ပေါ့ဘာ ဖာနန်ဒက်စ် အတူ တွဲကစားနိုင်ပါ့မလား မေးခွန်းထုတ်လိုက်တဲ့ ဘာဘာတော့ဗ်

ယူနိုက်တက် ကစားသမားဟောင်းကြီး ဘာဘာတော့ဗ်က ၎င်း အသင်းဟောင်း အနေနဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားစေလိုနေပြီး ပေါ့ဘာနဲ့ ဖာနန်ဒက်စ် တွဲဖက် ကစားနိုင်မလား ဆိုတဲ့ အပေါ် သူ့ အမြင်များ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

ပေါ့ဘာက ယူနိုက်တက် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုတယ် သတင်း ထွက်လာပေမယ့် ပြင်သစ်သားနဲ့ ယူနိုက်တက် အနာဂတ်က မရေရာသေးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ပေါ့ဘာရဲ့ လက်ရှိ စာချုပ်က ၂၀၂၁ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး သက်တမ်းတိုး စာချုပ် မချုပ်ဖြစ်ရင် နွေမှာ ရီးရဲလ် သို့မဟုတ် ဂျူဗင်တပ်ထံ ပြောင်းရွှေ့သွားဖွယ်လည်း ရှိပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက စပို့တင်းလစ္စဘွန်းမှ ကွင်းလယ်တိုက်စစ် ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူအားဖြည့်ခဲ့ပြီး ပေါ်တူဂီသား ကလည်း အသင်းမှာ အရေးပါစွာ အစွမ်းပြနေပြီ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်အနေနဲ့ ပေါ့ဘာ ပြန်လာရင် ဘယ်လို တွဲဖက် ကစားနိုင်မလဲဆိုတာ ဘာဘာတော့ဗ်က စဉ်းစားနေမိကြောင်း ထုတ်ဖော် ဝန်ခံပြောဆိုလာပါတယ်။

” ဖာနန်ဒက်စ်နဲ့ ပေါ့ဘာ အတူ ကစားနိုင်မလား ကျနော်တော့ မသိပါဘူး။ ပေါ့ဘာဖန် တစ်ယောက် အနေနဲကတော့ ကျနော်က သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်။ ဒါက သူ့အတွက်လည်း အကောင်းဆုံး လမ်းကြောင်းလို့ ထင်ပါတယ်။ ဒါပေမယ့် သူက ဖာနန်ဒက်စ်နဲ့ ဘယ်လို တွဲ ကစားမလဲဆိုတာကို သိချင်မိတယ်။

သူတို့ နှစ်ယောက်က ကစားပုံဆင်သူတွေပါ။ နှစ်ယောက်လုံးက ဉာဏ်လည်း ကောင်းကြတယ်။ ဘောလုံး ကိုင်ထားရင်း ရှေ့ဆက်သွားရမယ့် အကွက်တွေ တခါတည်း တွေးနိုင်သူတွေ ဖြစ်တယ်။ တခါတလေ ကစားပုံ တူလွန်းတဲ့ ကစားသမားတွေက အတူ တွဲကစားဖို့ ခက်ခဲတတ်ကြတယ်။

သူတို့ နှစ်ယောက်မှာ ဒီလို ပြသနာမရှိဖို့ပဲ ကျနော် မျှော်လင့်ပါတယ်။ ဖာနန်ဒက်စ်နဲ့ ပေါ့ဘာသာ ကွင်းလယ်မှာ အတူ တွဲပြီး ပေါင်းစပ် ကစားနိုင်ရင် ယူနိုက်တက်ဟာ ပြိုင်ဘက်တွေကို အံ့အားသင့်ဖို့ ကောင်းလောက်အောင် ခက်ခဲစေနိုင်မယ့် အသင်း ဖြစ်သွားပါမယ်။ ” လို့ ဘာဘာတော့ဗ် က သုံးသပ် ပြောဆိုလိုက်ပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ရောက်ရောက်ချင်းပဲ အစွမ်းပြနေပြီ ဖြစ်ပြီး အသင်းအတွက် ၃ ဂိုးသွင်း၊ ၄ ကြိမ် ဂိုးထောက်ပံ့မှု ပြုလုပ်ထားပြီ ဖြစ်ကာ ဖေဖော်ဝါရီလ အကောင်းဆုံး ကစားသမားဆုများ သိမ်းပိုက်ထားပါတယ်။

Zawgyi – ယူနိုက္တက္ ကစားသမားေဟာင္းၾကီး ဘာဘာေတာ့ဗ္က ၄င္း အသင္းေဟာင္း အေနနဲ႕ ကြင္းလယ္ကစားသမား ေပါ့ဘာကို အသင္းမွာ ဆက္လက္ ထိန္းသိမ္းထားေစလိုေနျပီး ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္ တြဲဖက္ ကစားနုိင္မလား ဆိုတဲ့ အေပၚ သူ႔ အျမင္မ်ား ထုတ္ေဖာ္ ေျပာဆိုလာခဲ့ပါတယ္။

