံှူးပွဲမရှိ စံချိန်ကို ပိုင်ဆိုင်နေတာဖြစ်တယ်။
ယူနိုက်တက်ဟာ ဇန်နဝါရီလတုန်းက လီဗာပူးကို ၂-ဝ၊ ဘန်လေကို ၂-၀ နဲ့ အရေးနိမ့်ပြီးနောက်ပိုင်းမှာ ပွဲပေါင်း ၈ ပွဲကို အနိုင်ရပြီး ၃ ပွဲကို သရေရလဒ် ထွက်ပေါ်ထားတာဖြစ်တယ်။ အဆိုပါ ၁၁ ပွဲအတွင်း သွင်းဂိုး ၂၉ ဂိုးထိ သွင်းယူထားကာ ပေးဂိုး ၂ ဂိုးပဲ ရှိထားတာဖြစ်ပါတယ်။
ယခု ရာသီ အစောပိုင်းမှာ ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာကာ နဲ့ ဟယ်ရီမက်ဂွိုင်းယား တို့ကို ပေါင်သန်း ၁၃၀ လောက်ပေးကာ ခေါ်ယူ ထားခဲ့ ပေမယ့်လည်း ပေးဂိုး မရှိဖို့ အတွက် ရုန်းကန် ခဲ့ရပါတယ်။ ဆိုးရှားရဲ့ အသင်းဟာ နောက်တန်းမှာ ပေးဂိုးတွေ များနေခဲ့ပြီး ခရစ်စမတ် မတိုင်မီ အထိ ပြိုင်ပွဲစုံမှာ clean sheet ၉ ကြိမ်သာ ရထားခဲ့ပါတယ်။
ဒါပေမယ့်လို့ နောက်ပိုင်းမှာ ယူနိုက်တက် ခံစစ်က အတော်လေးကို တည်ငြိမ်လာခဲ့ပြီး မက်ဂွဲရား၊ ဘစ်ဆာကာတို့ ခြေစွမ်းပြနေမှုနဲ့အတူ ပေးဂိုးတွေ နည်းပါလာတာလည်း ဖြစ်ပါတယ်။
ZAWGYI

ဥေရာပနဲ႔ ပရီးမီးယားလိဂ္တို႔ကို ရုတ္တရက္ ရပ္တန္႔လိုက္တာေၾကာင့္ ပရိသတ္ေတြက လက္ရွိ ယူႏုိက္တက္က ဘယ္ေလာက္ေတာင္ ေကာင္းေနပါတယ္ဆိုတာကို သတိမထားမိတာေတြ ျဖစ္ေနပါလိမ့္မယ္။
ဥေရာပ ထိပ္ဆံုး လိဂ္ၾကီး ၅ ခုအတြင္း ရံွဴးပြဲမရွိစံခ်ိန္ကို လက္ရွိ စိုက္ထားေနတဲ့ ကလပ္အသင္းေတြထဲမွာ ဘြန္ဒက္လီဂါကလပ္ ဘိုင္ယန္ျမဴးနစ္ရဲ႕ ျပိဳင္ပြဲစံု ၁၆ ပြဲဆက္ စံခ်ိန္ျပီးရင္ အျမင့္ဆံုး စံခ်ိန္ကို ပိုင္ဆုိင္ေနတာက ယူႏုိက္တက္ျဖစ္ျပီး ေနာက္ဆံုး ၁၁ ပြဲဆက္တုိက္ကို ရံွဴးပြဲမရွိ စံခ်ိန္ကို ပိုင္ဆုိင္ေနတာျဖစ္တယ္။
ယူႏုိက္တက္ဟာ ဇန္နဝါရီလတုန္းက လီဗာပူးကို ၂-၀၊ ဘန္ေလကို ၂-၀ န႔ဲ အေရးနိမ့္ျပီးေနာက္ပိုင္းမွာ ပြဲေပါင္း ၈ ပြဲကို အႏုိင္ရျပီး ၃ ပြဲကို သေရရလဒ္ ထြက္ေပၚထားတာျဖစ္တယ္။ အဆိုပါ ၁၁ ပြဲအတြင္း သြင္းဂိုး ၂၉ ဂိုးထိ သြင္းယူထားကာ ေပးဂိုး ၂ ဂိုးပဲ ရွိထားတာျဖစ္ပါတယ္။
ယခု ရာသီ အေစာပိုင္းမွာ ယူႏိုက္တက္ဟာ ဝမ္ဘစ္ဆာကာ နဲ႔ ဟယ္ရီမက္ဂြိဳင္းယား တို႔ကို ေပါင္သန္း ၁၃၀ ေလာက္ေပးကာ ေခၚယူ ထားခဲ့ ေပမယ့္လည္း ေပးဂိုး မရွိဖို႔ အတြက္ ႐ုန္းကန္ ခဲ့ရပါတယ္။ ဆိုးရွားရဲ႕ အသင္းဟာ ေနာက္တန္းမွာ ေပးဂိုးေတြ မ်ားေနခဲ့ၿပီး ခရစ္စမတ္ မတိုင္မီ အထိ ၿပိဳင္ပြဲစုံမွာ clean sheet ၉ ႀကိမ္သာ ရထားခဲ့ပါတယ္။
ဒါေပမယ့္လို႔ ေနာက္ပိုင္းမွာ ယူႏုိက္တက္ ခံစစ္က အေတာ္ေလးကို တည္ျငိမ္လာခဲ့ျပီး မက္ဂြဲရား၊ ဘစ္ဆာကာတို႔ ေျခစြမ္းျပေနမႈနဲ႔အတူ ေပးဂိုးေတြ နည္းပါလာတာလည္း ျဖစ္ပါတယ္။
