ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်တွေကို သာလွန်တဲ့ အကောင်းဆုံး စံချိန်နှစ်ခု ယူနိုက်တက် ပိုင်ဆိုင်လာ

ယူနိုက်တက်ဟာ ဒီရာသီ အစောပိုင်းကာလတွေကို ရုန်းကန်နေရပေမယ့် နောက်ပိုင်း ကာလတွေမှာ ခြေစွမ်းတွေ တည်ငြိမ်လာပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ကြီးကြီးမားမား စိန်ခေါ်လာနိုင်ပြီဖြစ်ပါတယ်။

ဒီရာသီအတွင်းမှာ ကလပ်အသင်း ရုန်းကန်နေရမှုတွေကြောင့် ဖော်ပြခံရခြင်း မရှိပေမယ့် လူအများ သတိထားမိလာတဲ့ အချက်တစ်ချက်က ယူနိုက်တက်ရဲ့ တစ်သင်းလုံး ပျှမ်းမျှအသက်ဖြစ်ပါတယ်။ ယူနိုက်တက်တစ်သင်းလုံးရဲ့ ပျှမ်းမျှအသက်ဟာ ၂၅.၁ နှစ်ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံး အသင်းအဖြစ်လည်း ၂၄ နှစ်နဲ့ ပွဲထွက်ထားတာပါ။

တူညီတဲ့ နှိုင်းယှဉ်မှုနဲ့ ပြရမယ်ဆိုရင် ဒီရာသီ အသက်အငယ်ဆုံး ပွဲထွက်လူစာရင်း ထုတ်သုံးတဲ့ ပွဲပေါင်း ၅၀ မှာ ကြီး ၆ ကြီးထဲက ယူနိုက်တက်၊ ချယ်ဆီး၊ အာဆင်နယ်တို့ပဲ ပါဝင်နိုင်ပြီး ယူနိုက်တက်က ၁၅ ကြိမ်နဲ့ အများဆုံးဖြစ်တယ်။ ဒါဟာ ဘယ်လို ခိုင်မာပြီး နုပျိုတဲ့ လူစာရင်းကို ယူနိုက်တက်က ပိုင်ဆိုင်ထားသလဲဆိုတာအတွက် သက်သေဖြစ်ပါတယ်။

နောက်ထပ် အားသာချက်က ဒီနှစ်ရဲ့ ပရီးမီးယားလိဂ် အသင်း ၂၀ ထဲမှာ အကယ်ဒမီထွက်တွေ ဂိုးအသွင်းဆုံးက ယူနိုက်တက်ဖြစ်ပါတယ်။ ယူနိုက်တက် အကယ်ဒမီထွက်တွေဖြစ်တဲ့ ရပ်ဖိုဒ့်၊ ဂရင်းဝုဒ်၊ တော်မီနေး၊ ပါရဲရားနဲ့ ဝီလီယမ်တို့ဟာ ဒီရာသီမှာ အသင်းအတွက် ၂၄ ဂိုးထိ သွင်းယူပေးထားပြီး ကလပ် ဒီရာသီ သွင်းဂိုးရဲ့ ၅၅.၈% ထိကို သွင်းယူထားနိုင်တာပါ။

ဒီရာသီမှာ လူငယ်တွေနဲ့ နာမည်ရလာတဲ့ ချယ်ဆီးအသင်း အကယ်ဒမီ ကစားသမားတွေကတောင် သွင်းဂိုး ၂၁ ဂိုးပဲ သွင်းယူနိုင်တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ကွင်းလယ်မှာ ပေါ့ဘာ၊ ဖာနန်ဒက်စ် တွဲဘက်မယ်ဆိုရင် အတောင့်တင်းဆုံး အသင်းတွေထဲ ပါလာနိုင်ပြီး ခံစစ်ကဆိုရင်လည်း ပရီးမီးယားလိဂ် အတည်ငြိမ်ဆုံးထဲကို ပါဝင်လာပါပြီ။

လာမယ့်ရာသီမှာ တိုက်စစ်ပိုင်းကို အားဖြည့်နိုင်မယ်ဆိုရင် ယူနိုက်တက်ဟာ ချန်ပီယံဆုဖလားတွေကို စိန်ခေါ်ဖို့ အဆင်သင့် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ဟာ ဒီရာသီ အေစာပိုင္းကာလေတြကို ရုန္းကန္ေနရေပမယ့္ ေနာက္ပိုင္း ကာလေတြမွာ ေျခစြမ္းေတြ တည္ျငိမ္လာျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ၾကီးၾကီးမားမား စိန္ေခၚလာႏုိင္ျပီျဖစ္ပါတယ္။

