BREAKING: ဖေဖော်ဝါရီလရဲ့ ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဆုကို ဘရူနိုဖာနန်ဒက်စ်ရရှိ
ယူနိုက်တက်ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
ယူနိုက်တက်က ပြောင်းရွှေ့ကြေး ပေါင် ၄၆.၆ သန်း ပေးချေပြီး ခေါ်ယူထားရတဲ့ ဘရူနိုဟာ သူ့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ကို အပြည့်အဝ ကစားခွင့်ရတဲ့ ဖေဖော်ဝါရီလအတွင်းမှာ ကိုယ်တိုင် ၁ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
သူအသင်းကို ရောက်လာပြီးတည်းက ယူနိုက်တက်ဟာ ပြိုင်ပွဲစုံမှာ အရေးနိမ့်ထားခြင်း မရှိတဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သူဟာ အသင်းကို ရောက်လာတာ မကြာသေးပေမယ့်လည်း ပရိသတ် အချစ်တော် ကစားသမားဖြစ်လာခဲ့ပြီး အနာဂတ် အသင်းခေါင်းဆောင်အဖြစ်ပါ မှတ်ချက်ကောင်းတွေ ရနေတာဖြစ်ပါတယ်။
” ကျနော် ကလေးဘဝတည်းက ယူနိုက်တက်မှာ ကစားခွင့်ရဖို့ အိပ်မက်ရှိခဲ့တာ။ အိုးထရက်ဖို့ဒ်မှာ ရှိဖို့ဆိုတာ ကစားသမားဘဝရဲ့ အကြီးမားဆုံး အိပ်မက်လည်း ဖြစ်ပါတယ်။ ကလပ်အသင်းသစ် တစ်သင်းကို ရောက်လာရင် အမြဲတမ်း ဂိုးသွင်းချင်ကြတာချည်းပါ ပထမဆုံး ဂိုးက အမြဲ ထူးခြားပါတယ်။ ဂိုး ဘယ်လို သွင်းသည် ဖြစ်ဖြစ် အရေးပါမှုက ဘယ်လို ဖြစ်ဖြစ်ပါ။
ကျနော်ကတော့ ယူနိုက်တက် ကစားသမား ဘ၀ အစကို ကျေနပ် ပျော်ရွှင်တယ်။ အခုကနေ ကျနော် ပိုပြီး ပေးဆပ်ဖို့ ပိုကောင်းဖို့ လိုပါသေးတယ်။ ” လို့ ဖာနန်ဒက်စ် က ပြီးခဲ့တဲ့ အပတ်က အင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့ပါတယ်။
ZAWGYI
ယူႏုိက္တက္ကြင္းလယ္ကစားသမား ဘရူႏို ဖာနန္ဒက္စ္ဟာ ေဖေဖာ္ဝါရီလအတြက္ ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆံုး ကစားသမားကို ရရွိသြားခဲ့ျပီျဖစ္ပါတယ္။
ယူႏုိက္တက္က ေျပာင္းေရႊ႔ေၾကး ေပါင္ ၄၆.၆ သန္း ေပးေခ်ျပီး ေခၚယူထားရတဲ့ ဘရူႏိုဟာ သူ႔ရဲ႕ ပထမဆံုးေသာ ပရီးမီးယားလိဂ္ကို အျပည့္အဝ ကစားခြင့္ရတဲ့ ေဖေဖာ္ဝါရီလအတြင္းမွာ ကိုယ္တိုင္ ၁ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၂ ၾကိမ္ ျပဳလုပ္ႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။
သူအသင္းကို ေရာက္လာျပီးတည္းက ယူႏုိက္တက္ဟာ ျပိဳင္ပြဲစံုမွာ အေရးနိမ့္ထားျခင္း မရွိတဲ့ စံခ်ိန္ကိုလည္း ပိုင္ဆုိင္ထားပါတယ္။ သူဟာ အသင္းကို ေရာက္လာတာ မၾကာေသးေပမယ့္လည္း ပရိသတ္ အခ်စ္ေတာ္ ကစားသမားျဖစ္လာခဲ့ျပီး အနာဂတ္ အသင္းေခါင္းေဆာင္အျဖစ္ပါ မွတ္ခ်က္ေကာင္းေတြ ရေနတာျဖစ္ပါတယ္။
” က်ေနာ္ ကေလးဘ၀တည္းက ယူနိုက္တက္မွာ ကစားခြင့္ရဖို႔ အိပ္မက္ရွိခဲ့တာ။ အိုးထရက္ဖို႔ဒ္မွာ ရွိဖို႔ဆိုတာ ကစားသမားဘ၀ရဲ႕ အၾကီးမားဆံုး အိပ္မက္လည္း ျဖစ္ပါတယ္။ ကလပ္အသင္းသစ္ တစ္သင္းကို ေရာက္လာရင္ အျမဲတမ္း ဂိုးသြင္းခ်င္ၾကတာခ်ည္းပါ ပထမဆံုး ဂိုးက အျမဲ ထူးျခားပါတယ္။ ဂိုး ဘယ္လို သြင္းသည္ ျဖစ္ျဖစ္ အေရးပါမႈက ဘယ္လို ျဖစ္ျဖစ္ပါ။
က်ေနာ္ကေတာ့ ယူနိုက္တက္ ကစားသမား ဘ၀ အစကို ေက်နပ္ ေပ်ာ္ရႊင္တယ္။ အခုကေန က်ေနာ္ ပိုျပီး ေပးဆပ္ဖို႔ ပိုေကာင္းဖို႔ လိုပါေသးတယ္။ ” လို႔ ဖာနန္ဒက္စ္ က ျပီးခဲ့တဲ့ အပတ္က အင္တာဗ်ဴးတစ္ခုမွာ ဖြင့္ဟခဲ့ပါတယ္။