သင့်ဘဝကို နေ့ချင်း၊ ညချင်း ကြီးပွားသွားစေနိုင်တဲ့ တန်ဖိုးကြီးပြီး ရှားပါးသည့် ငါးကြီး အန်ဖတ်

ငါးကြီးအန်ဖတ်ဆိုသည်မှာ အမည်နှင့်လိုက်အောင်ပင် ငါးမန်း၊ ဝေလငါးနှင့် လင်းပိုင်ကဲ့သို့ ကြီးမားသောငါးကြီးများမှ အန်ထုတ်လိုက်သည့် ရှားပါးသဘာဝပစ္စည်းအမည်တစ်မျိုး ဖြစ်ပါသည်။

စပန်း ဝေလငါးသည် နို့တိုက်သတ္တဝါအမျိုးအစားဖြစ်ကာ အစာကို လွန်ကဲစွာ သုံးတတ်သည်။ ထို့ကြောင့် ကိုယ်လက်မအီမသာဖြစ် လာသည့်အခါ အစာအိမ်အခန်းများမှ စားသုံးခြေဖျက်ဆဲ ဖြစ်သည့်အစာကို အစာခြေလမ်းကြောင်းကနေ ထုတ်လွှတ်သည့် အညိုပုပ်ပုပ်အရောင်ရှိသည့် ကျိချွဲချွဲအရာတစ်မျိုးကို ငါးကြီးအန်ဖတ်ဟု ခေါ်ခြင်း ဖြစ်သည်။

ငါးကြီးအန်ဖတ်ကို ပင်လယ်သမုဒ္ဒရာများ အတွင်း ပေါလောမျောလျက်နေခြင်းဖြင့်လည်းကောင်း၊ ပင်လယ် ကမ်းခြေ ကမ်းစပ်များတွင် သောင်တင်လျက် ရှိသော အနေ အထားမျိုးဖြင့်လည်းကောင်း တွေ့ရှိရတတ်ပါသည်။

လတ်ဆတ်သည့် ငါးကြီးအန်ဖတ်တွင် ရေညှိနံ့ လိုလို၊ မစင်နံ့လိုလို အနံ့တစ်မျိုးရှိပါသည်။ ငါးကြီးအန်ဖတ်အစစ်မှာ ဖယောင်းသားကဲ့သို့ ချောပြောင်နေပြီး အလင်း ပေါက်ကာ မီးစွဲလွယ်သည်ဟု ဆိုပါသည်။ အရောင်မှာ အဖြူနှင့် အမည်းရောင်ရှိပြီး အမည်းရောင်အမျိုးအစားက ဈေးနှုန်းပိုရကြောင်း သိရှိရသည်။

ငါးကြီးအန်ဖတ်ကို အဓိကအားဖြင့် ရေမွှေး နံ့သာများထုတ်သည့်နေရာတွင် Fixator (အနံ့ပေါင်း ဆေး) အနေနှင့် အသုံးပြုပါသည်။ အဖိုးကြီးမားသော ယမကာများတွင် ထည့်တွင်း အသုံးပြုခြင်းနှင့် ကာမအားတိုးဆေးအဖြစ် အသုံးချမှုလည်း များပြားသည်။

သို့သော်လည်း ယခုအခါ ဝေလငါးများရှားပါးလာမှုနှင့်အတူ ငါးကြီး အန်ဖတ်၏ ဈေးကလည်း အဆမတန်ကြီးမြင့်လာသောကြောင့် ရေမွှေးထုတ်လုပ်သူများနှင့် အခြားသော ထုတ်ကုန်များသည် အစားထိုးဒြပ်ပေါင်းများကို အသုံးပြုလာနေကြပြီဖြစ်သည်။

၁ ပေါင်စာအတွက်ကို ဒေါ်လာ ၁၀၀၀၀ ဝန်းကျင် တန်ကြေးရှိသည့် ငါးကြီးအန်ဖတ်သည် ကျောက်သွေး၊ ငှက်သိုက်၊ကြံ့ချို၊ ကတိုးကောင်တို့ကဲ့သို့ ရှားပါးဈေးကြီးတန်ဖိုးမြင့်မားလှသည့် သဘာဝပစ္စည်းတစ်မျိုးဖြစ်လေရာ မိမိတို့၏ ကံဇာတာအလျောက် ကြုံကြိုက်တွေ့ရှိပါက တစ်မုဟုတ်ချင်းကြီးပွားချမ်းသာမည့် အခွင့်အရေးမျိုး ရရှိနိုင်ပါသည်။