ပြင်ပက ဘယ်လိုဝေဖန်မှုကိုမှ ဂရုမစိုက်ပဲ ယူနိုက်တက်မှာ အကောင်းဆုံး လုပ်ဆောင်နေတဲ့ ပေါ့ဘာ
ဒီကာလတွေအတွင်း ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာဟာ ဒဏ်ရာကနေ ပြန်လည် နိုးထလာဖို့ ကြိုးစားနေရပြီး လက်ရှိမှာတော့ ရာနှုန်းပြည့် ကြံ့ခိုင်မှုအတွက် အကောင်းဆုံး ပြန်လုပ်ဆောင်နေတဲ့ အနေအထားကို ရောက်နေပါပြီ။
ပေါ့ဘာ ဒဏ်ရာရနေချိန်မှာ မန်နေဂျာဆိုးရှားနဲ့ အေးဂျင့် ရွိုင်အိုလာကြား စကားလုံး တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို အသင်းပရိသတ်တွေက ပြင်သစ်သားအပေါ် ဒေါသပေါက်ကွဲမှုတွေလည်း ရှိနေခဲ့ပါတယ်။ တစ်ဘက်မှာလည်း စပိန်သတင်းဌာနတွေက ပေါ့ဘာနဲ့ ရီးရဲလ်မက်ဒရစ်ကြား သတင်းတွေကို ဖော်ပြတာကြောင့် သရဲနီတွေကို ပိုမို စိတ်ပျက်စေခဲ့တာဖြစ်တယ်။
ကလပ်အသင်း ကစားသမားဟောင်းတွေကတော့ မန်နေဂျာဆိုးရှားကို အရှည်ကိုကြည့်ဖို့ တိုက်တွန်းထားပြီး ပေါ့ဘာနဲ့ ဖာနန်ဒက်စ်ကို တော်မီနေး၊ ဖရတ်တို့နဲ့ ပေါင်းစပ်နိုင်ရင် ယူနိုက်တက်ကွင်းလယ်ဟာ ပရီးမီးယားလိဂ်မှာ အတောင့်တင်းဆုံး ဖြစ်သွားနိုင်တယ်လို့ ထောက်ပြထားကြတယ်။ ဖာနန်ဒက်စ်ကော ပေါ့ဘာပါ အသက် ၂၆ ပတ်လည်တွေဖြစ်လို့ ယူနိုက်တက်အတွက် နှစ်အတန်ကြာ အကောင်းဆုံး ကစားပေးနိုင်ကြဦးမှာ ဖြစ်ပါတယ်။
The Athletic က ဖော်ပြရာမှာတော့ ပြင်သစ်သားဟာ လက်ရှိမှာ ပထမအသင်းနည်းပြ မိုင်ကယ်ကာရစ်နဲ့အတူ တစ်ဦးချင်း လေ့ကျင့်ရေးတွေကို မိနစ် ၃၀ စာ လုပ်ဆောင်နေလေ့ရှိတယ်လို့ သိရတယ်။ ပရီးမီးယားလိဂ်ကို ဧပြီလ ၃ ရက်နေ့ထိ ရပ်နားထားပေမယ့် ကစားသမားတွေကတော့ တစ်ဦးချင်း လေ့ကျင့်ရေးတွေနဲ့ ကြံ့ခိုင်မှုတွေကို ထိန်းသိမ်းနေရဆဲဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဟာ လာမယ့်ရာသီ ဥရောပဝင်ခွင့်အတွက်တင် မကပဲ ဒီရာသီမှာ စီးပွားရေးဆိုင်ရာ စပွန်ဆာ စာချုပ်တွေအရ ရာသီကို အဆုံးသတ်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး လာမယ့် လတွေမှာ ပေါ့ဘာဟာ ကြံ့ခိုင်မှု အကောင်းဆုံး အနေအထားကို ပြန်ရောက်လာတော့မှာ ဖြစ်ပါတယ်။
