အလုပ်မဖြစ်တဲ့ ကားလောကကို စွန့်ပြီး အိမ်ခြံမြေဘက် ခုန်ကူးချင်နေသူ တစ်ဦးရဲ့ ရင်ဖွင့်မှု
 
						
						အိမ်ခြံမြေလောကမှာ အိမ်ပွဲစားလို့ အသုံးအနှုန်းနည်းလာပြီး အကျိုးဆောင်ဆိုတဲ့ ဝေါဟာရ ပြောင်းလဲအသုံးများလာတယ်။ ကားလောကမှာတော့ ပွဲစားတောင် မဟုတ်ဘူး ပွဲဇိုးလေးတွေတဲ့။
ကိုယ့်အိမ် ၂ လုံး ရောင်းဖူးတယ်။ နှစ်ခါလုံး ကိုယ်တိုင် အရောင်း ပို့စ် တင်ပေမယ့် အဝယ်အကျိုးဆောင်ကနေ တဆင့်ရောင်းခဲ့ရလို့ အကျိုးဆောင်ခ ထုတ်ပေးခဲ့ရတယ်။ ပြန်ဝယ်ရင်သာ ပိုင်ရှင်တိုက်ရိုက်တွေဆီက ဝယ်ခဲ့တာ။
အိမ်ငှားတော့လဲ အကျိုးဆောင်ကတဆင့်ပဲ ငှားကြတယ်။ အခန်းရောင်းတော့လည်း ထူးဆန်းတာက အကျိုးဆောင်တွေပဲ အယောက် ၁၀၀ ကျော် ဖုန်းဆက်ကြတာ။ တိုက်ရိုက် ဝယ်ချင်တဲ့သူ တယောက်မှ မဆက်ကြဘူး။
အိမ်ခြံမြေစျေး တိုက်ခန်းစျေးတွေကလဲ သိန်း ၁၀၀၀ ပတ်လည်တွေ များလာတော့ ပွဲခ ၂ ရာခိုင်နှုန်းနဲ့ဆို အလုပ်တခုဖြစ်ရင် သိန်း ၂၀ က အသာလေးပဲ။ အရင်းမလိုဘူးနော်။ ကားက သိန်း ၁၀၀၀ ရင်းရင် ၂၀ ရဖို့ မလွယ်ဘူး။
နောက် ကားလောကကို အပြင်လူတွေ ပြောဆိုနေကြပေမယ့် အိမ်ခြံမြေမှာတော့ အဲ့လို အရေးအသား သိပ်မတွေ့ရဘူး။ သူတို့အချင်းချင်းသာ ကွက်ကျော်ကြလို့ ရေးကြတာများတယ်။ အကျိုးဆောင် ဒီဘက်ဟိုဘက် လှည့်ဝယ်တာမျိုး ကျော်ပြီး အိမ်ရှင်တိုက်ရိုက် ဝယ်တာမျိုးသာ တွေ့ရတယ်။
ဘာပဲပြောပြော အပြောအဆိုခံရတဲ့ ကားလောကမှာ ပျော်နေပြီး အိမ်ခြံမြေဘက်ကိုတော့ စိတ်ကူးတုန်းပါပဲ။ (ကားပွဲစားတစ်ဦး)
