ရန်ကုန်အိမ်ခြံမြေ အသိုင်းအဝိုင်းက ပြောပြတဲ့ ဦးတေဇခြံ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ စျေးနှုန်း

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့ နယ်၊ ပြည်လမ်း အင်းလျားကန် မျက်နှာချင်းဆိုင်ရှိ တစ်ဧကခွဲကျယ်ဝန်းသော ဦးတေဇ၏ သားသမီးအမည်ပေါက် ပြည်လမ်းခြံကြီးအရောင်းအဝယ်အတွက် အနီးစပ်ဆုံး စျေးနှုန်းကို အိမ်ခြံမြေအသိုင်းအဝိုင်းမှ ခန့်မှန်းပေးလာပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ(၅)ရက်က နိုင်ငံပိုင်သတင်းစာတွင် ထူးလုပ်ငန်းစုပိုင် အဆိုပါ ခြံကြီး၏ အရောင်းအဝယ်အတွက် ကန့်ကွက် လိုသူရှိပါက (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းလည်းဖော်ပြပါရှိလာပါတယ်။
ဖော်ပြချက်ထဲတွင် အမှတ်(၅) တည်ရှိရာ မြေတိုင်းရပ် ကွက်အမှတ် (၃၂)၊ မြေကွက်အမှတ် (၄/က-၁) ဧရိယာ (၁ ဒသမ ၅ ဧက)ရှိ မြေပိုင်မြေကွက်နှင့် မြေ ပေါ်ရှိ အဆောက်အအုံအပါအဝင် အကျိုးခံစားခွင့်ကို ဦးပြည့်ဖြိုးတေဇ၊ ဦးထူးထက်တေဇ၊ ဒေါ်ထူး ထွေးတေဇ တို့ထံမှ အမည်မဖော်ပြထားသူတစ်ဦးက ဝယ်ယူခဲ့ပြီးနောက် စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေထားကြောင်း ဖော်ပြထားရှိပါတယ်။
လက်ရှိတွင် အဆိုပါ ခြံကြီးကိုဝယ်ယူသွားသူမှာ ကျောက်မျက်လုပ်ငန်းရှင် ကိုးကန့်-တရုတ် ဟုသတင်းများထွက်ပေါ်နေပြီး အရောင်းအဝယ်ဖြစ်သွားတဲ့ဈေးနှုန်းကို အတိအကျ ဖော်ပြထား ခြင်းမရှိပါဘူး။
လက်တလော ပြည်လမ်းပေါ်တွင်ပေါက်နေတဲ့ ဈေးနှုန်းများမှာ တစ်ပေပတ်လည် ကျပ်သိန်း ၃၀ နီးပါးပေါက်ဈေးရှိနေတယ် လို့လည်း အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ သိရပါတယ်။
‘’လက်တလောအိမ်ခြံမြေဈေးကွက်မှာ ဟစ်ဖြစ်နေတာကတော့ ဦးတေဇခြံကြီးပေါ့။ ဘယ်လောက်နဲ့ဈေးတည့်သွားလဲဆိုတာ ဘယ်သူမှမသိပေမယ့်။ အဲဒီခြံကြီးရဲ့အကျယ်အဝန်းက စတုရန်းပေ (၆၅၃၄၀) ကျယ်ဝန်းတယ်ဆိုတော့ ပေါက်ဈေးတစ်ပေပတ်လည် သိန်း၃၀နဲ့ မြှောက်လိုက်ရင် ခန့်မှန်းခြေ ကျပ်ဘီလျံ (၂၀ဝ) ထက်မနည်း ရနိုင်ခြေရှိ တယ်’’ဟုလည်း အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ သိရပါတယ်။