ZAWGYI
ဒီကာလေတြအတြင္း ယူႏုိက္တက္ ကြင္းလယ္လူ ေပါ့ဘာဟာ ဒဏ္ရာကေန ျပန္လည္ ႏိုးထလာဖို႔ ၾကိဳးစားေနရျပီး လက္ရွိမွာေတာ့ ရာႏႈန္းျပည့္ ၾကံ႕ခိုင္မႈအတြက္ အေကာင္းဆံုး ျပန္လုပ္ေဆာင္ေနတဲ့ အေနအထားကို ေရာက္ေနပါျပီ။
ေပါ့ဘာ ဒဏ္ရာရေနခ်ိန္မွာ မန္ေနဂ်ာဆိုးရွားနဲ႔ ေအးဂ်င့္ ရိြဳင္အိုလာၾကား စကားလံုး တိုက္ပြဲေတြ ျပင္းထန္ခဲ့သလို အသင္းပရိသတ္ေတြက ျပင္သစ္သားအေပၚ ေဒါသေပါက္ကြဲမႈေတြလည္း ရွိေနခဲ့ပါတယ္။ တစ္ဘက္မွာလည္း စပိန္သတင္းဌာနေတြက ေပါ့ဘာနဲ႔ ရီးရဲလ္မက္ဒရစ္ၾကား သတင္းေတြကို ေဖာ္ျပတာေၾကာင့္ သရဲနီေတြကို ပိုမို စိတ္ပ်က္ေစခဲ့တာျဖစ္တယ္။
ကလပ္အသင္း ကစားသမားေဟာင္းေတြကေတာ့ မန္ေနဂ်ာဆိုးရွားကို အရွည္ကိုၾကည့္ဖို႔ တိုက္တြန္းထားျပီး ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္ကို ေတာ္မီေနး၊ ဖရတ္တို႔နဲ႔ ေပါင္းစပ္ႏုိင္ရင္ ယူႏုိက္တက္ကြင္းလယ္ဟာ ပရီးမီးယားလိဂ္မွာ အေတာင့္တင္းဆံုး ျဖစ္သြားႏုိင္တယ္လုိ႔ ေထာက္ျပထားၾကတယ္။ ဖာနန္ဒက္စ္ေကာ ေပါ့ဘာပါ အသက္ ၂၆ ပတ္လည္ေတြျဖစ္လို႔ ယူႏုိက္တက္အတြက္ ႏွစ္အတန္ၾကာ အေကာင္းဆံုး ကစားေပးႏုိင္ၾကဦးမွာ ျဖစ္ပါတယ္။
The Athletic က ေဖာ္ျပရာမွာေတာ့ ျပင္သစ္သားဟာ လက္ရွိမွာ ပထမအသင္းနည္းျပ မုိင္ကယ္ကာရစ္နဲ႔အတူ တစ္ဦးခ်င္း ေလ့က်င့္ေရးေတြကို မိနစ္ ၃၀ စာ လုပ္ေဆာင္ေနေလ့ရွိတယ္လို႔ သိရတယ္။ ပရီးမီးယားလိဂ္ကို ဧျပီလ ၃ ရက္ေန႔ထိ ရပ္နားထားေပမယ့္ ကစားသမားေတြကေတာ့ တစ္ဦးခ်င္း ေလ့က်င့္ေရးေတြနဲ႔ ၾကံ႕ခိုင္မႈေတြကို ထိန္းသိမ္းေနရဆဲျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ဟာ လာမယ့္ရာသီ ဥေရာပဝင္ခြင့္အတြက္တင္ မကပဲ ဒီရာသီမွာ စီးပြားေရးဆုိင္ရာ စပြန္ဆာ စာခ်ဳပ္ေတြအရ ရာသီကို အဆံုးသတ္ႏုိင္ဖို႔ ၾကိဳးစားရမွာျဖစ္ျပီး လာမယ့္ လေတြမွာ ေပါ့ဘာဟာ ၾကံ႕ခိုင္မႈ အေကာင္းဆံုး အေနအထားကို ျပန္ေရာက္လာေတာ့မွာ ျဖစ္ပါတယ္။