ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမား ဖြစ်လာမယ်လို့ ဒါလော့ ထောက်ခံလိုက်သူ

ယူနိုက်တက် တောင်ပံကစားသမား ဒါလော့က ၎င်းရဲ့ ပေါ်တူဂီသားချင်း ဖြစ်တဲ့ အသင်းဖော် ဘရူနို ဖာနန်ဒက်စ်က မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကစားသမား ဖြစ်လာမယ်လို့ ဟောကိန်းထုတ် ထောက်ခံလိုက်ပါတယ်။

ဖာနန်ဒက်စ်ဟာ အသင်းထံ ရောက်လာတာနဲ့ ဆိုးရှားရဲ့ ယူနိုက်တက်ကို သိသိသာသာ အရှိန်မြင့် တိုးတက်လာစေခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်မှာ ပေါ်တူဂီအသင်းဖော် ဒါလော့နဲ့ ရင်းနှီးခင်မင်နေပြီး ဒါလော့ကလည်း ဖာနန်ဒက်စ် အရည်အချင်းကို ချီးကျူးမှုတွေ ပြုလုပ်လာပါတယ်။

” သူ (ဖာနန်ဒက်စ်)ကတော့ တကယ့် ထိပ်တန်း တစ်ယောက်၊ ထိပ်တန်း ကစားသမားပါ။ တချိန်မှာ အသင်း ဂန္တဝင်လည်း ဖြစ်လာမှာ ဒါကို သံသယ မရှိပါဘူး။ သူက မယုံနိုင် လောက်အောင်လည်း လုပ်ပြနိုင်တဲ့သူပါ ဒါတောင် ဒိထက် ပိုကောင်းလာနိုင်သေးတယ်။ ဒီကလပ်အသင်းကနေ သူလည်း အများကြီး သင်ယူ ရဦးမှာပါ။ ဒီအသင်းအတွက် သူက အရေးပါတဲ့ ကစားသမားကောင်းပါ။

သူက စပို့တင်းမှာ အသင်းခေါင်းဆောင် ဖြစ်ခဲ့တဲ့သူ ဖြစ်တယ်။ အသက် ၂၅ နှစ်မှာ အတွေ့အကြုံကောင်းတွေ ရှိနေပြီးသား။ အီတလီမှာ ကစားဖူးသလို ပေါ်တူဂီမှာလည်း ကစားဖူးတယ်။ သူဘာလုပ်နေလဲဆိုတာ သူ ကောင်းကောင်း သိသူပါ။ ဒါက သူ့အတွက် အရမ်းကောင်းပါတယ်။ ” လို့ ဒါလော့က ချီးကျူးစကား ဆိုခဲ့ပါတယ်။

ဒါလော့ဟာ ယူနိုက်တက်က ပေါ်တိုအသင်းထံကနေ ၂၀၁၈ မှာ ခေါ်ယူခဲ့သူ ဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ အစွမ်းပြဖို့တော့ အချိန်ယူနေရဆဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကတော့ ၁၃ပွဲထိ ကစားပြီးပြီ ဖြစ်ပါတယ်။ ဒါလော့ကတော့ ဘောလုံးပွဲတွေ ပြန်စတာနဲ့ ဖာနန်ဒက်စ် အစွမ်းပြမှုတွေ ပြန်မြင်ရဖို့ စိတ်လှုပ်ရှား ရင်ခုန်နေပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်သို့ ဇန်နဝါရီ လကုန်မှာ ရောက်ရှိခဲ့သူ ဖြစ်ပေမယ့် ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု၊ ပီအက်ဖ်အေနဲ့ ယူနိုက်တက် အကောင်းဆုံး ကစားသမားဆုများ သိမ်းကျုံး ရယူထားပြီး ဖြစ်ပါတယ်။

