ကန်တော်ကြီးပဲလေ့စ်ဟိုတယ်နဲ့ ပုဂံနန်းမြင့်မျှော်စင်ကို အရောင်းတင်လာတဲ့ သူဌေးကြီး ဦးတေဇ

ရန်ကုန်မြို့၊ ကန်တော်ကြီးကန်ပတ်လမ်းမှာရှိတဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် ကို ပြန်လည်ရောင်းချဖို့အတွက် ဈေးကွက်ထဲမှာ အရောင်းတင်ထားတယ်လို့ သိရပါတယ်။
ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို မြန်မာနိုင်ငံရဲ့ ထိပ်တန်းသူဌေးကြီးဦးတေဇ ပိုင်ဆိုင်တဲ့ ထူးကုမ္ပဏီ အုပ်စုပိုင် ဟိုတယ် ၁၈ လုံးအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။
အဆိုပါ ဟိုတယ်ကို ၂၀၁၀ ခုနှစ်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် Baiyoke Group of Hotels ထံကနေ ဦးတေဇပိုင် ထူးလုပ်ငန်းစုအဖွဲ့က ကန်ဒေါ်လာ ၂၉ သန်းဖြင့် ဝယ်ယူခဲ့တာဖြစ်ပါတယ်။
အဆိုပါ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်က ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့ မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ပြုပြင်မှုများ ပြုလုပ်ပြီးလုပ်ငန်းလည်ပတ်နေတာပဲဖြစ်ပါတယ်။
ဒါ့အပြင် ထူးလုပ်ငန်းစု စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ ပုဂံနန်းမြင့်မျှော်စင် ကြီးနှင့် ဆက်စပ်နေတဲ့ Aureum Palace Hotel & Resort တို့ကိုလည်းရောင်းချဖို့အတွက်ဈေးကွက်ထဲမှာ အရောင်းတင်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
မကြာသေးခင်ကပဲ ဦးတေဇဟာ ရန်ကုန် ပြည်လမ်းက ၎င်းသားသမီးတွေ နာမည်ပေါက် ၁.၅ ဧကအကျယ် ခြံကြီးကို ရောင်းချထားပါသေးတယ်။