ဒီရာသီအတြင္းမွာ ကလပ္အသင္း ရုန္းကန္ေနရမႈေတြေၾကာင့္ ေဖာ္ျပခံရျခင္း မရွိေပမယ့္ လူအမ်ား သတိထားမိလာတဲ့ အခ်က္တစ္ခ်က္က ယူႏုိက္တက္ရဲ႔ တစ္သင္းလံုး ပွ်မ္းမွ်အသက္ျဖစ္ပါတယ္။ ယူႏုိက္တက္တစ္သင္းလံုးရဲ႕ ပွ်မ္းမွ်အသက္ဟာ ၂၅.၁ ႏွစ္ျဖစ္ျပီး ဒီရာသီ ပရီးမီးယားလိဂ္မွာ အသက္အငယ္ဆံုး အသင္းအျဖစ္လည္း ၂၄ ႏွစ္နဲ႔ ပြဲထြက္ထားတာပါ။

တူညီတဲ့ ႏိႈင္းယွဥ္မႈနဲ႔ ျပရမယ္ဆိုရင္ ဒီရာသီ အသက္အငယ္ဆံုး ပြဲထြက္လူစာရင္း ထုတ္သံုးတဲ့ ပြဲေပါင္း ၅၀ မွာ ၾကီး ၆ ၾကီးထဲက ယူႏုိက္တက္၊ ခ်ယ္ဆီး၊ အာဆင္နယ္တို႔ပဲ ပါဝင္ႏုိင္ျပီး ယူႏုိက္တက္က ၁၅ ၾကိမ္နဲ႔ အမ်ားဆံုးျဖစ္တယ္။ ဒါဟာ ဘယ္လို ခိုင္မာျပီး ႏုပ်ိဳတဲ့ လူစာရင္းကို ယူႏုိက္တက္က ပိုင္ဆုိင္ထားသလဲဆိုတာအတြက္ သက္ေသျဖစ္ပါတယ္။

ေနာက္ထပ္ အားသာခ်က္က ဒီႏွစ္ရဲ႕ ပရီးမီးယားလိဂ္ အသင္း ၂၀ ထဲမွာ အကယ္ဒမီထြက္ေတြ ဂိုးအသြင္းဆံုးက ယူႏုိက္တက္ျဖစ္ပါတယ္။ ယူႏုိက္တက္ အကယ္ဒမီထြက္ေတြျဖစ္တဲ့ ရပ္ဖိုဒ့္၊ ဂရင္းဝုဒ္၊ ေတာ္မီေနး၊ ပါရဲရားနဲ႔ ဝီလီယမ္တို႔ဟာ ဒီရာသီမွာ အသင္းအတြက္ ၂၄ ဂိုးထိ သြင္းယူေပးထားျပီး ကလပ္ ဒီရာသီ သြင္းဂိုးရဲ႕ ၅၅.၈% ထိကို သြင္းယူထားႏုိင္တာပါ။

ဒီရာသီမွာ လူငယ္ေတြနဲ႔ နာမည္ရလာတဲ့ ခ်ယ္ဆီးအသင္း အကယ္ဒမီ ကစားသမားေတြကေတာင္ သြင္းဂိုး ၂၁ ဂိုးပဲ သြင္းယူႏုိင္တာ ျဖစ္ပါတယ္။ ယူႏုိက္တက္ဟာ ကြင္းလယ္မွာ ေပါ့ဘာ၊ ဖာနန္ဒက္စ္ တြဲဘက္မယ္ဆိုရင္ အေတာင့္တင္းဆံုး အသင္းေတြထဲ ပါလာႏုိင္ျပီး ခံစစ္ကဆိုရင္လည္း ပရီးမီးယားလိဂ္ အတည္ျငိမ္ဆံုးထဲကို ပါဝင္လာပါျပီ။

လာမယ့္ရာသီမွာ တိုက္စစ္ပိုင္းကို အားျဖည့္ႏုိင္မယ္ဆိုရင္ ယူႏုိက္တက္ဟာ ခ်န္ပီယံဆုဖလားေတြကို စိန္ေခၚဖို႔ အဆင္သင့္ ျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။