ရန်ကုန်လေဆိပ်မှာ ထူးဆန်းစွာ ပျောက်ဆုံးသွားကြတဲ့ သင်္ဘောသားများ

ပြီးခဲ့တဲ့ အပတ်တုန်းက သတင်းဖုံးကွယ်ခံထားရတဲ့ ဖြစ်ရပ်တခု ရှိခဲ့ပါတယ်။

ရန်ကုန်ကို ပြန်လာတဲ့ သင်္ဘောသား နှစ်ယောက်ဟာ ရန်ကုန်လေဆိပ်မှာ လေယာဉ်ဆိုက်ပြီး နောက်ပိုင်း မိသားစုနဲ့ လုံးဝအဆက်အသွယ် ပြတ်တောက်သွားတဲ့ အခြေအနေတခု ရှိခဲ့ပါတယ်။

နှစ်ယောက်စလုံး ဘယ်လိုအခြေအနေတွေ ကြုံခဲ့ရတယ်ဆိုတာ သေချာ မသိပေမယ့် ပထမတစ်ယောက်နဲ့ ပတ်သက်လို့ ခလရ ဘယ်လောက်ကနေ ဆက်တာပါ ဆိုပြီး ဗိုလ်မှူးတစ်ဦးရဲ့ ဖုန်းတစ်ကော ရောက်ပြီးနောက်တရက် မိသားစုဆီ ဝင်လာခဲ့ပြီး ပြန်မေးတဲ့အခါ တိတိကျကျ မပြောတဲ့အတွက် မိသားစုကလည်း တော်တော်စိုးရိမ်နေကြရပါတယ်။

နောက်တစ်ယောက်ကလဲ ဘယ်လိုကြုံခဲ့ရတယ် မသိပါ။ ရန်ကုန်ရောက်ပြီး နောက်တရက်ကျတော့ သူ့ဖုန်းက ဖုန်းပြန်ပွင့်လာလို့ မိသားစုက ဆက်ကြည့်တဲ့အခါ ဒီဖုန်းကတော့ လှိုင်သာယာကို ရောက်နေပါတယ် လူတစ်ယောက် လာရောင်းသွားတယ်ဆိုတာလောက်ပဲ သိလိုက်ရတဲ့ အခြေအနေပါ။

အလားတူအဖြစ်မျိုး ကြုံခဲ့ရတဲ့ သင်္ဘောသား ၅ ဦးတိတိ ရှိပါတယ်။ တချို့ဆိုရင် ဘာဖြစ်သွားတယ်မသိပဲ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတာ ၄ လကျော်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအခြေအနေတွေဟာ စိုးရိမ်စရာ အခြေအနေတွေပါပဲ။ အားလုံး သတိပြုနိုင်မိစေရန် အသိပေးခြင်း ဖြစ်ပါတယ်။