ဥရောပ တန်ကြေးအကြီးဆုံး အသင်းများစာရင်းမှာ အံ့အားသင့်ဖွယ်ထိ ကျဆင်းသွားတဲ့ ယူနိုက်တက်
အားကစားဆိုင်ရာ အချက်အလက်တွေကို ဖော်ပြနေတဲ့ CIES Football Observatory ရဲ့ ဖော်ပြမှုအရ ယူနိုက်တက်ဟာ ဥရောပရဲ့ တန်ကြေးအကြီးဆုံး လူစာရင်း ပိုင်ဆိုင်ထားတဲ့ အသင်းများ စာရင်းမှာ နံပါတ် ၆ နေရာထိ ထိုးကျသွားပါတယ်။
ဥရောပထိပ်သီး လိဂ်ကီး ၅ ခုဖြစ်တဲ့ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ လီဂူးဝမ်းနဲ့ ဘွန်ဒက်လီဂါ အစရှိတဲ့ လိဂ်တွေမှ အသင်းတွေရဲ့ လူစာရင်းတန်ကြေးကို တွက်ချက်ဖော်ပြမှုဖြစ်တယ်။ ယူနိုက်တက်ဟာ အဆင့် ၆ နေရာထိ ကျဆင်းခဲ့ပေမယ့် အသင်းလူစာရင်း တန်ကြေးက ယူရို ၁ ဘီလီယံမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။
အင်္ဂလန်မှာတော့ ပြိုင်ဘက် လီဗာပူးနဲ့ မန်စီးတီးတို့က ထိပ်ဆုံးတွေမှာ ရပ်တည်နေပြီး သူတို့နောက်မှာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့ ရှိနေကာ ချယ်ဆီးနဲ့ ယူနိုက်တက်တို့က နောက်ကနေ အစဉ်လိုက် ရပ်တည်နေတာဖြစ်ပါတယ်။
လက်တလော ကာလတွေမှာ ယူနိုက်တက်ရဲ့ ကွင်းတွင်း အောင်မြင်မှုတွေ ဝေးကွာနေခြင်းကြောင့် အခုလို ကျဆင်းခဲ့တာဖြစ်တယ်။ ဒါပေမယ့်လည်း ဥရောပရဲ့ တန်ကြေးအကြီးဆုံး ကလပ်အသင်းအဖြစ်တော့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နောက်မှာ ယူနိုက်တက်က တတိယနေရာက ရပ်တည်နေဆဲ ဖြစ်ပါတယ်။
လာမယ့်ရာသီတွေမှာ ယူနိုက်တက် အောင်မြင်မှုတွေ ပြန်လည်ရရှိလာမယ်ဆိုရင် တန်ကြေးအကြီးဆုံး လူစာရင်းနေရာမှာ အပေါ်ကို ပြန်တက်လာနိုင်ပြီး တန်ကြေးအကြီးဆုံး ဥရောပအသင်း နေရာမှာတော့ ရီးရဲလ်နဲ့ ဘာကာကို ပြန်လည် ယှဉ်ပြိုင်လာနိုင်မှာ ဖြစ်ပါတယ်။
- Liverpool, England, €1.405m
- Manchester City, England, €1.361m
- Barcelona, Spain, €1.170m
- Real Madrid, Spain, €1.100m
- Chelsea, England, €1.008m
- Manchester United, England, €1.007m
- Paris St-Germain, France, €979m
- Atletico Madrid, Spain, €836m
- Tottenham, England, €787m
- Juventus, Italy, €783m

ZAWGYI
အားကစားဆိုင္ရာ အခ်က္အလက္ေတြကို ေဖာ္ျပေနတဲ့ CIES Football Observatory ရဲ႕ ေဖာ္ျပမႈအရ ယူႏုိက္တက္ဟာ ဥေရာပရဲ႕ တန္ေၾကးအၾကီးဆံုး လူစာရင္း ပိုင္ဆုိင္ထားတဲ့ အသင္းမ်ား စာရင္းမွာ နံပါတ္ ၆ ေနရာထိ ထိုးက်သြားပါတယ္။
ဥေရာပထိပ္သီး လိဂ္ကီး ၅ ခုျဖစ္တဲ့ ပရီးမီးယားလိဂ္၊ လာလီဂါ၊ စီးရီးေအ၊ လီဂူးဝမ္းနဲ႔ ဘြန္ဒက္လီဂါ အစရွိတဲ့ လိဂ္ေတြမွ အသင္းေတြရဲ႕ လူစာရင္းတန္ေၾကးကို တြက္ခ်က္ေဖာ္ျပမႈျဖစ္တယ္။ ယူႏုိက္တက္ဟာ အဆင့္ ၆ ေနရာထိ က်ဆင္းခဲ့ေပမယ့္ အသင္းလူစာရင္း တန္ေၾကးက ယူရို ၁ ဘီလီယံမွာ ဆက္ရွိေနဆဲျဖစ္ပါတယ္။
အဂၤလန္မွာေတာ့ ျပိဳင္ဘက္ လီဗာပူးနဲ႔ မန္စီးတီးတို႔က ထိပ္ဆံုးေတြမွာ ရပ္တည္ေနျပီး သူတို႔ေနာက္မွာ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္တုိ႔ ရွိေနကာ ခ်ယ္ဆီးနဲ႔ ယူႏုိက္တက္တို႔က ေနာက္ကေန အစဥ္လုိက္ ရပ္တည္ေနတာျဖစ္ပါတယ္။
လက္တေလာ ကာလေတြမွာ ယူႏုိက္တက္ရဲ႕ ကြင္းတြင္း ေအာင္ျမင္မႈေတြ ေဝးကြာေနျခင္းေၾကာင့္ အခုလို က်ဆင္းခဲ့တာျဖစ္တယ္။ ဒါေပမယ့္လည္း ဥေရာပရဲ႕ တန္ေၾကးအၾကီးဆံုး ကလပ္အသင္းအျဖစ္ေတာ့ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္ေနာက္မွာ ယူႏုိက္တက္က တတိယေနရာက ရပ္တည္ေနဆဲ ျဖစ္ပါတယ္။
လာမယ့္ရာသီေတြမွာ ယူႏုိက္တက္ ေအာင္ျမင္မႈေတြ ျပန္လည္ရရွိလာမယ္ဆိုရင္ တန္ေၾကးအၾကီးဆံုး လူစာရင္းေနရာမွာ အေပၚကို ျပန္တက္လာႏုိင္ျပီး တန္ေၾကးအၾကီးဆံုး ဥေရာပအသင္း ေနရာမွာေတာ့ ရီးရဲလ္နဲ႔ ဘာကာကို ျပန္လည္ ယွဥ္ျပိဳင္လာႏုိင္မွာ ျဖစ္ပါတယ္။