Zawgyi – ယူနိုက္တက္ ေတာင္ပံကစားသမား ဒါေလာ့က ၄င္းရဲ႕ ေပၚတူဂီသားခ်င္း ျဖစ္တဲ့ အသင္းေဖာ္ ဘရူနို ဖာနန္ဒက္စ္က မန္ခ်က္စတာ ယူနုိက္တက္ ဂႏၱ၀င္ကစားသမား ျဖစ္လာမယ္လို႔ ေဟာကိန္းထုတ္ ေထာက္ခံလိုက္ပါတယ္။

ဖာနန္ဒက္စ္ဟာ အသင္းထံ ေရာက္လာတာနဲ႕ ဆိုးရွားရဲ႕ ယူနိုက္တက္ကို သိသိသာသာ အရွိန္ျမင့္ တိုးတက္လာေစခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ ယူနိုက္တက္မွာ ေပၚတူဂီအသင္းေဖာ္ ဒါေလာ့နဲ႕ ရင္းနွီးခင္မင္ေနျပီး ဒါေလာ့ကလည္း ဖာနန္ဒက္စ္ အရည္အခ်င္းကို ခ်ီးက်ဴးမႈေတြ ျပဳလုပ္လာပါတယ္။

” သူ (ဖာနန္ဒက္စ္)ကေတာ့ တကယ့္ ထိပ္တန္း တစ္ေယာက္၊ ထိပ္တန္း ကစားသမားပါ။ တခ်ိန္မွာ အသင္း ဂႏၱ၀င္လည္း ျဖစ္လာမွာ ဒါကို သံသယ မရွိပါဘူး။ သူက မယံုနုိင္ ေလာက္ေအာင္လည္း လုပ္ျပနိုင္တဲ့သူပါ ဒါေတာင္ ဒိထက္ ပုိေကာင္းလာနုိင္ေသးတယ္။ ဒီကလပ္အသင္းကေန သူလည္း အမ်ားၾကီး သင္ယူ ရဦးမွာပါ။ ဒီအသင္းအတြက္ သူက အေရးပါတဲ့ ကစားသမားေကာင္းပါ။

သူက စပို႔တင္းမွာ အသင္းေခါင္းေဆာင္ ျဖစ္ခဲ့တဲ့သူ ျဖစ္တယ္။ အသက္ ၂၅ နွစ္မွာ အေတြ႔အၾကံဳေကာင္းေတြ ရွိေနျပီးသား။ အီတလီမွာ ကစားဖူးသလို ေပၚတူဂီမွာလည္း ကစားဖူးတယ္။ သူဘာလုပ္ေနလဲဆိုတာ သူ ေကာင္းေကာင္း သိသူပါ။ ဒါက သူ႔အတြက္ အရမ္းေကာင္းပါတယ္။ ” လို႔ ဒါေလာ့က ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။

ဒါေလာ့ဟာ ယူနုိက္တက္က ေပၚတိုအသင္းထံကေန ၂၀၁၈ မွာ ေခၚယူခဲ့သူ ျဖစ္ျပီး အိုးထရက္ဖို႔ဒ္မွာ အစြမ္းျပဖို႔ေတာ့ အခ်ိန္ယူေနရဆဲ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ ပြဲထြက္ကေတာ့ ၁၃ပြဲထိ ကစားျပီးျပီ ျဖစ္ပါတယ္။ ဒါေလာ့ကေတာ့ ေဘာလံုးပြဲေတြ ျပန္စတာနဲ႕ ဖာနန္ဒက္စ္ အစြမ္းျပမႈေတြ ျပန္ျမင္ရဖို႔ စိတ္လႈပ္ရွား ရင္ခုန္ေနပါတယ္။

ဖာနန္ဒက္စ္ဟာ ယူနိုက္တက္သို႔ ဇန္န၀ါရီ လကုန္မွာ ေရာက္ရွိခဲ့သူ ျဖစ္ေပမယ့္ ေဖေဖာ္၀ါရီလအတြက္ ပရီးမီးယားလိဂ္ အေကာင္းဆံုး ကစားသမားဆု၊ ပီအက္ဖ္ေအနဲ႕ ယူနုိက္တက္ အေကာင္းဆံုး ကစားသမားဆုမ်ား သိမ္းက်ံဳး ရယူထားျပီး ျဖစ္ပါတယ္။