ကိုရိုနာကြောင့် ရိုက်ခတ်မှု ရှိလာတဲ့ နောက်ဆုံး ကလပ်အသင်း ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် နောက်ဆုံး ထိခိုက်မှု ရှိလာတဲ့ ကလပ်အသင်း ဖြစ်လာပါတယ်။ ယူနိုက်တက် ဟာ အသင်း ထရိန်နင်ကို ပုံမှန်အတိုင်း ပြုလုပ်နေပေမယ့် အစိုးရရဲ့ ဖိအားပေးမှုကြောင့် ထရိန်နင်ကို လုံး၀ ပိတ်လိုက်ရတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ မြိုခံ ပြိုင်ဘက်အသင်း မန်စီးတီးနည်းတူ အသင်း ကစားသမားတွေကို တစ်ဦးချင်း ကိုယ်ပိုင်အစီအစဉ်နဲ့ အိမ်မှာ လေ့ကျင့်စေပြီး အဝေးကနေပဲ လမ်းညွှန်မှုတွေနဲ့ လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။
ကိုရိုနာကြောင့် ပရီးမီးယားလိဂ်မှာ ကလပ်အသင်း တော်တော်များများ ထိုသို့ ပြုလုပ်နေစဉ် ဆိုးရှားနဲ့ ယူနိုက်တက် အသင်းသားတွေက လေ့ကျင့်ရေးကွင်းမှာ ပုံမှန် အတိုင်း စုစည်း လေ့ကျင့်နေခဲ့ကြပါတာ ဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂါနေ့မှာပဲ ယူနိုက်တက် တာဝန်ရှိသူတွေက ကိုရိုနာ ရိုတ်ခတ်မှုကြောင့် ပထမအသင်းကြီး လေ့ကျင့်မှုတွေကို ရုတ်သိမ်းကာ တစ်ဦးချင်း လေ့ကျင့်စေရတော့မယ်လို့ အတည်ပြု ကြေငြာလိုက်ပါတယ်။
ယူနိုက်တက်မှ တာဝန်ရှိသူတစ်ဦး အဆိုအရ အစိုးရ နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ လမ်းညွှန်ချက်နဲ့ သတိပေးမှုတွေ အရ ကစားသမားတွေကို လေ့ကျင့်ရေးကွင်းကို မလာစေတော့ဘဲ လုပ်ဆောင်ရတော့မယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ယနေ့ အင်္ဂါနေ့ ထရိန်နင်မှာ ယူနိုက်တက် နည်းပြ ဆိုးရှားက အသင်းသားတွေအား ကိုယ်ပိုင် လေ့ကျင့်မှု အစီအစဉ်နဲ့ ပတ်သတ်ပြီး အသေးစိတ် လမ်းညွှန်မှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။ အင်္ဂလန်မှာ လူစုလူဝေးတွေ မပြုလုပ်ဖို့ တားမြစ်မှုတွေ ရှိလာပြီး တင်းကြပ်တဲ့ အစီအစဉ်တွေနဲ့ ဗိုင်းရပ်စ် မပြန့်ပွားအောင် ကာကွယ်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေကြပါတယ်။
