ရော်နယ်ဒိုပိုင် ဟိုတယ်ကို ဗိုင်းရပ်ဆိုင်ရာကိစ္စအတွက် လှူဒါန်းမယ်ဆိုတဲ့သတင်း မဟုတ်မှန်
ကမ္ဘာကျော် ဘောလုံးသမားကြီး ရော်နယ်ဒိုက ပေါ်တူဂီက သူပိုင် ဟိုတယ်ကို ဆေးရုံတွေအဖြစ် ပြောင်းလဲပြီး Covid-19 လူနာတွေကို အခမဲ့ကုသပေးမယ့် ဆိုတဲ့သတင်းက မမှန်ကန်ပါဘူးလို့ အဆိုပါဟိုတယ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြောလာပါတယ်။
လာမယ့် တစ်ပတ်က စပြီး ပေါ်တူဂီနိုင်ငံမှာရှိတဲ့ Covid-19 ကူးစက်ခံရသူတွေ အခမဲ့ ဆေးကုသနိုင်ဖို့အတွက် ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုက သူ့ရဲ့ Pestana CR7 ဟိုတယ်ကို ဆေးရုံအဖြစ် ပြောင်းလဲအသုံးပြုစေမယ် နောက်ပြီး သူက ဆေးဖိုးဝါးခအားလုံး အကုန်အကျခံပေးမှာဖြစ်သလို ဆရာဝန်၊ သူနာပြုတွေနဲ့ တခြားကျန်းမာရေးဝန်ထမ်းအားလုံးကို လုပ်ခလစာပေးပြီး Covid-19 ကူးစက်ခံရသူတွေကို ကုသပေးမယ်လို့ သတင်း ထွက်ပေါ်ထားတာပါ။
ဒါပေမယ့်လို့ ရော်နယ်ဒိုဟာ ပေါ်တူဂီမြေမှာရှိတဲ့ သူပိုင်ဆိုင်ရာ ဟိုတယ်နှစ်ခုထဲက တခုဖြစ်တဲ့ လစ္စဘွန်းမြို့က ဟိုတယ်ကို ပေးသုံးမယ်ဆိုတဲ့ သတင်းက မမှန်သလို အဆိုပါ အစီအစဉ်လည်း မရှိကြောင်းကို ဟိုတယ်တာဝန်ရှိ ပုဂ္ဂိုလ်က ထုတ်ဖော်လာတာဖြစ်တယ်။
ဟိုတယ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးက “ ဆေးရုံအဖြစ် ပြောင်းလဲသွားဖို့ မရှိပါဘူး။ ကျနော်တို့ဟာ ဟိုတယ်အမှုထမ်းတွေ ဖြစ်ပြီးတာ့ ဟိုတယ်ဟာလည်း ဟိုတယ်အဖြစ်ပဲ ဆက်ရှိနေပါမယ်” လို့ ပြောပါတယ်။
ဂျူဗင်တပ်စ်တိုက်စစ်မှူးဟာ အီတလီမြောက်ပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်မှု ဆိုးရွားနေတာကြောင့် ပေါ်တူဂီကို ပြန်လည်ရောက်ရှိနေပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအပေါ် တစုံတရာ မှတ်ချက်ပေး ပြောဆိုခြင်းတော့ မရှိသေးပါဘူး။
ZAWGYI
ကမၻာေက်ာ္ ေဘာလံုးသမားၾကီး ေရာ္နယ္ဒိုက ေပၚတူဂီက သူပိုင္ ဟိုတယ္ကို ေဆး႐ုံေတြအျဖစ္ ေျပာင္းလဲၿပီး Covid-19 လူနာေတြကို အခမဲ့ကုသေပးမယ့္ ဆိုတဲ့သတင္းက မမွန္ကန္ပါဘူးလို႔ အဆုိပါဟိုတယ္ရဲ႕ ေျပာခြင့္ရပုဂၢိဳလ္က ထုတ္ေျပာလာပါတယ္။
လာမယ့္ တစ္ပတ္က စၿပီး ေပၚတူဂီႏိုင္ငံမွာရွိတဲ့ Covid-19 ကူးစက္ခံရသူေတြ အခမဲ့ ေဆးကုသႏိုင္ဖို႔အတြက္ ဂ်ဴဗင္တပ္တိုက္စစ္မႉး ေရာ္နယ္ဒိုက သူ႔ရဲ႕ Pestana CR7 ဟိုတယ္ကို ေဆး႐ုံအျဖစ္ ေျပာင္းလဲအသုံးျပဳေစမယ္ ေနာက္ျပီး သူက ေဆးဖိုးဝါးခအားလုံး အကုန္အက်ခံေပးမွာျဖစ္သလို ဆရာဝန္၊ သူနာျပဳေတြနဲ႔ တျခားက်န္းမာေရးဝန္ထမ္းအားလုံးကို လုပ္ခလစာေပးၿပီး Covid-19 ကူးစက္ခံရသူေတြကို ကုသေပးမယ္လို႔ သတင္း ထြက္ေပၚထားတာပါ။
ဒါေပမယ့္လို႔ ေရာ္နယ္ဒိုဟာ ေပၚတူဂီေျမမွာရွိတဲ့ သူပိုင္ဆိုင္ရာ ဟိုတယ္ႏွစ္ခုထဲက တခုျဖစ္တဲ့ လစၥဘြန္းျမိဳ႕က ဟိုတယ္ကို ေပးသံုးမယ္ဆိုတဲ့ သတင္းက မမွန္သလို အဆိုပါ အစီအစဥ္လည္း မရွိေၾကာင္းကို ဟိုတယ္တာဝန္ရွိ ပုဂၢိဳလ္က ထုတ္ေဖာ္လာတာျဖစ္တယ္။
ဟိုတယ္ရဲ႕ ေျပာခြင့္ရပုဂၢိဳလ္တဦးက “ ေဆး႐ုံအျဖစ္ ေျပာင္းလဲသြားဖို႔ မရွိပါဘူး။ က်ေနာ္တို႔ဟာ ဟိုတယ္အမႈထမ္းေတြ ျဖစ္ၿပီးတာ့ ဟိုတယ္ဟာလည္း ဟိုတယ္အျဖစ္ပဲ ဆက္ရွိေနပါမယ္” လို႔ ေျပာပါတယ္။
ဂ်ဴဗင္တပ္စ္တိုက္စစ္မႉးဟာ အီတလီေျမာက္ပိုင္းမွာ ဗိုင္းရပ္စ္ကူးစက္မႈ ဆိုး႐ြားေနတာေၾကာင့္ ေပၚတူဂီကို ျပန္လည္ေရာက္ရွိေနၿပီး ထြက္ေပၚေနတဲ့ သတင္းေတြအေပၚ တစုံတရာ မွတ္ခ်က္ေပး ေျပာဆိုျခင္းေတာ့ မရွိေသးပါဘူး။