ေပါ့ဘာက ယူနုိက္တက္ သက္တမ္းတိုး စာခ်ဳပ္ ခ်ုပ္ဆိုလိုတယ္ သတင္း ထြက္လာေပမယ့္ ျပင္သစ္သားနဲ႕ ယူနုိက္တက္ အနာဂတ္က မေရရာေသးတဲ့ အေနအထားမွာ ရွိေနပါတယ္။ ေပါ့ဘာရဲ႕ လက္ရွိ စာခ်ဳပ္က ၂၀၂၁ မွာ ကုန္ဆံုးမွာ ျဖစ္ျပီး သက္တမ္းတိုး စာခ်ဳပ္ မခ်ဳပ္ျဖစ္ရင္ ေႏြမွာ ရီးရဲလ္ သို႔မဟုတ္ ဂ်ဴဗင္တပ္ထံ ေျပာင္းေရႊ႕သြားဖြယ္လည္း ရွိပါတယ္။

ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီက စပို႔တင္းလစၥဘြန္းမွ ကြင္းလယ္တိုက္စစ္ ဘရူနို ဖာနန္ဒက္စ္ကို ေခၚယူအားျဖည့္ခဲ့ျပီး ေပၚတူဂီသား ကလည္း အသင္းမွာ အေရးပါစြာ အစြမ္းျပေနျပီ ျဖစ္ပါတယ္။ ဖာနန္ဒက္စ္အေနနဲ႕ ေပါ့ဘာ ျပန္လာရင္ ဘယ္လို တြဲဖက္ ကစားနုိင္မလဲဆိုတာ ဘာဘာေတာ့ဗ္က စဥ္းစားေနမိေၾကာင္း ထုတ္ေဖာ္ ၀န္ခံေျပာဆိုလာပါတယ္။

” ဖာနန္ဒက္စ္နဲ႕ ေပါ့ဘာ အတူ ကစားနိုင္မလား က်ေနာ္ေတာ့ မသိပါဘူး။ ေပါ့ဘာဖန္ တစ္ေယာက္ အေနနဲကေတာ့ က်ေနာ္က သူ႔ကို အသင္းမွာ ဆက္ရွိေနေစခ်င္ပါတယ္။ ဒါက သူ႔အတြက္လည္း အေကာင္းဆံုး လမ္းေၾကာင္းလို႔ ထင္ပါတယ္။ ဒါေပမယ့္ သူက ဖာနန္ဒက္စ္နဲ႕ ဘယ္လို တဲြ ကစားမလဲဆိုတာကို သိခ်င္မိတယ္။

သူတို႔ နွစ္ေယာက္က ကစားပံုဆင္သူေတြပါ။ နွစ္ေယာက္လံုးက ဥာဏ္လည္း ေကာငး္ၾကတယ္။ ေဘာလံုး ကိုင္ထားရင္း ေရွ႕ဆက္သြားရမယ့္ အကြက္ေတြ တခါတည္း ေတြးနုိင္သူေတြ ျဖစ္တယ္။ တခါတေလ ကစားပံု တူလြန္းတဲ့ ကစားသမားေတြက အတူ တြဲကစားဖို႔ ခက္ခဲတတ္ၾကတယ္။

သူတို႔ နွစ္ေယာက္မွာ ဒီလို ျပသနာမရွိဖို႔ပဲ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။ ဖာနန္ဒက္စ္နဲ႕ ေပါ့ဘာသာ ကြင္းလယ္မွာ အတူ တြဲျပီး ေပါင္းစပ္ ကစားနုိင္ရင္ ယူနုိက္တက္ဟာ ျပိဳင္ဘက္ေတြကို အံ့အားသင့္ဖို႔ ေကာင္းေလာက္ေအာင္ ခက္ခဲေစနုိင္မယ့္ အသင္း ျဖစ္သြားပါမယ္။ ” လို႔ ဘာဘာေတာ့ဗ္ က သံုးသပ္ ေျပာဆိုလိုက္ပါတယ္။

ဖာနန္ဒက္စ္ဟာ ယူနိုက္တက္ကို ေရာက္ေရာက္ခ်င္းပဲ အစြမ္းျပေနျပီ ျဖစ္ျပီး အသင္းအတြက္ ၃ ဂိုးသြင္း၊ ၄ ၾကိမ္ ဂိုးေထာက္ပံ့မႈ ျပဳလုပ္ထားျပီ ျဖစ္ကာ ေဖေဖာ္၀ါရီလ အေကာင္းဆံုး ကစားသမားဆုမ်ား သိမ္းပိုက္ထားပါတယ္။