ဖာနန်ဒက်စ် ပေါ့ဘာ အရေးပါမှု စစ်တမ်း၊ ကိုရိုနာ ရိုက်ခတ်ချက်နဲ့ ယူနိုက်တက် ညနေခင်းသတင်းများ

ယူအီးအက်ဖ်အေက ယူရို ၂၀၂၀ ပြိုင်ပွဲများကို ၂၀၂၁ ခုနှစ်မှ ကျင်းပဖို့ ရွှေ့လိုက်ကြောင်း အတည်ပြု ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရပ်နားထားတဲ့ အမှတ်ပေးလိဂ် ပြိုင်ပွဲများဟာ နောက်ဆုတ်ပြီး ပြိုင်ပွဲ အပြီးသတ်အောင် ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဝါရင့် ကွင်းလယ်ကစားသမား မာတစ်ကို လက်ရှိစာချုပ်မှာ ပါဝင်ထားတဲ့ တစ်နှစ် သက်တမ်းတိုးခွင့်ကို အသက်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မာတစ်က ၂၀၂၁ နွေထိ ယူနိုက်တက်မှာ ဆက်ရှိနေတော့မှာပါ။

ကိုရိုနာ ရိုက်ခတ်မှုကြောင့် စတော့ ရှယ်ယာဈေးကွက်မှာ ယူနိုက်တက်ရဲ့ တန်ကြေးတွေ ၁ ဘီလီယံ ကျဆင်းသွားခဲ့ပါတယ်။ ခရစ္စမတ် အပြီးမှာ ယူနိုက်တက် တန်ကြေးက ၃ ဘီလီယံ ရှိခဲ့ပေမယ့် လောလောဆယ်မှာ ၂ ဘီလီယံသို့ ထိုးဆင်းသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ အသင်းလေ့ကျင့်ရေး အစီအစဉ်တွေကို ပုံမှန်အတိုင်း လုပ်ဆောင်နေသော်လည်း အစိုးရက ဖိအားပေးမှုတွေ ရှိလာတာကြောင့် ထရိန်နင်ကို ရပ်နားတော့မှာ ဖြစ်ကာ တစ်ဦးချင်း အစီအစဉ်များနဲ့ နေအိမ်မှာ လေ့ကျင့်စေတော့မှာပါ။

ယူနိုက်တက် အစွန်ကစားသမား ဒါလော့က ၎င်းရဲ့ ပေါ်တူဂီအသင်းဖော် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ဟာ အသင်း ဂန္တဝင် ကစားသမား ဖြစ်လာလိမ့်မယ်လို့ ထောက်ခံ ချီးကျူးလိုက်ပါတယ်။

Give Me Sport ရဲ့ စစ်တမ်းကောက်ယူမှုမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ဖာနန်ဒက်စ်က ပေါ့ဘာထက် ပိုမို အရေးပါတယ် ယူဆတဲ့ ပရိသတ်က ၈၁% ထိ ရှိနေပြီး ပေါ်တူဂီသားကို အပြတ်အသတ် ထောက်ခံနေကြပါတယ်။

Zawgyi – ယူအီးအက္ဖ္ေအက ယူရို ၂၀၂၀ ျပိဳင္ပြဲမ်ားကို ၂၀၂၁ ခုနွစ္မွ က်င္းပဖို႔ ေရႊ႕လိုက္ေၾကာင္း အတည္ျပဳ ေၾကျငာလိုက္ျပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ ရပ္နားထားတဲ့ အမွတ္ေပးလိဂ္ ျပိဳင္ပြဲမ်ားဟာ ေနာက္ဆုတ္ျပီး ျပိဳင္ပြဲ အျပီးသတ္ေအာင္ က်င္းပနုိင္ေတာ့မွာ ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ အသင္းနဲ႕ စာခ်ဳပ္ကုန္ဆံုးေတာ့မယ့္ ၀ါရင့္ ကြင္းလယ္ကစားသမား မာတစ္ကို လက္ရွိစာခ်ဳပ္မွာ ပါ၀င္ထားတဲ့ တစ္နွစ္ သက္တမ္းတိုးခြင့္ကို အသက္သြင္းလိုက္ျပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ မာတစ္က ၂၀၂၁ ေႏြထိ ယူနိုက္တက္မွာ ဆက္ရွိေနေတာ့မွာပါ။

ကိုရိုနာ ရိုက္ခတ္မႈေၾကာင့္ စေတာ့ ရွယ္ယာေစ်းကြက္မွာ ယူနုိက္တက္ရဲ႕ တန္ေၾကးေတြ ၁ ဘီလီယံ က်ဆင္းသြားခဲ့ပါတယ္။ ခရစၥမတ္ အျပီးမွာ ယူနုိက္တက္ တန္ေၾကးက ၃ ဘီလီယံ ရွိခဲ့ေပမယ့္ ေလာေလာဆယ္မွာ ၂ ဘီလီယံသို႔ ထိုးဆင္းသြားခဲ့ပါတယ္။

ယူနိုက္တက္ဟာ အသင္းေလ့က်င့္ေရး အစီအစဥ္ေတြကို ပံုမွန္အတိုင္း လုပ္ေဆာင္ေနေသာ္လည္း အစိုးရက ဖိအားေပးမႈေတြ ရွိလာတာေၾကာင့္ ထရိန္နင္ကို ရပ္နားေတာ့မွာ ျဖစ္ကာ တစ္ဦးခ်င္း အစီအစဥ္မ်ားနဲ႕ ေနအိမ္မွာ ေလ့က်င့္ေစေတာ့မွာပါ။

ယူနိုက္တက္ အစြန္ကစားသမား ဒါေလာ့က ၄င္းရဲ႕ ေပၚတူဂီအသင္းေဖာ္ ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္ဟာ အသင္း ဂႏၱ၀င္ ကစားသမား ျဖစ္လာလိမ့္မယ္လို႔ ေထာက္ခံ ခ်ီးက်ဴးလိုက္ပါတယ္။

Give Me Sport ရဲ႕ စစ္တမ္းေကာက္ယူမႈမွာ မန္ခ်က္စတာ ယူနိုက္တက္ အတြက္ ဖာနန္ဒက္စ္က ေပါ့ဘာထက္ ပိုမို အေရးပါတယ္ ယူဆတဲ့ ပရိသတ္က ၈၁% ထိ ရွိေနျပီး ေပၚတူဂီသားကို အျပတ္အသတ္ ေထာက္ခံေနၾကပါတယ္။