ပရီးမီးယားလိဂ် ပြိုင်ပွဲကိုတော့ ဧပြီလ ၃ ရက်နေ့ထိ ရပ်နားထားဆဲ ဖြစ်ကာ နောက်ဆက်တွဲ ဆုံးဖြတ်ချက်တွေကိုတော့ စောင့်ဆိုင်းရဆဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ် စတင်ခဲ့ရာ တရုတ်ပြည်မှာတော့ စူပါလိဂ်ပွဲတွေ ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာယူနိုက္တက္ဟာ ကိုရိုနာဗိုင္းရပ္စ္ ရိုက္ခတ္မႈေၾကာင့္ ေနာက္ဆံုး ထိခိုက္မႈ ရွိလာတဲ့ ကလပ္အသင္း ျဖစ္လာပါတယ္။ ယူနိုက္တက္ ဟာ အသင္း ထရိန္နင္ကို ပံုမွန္အတိုင္း ျပဳလုပ္ေနေပမယ့္ အစိုးရရဲ႕ ဖိအားေပးမႈေၾကာင့္ ထရိန္နင္ကို လံုး၀ ပိတ္လိုက္ရေတာ့မွာ ျဖစ္ပါတယ္။
ယူနိုက္တက္ဟာ ျမိဳခံ ျပိဳင္ဘက္အသင္း မန္စီးတီးနည္းတူ အသင္း ကစားသမားေတြကို တစ္ဦးခ်င္း ကိုယ္ပိုင္အစီအစဥ္နဲ႕ အိမ္မွာ ေလ့က်င့္ေစျပီး အေ၀းကေနပဲ လမ္းညႊန္မႈေတြနဲ႕ လုပ္ေဆာင္ရေတာ့မွာ ျဖစ္ပါတယ္။
ကိုရိုနာေၾကာင့္ ပရီးမီးယားလိဂ္မွာ ကလပ္အသင္း ေတာ္ေတာ္မ်ားမ်ား ထိုသို႔ ျပဳလုပ္ေနစဥ္ ဆိုးရွားနဲ႕ ယူနိုက္တက္ အသင္းသားေတြက ေလ့က်င့္ေရးကြင္းမွာ ပံုမွန္ အတိုင္း စုစည္း ေလ့က်င့္ေနခဲ့ၾကပါတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အဂၤါေန႔မွာပဲ ယူနိုက္တက္ တာ၀န္ရွိသူေတြက ကိုရိုနာ ရိုတ္ခတ္မႈေၾကာင့္ ပထမအသင္းၾကီး ေလ့က်င့္မႈေတြကို ရုတ္သိမ္းကာ တစ္ဦးခ်င္း ေလ့က်င့္ေစရေတာ့မယ္လို႔ အတည္ျပဳ ေၾကျငာလိုက္ပါတယ္။
ယူနိုက္တက္မွ တာ၀န္ရွိသူတစ္ဦး အဆိုအရ အစိုးရ ေနာက္ဆံုး ထုတ္ျပန္လိုက္တဲ့ လမ္းညႊန္ခ်က္နဲ႔ သတိေပးမႈေတြ အရ ကစားသမားေတြကို ေလ့က်င့္ေရးကြင္းကို မလာေစေတာ့ဘဲ လုပ္ေဆာင္ရေတာ့မယ္လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။
ယေန႔ အဂၤါေန႔ ထရိန္နင္မွာ ယူနုိက္တက္ နည္းျပ ဆိုးရွားက အသင္းသားေတြအား ကိုယ္ပိုုင္ ေလ့က်င့္မႈ အစီအစဥ္နဲ႕ ပတ္သတ္ျပီး အေသးစိတ္ လမ္းညႊန္မႈေတြ ျပဳလုပ္ဖို႔ ရွိေနပါတယ္။ အဂၤလန္မွာ လူစုလူေ၀းေတြ မျပဳလုပ္ဖို႔ တားျမစ္မႈေတြ ရွိလာျပီး တင္းၾကပ္တဲ့ အစီအစဥ္ေတြနဲ႕ ဗိုင္းရပ္စ္ မျပန္႔ပြားေအာင္ ကာကြယ္မႈေတြ အရွိန္ျမွင့္ လုပ္ေဆာင္ေနၾကပါတယ္။
ပရီးမီးယားလိဂ္ ျပိဳင္ပြဲကိုေတာ့ ဧျပီလ ၃ ရက္ေန႕ထိ ရပ္နားထားဆဲ ျဖစ္ကာ ေနာက္ဆက္တြဲ ဆံုးျဖတ္ခ်က္ေတြကိုေတာ့ ေစာင့္ဆိုင္းရဆဲ ျဖစ္ပါတယ္။ ဗိုင္းရပ္္စ္ စတင္ခဲ့ရာ တရုတ္ျပည္မွာေတာ့ စူပါလိဂ္ပြဲေတြ ျပန္လည္ စတင္ေတာ့မွာ ျဖစ္ပါတယ္။