ယူနိုက်တက်အတွက် ပွဲဦးထွက် ကစားပေးခဲ့စဉ်က ခံစားမှုကို ဖာနန်ဒက်စ် ဖွင့်ဟ

ပြီးခဲ့တဲ့ ဇန်နဝါရီကမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်က ၎င်းရဲ့ ပွဲဦးထွက် ယူနိုက်တက် အတွက် ကစားပေးရစဉ်က စိတ်ထဲ ကြောက်ရွံ့တုန့်လှုပ်နေခဲ့ကြောင်း ဖွင့်ဟဝန်ခံလိုက်ပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ထံ ရောက်ရောက်ချင်းပဲ ခြေစွမ်းပြလာနိုင်ခဲ့ပြီး လျင်လျင်မြန်မြန် အထိုင်ကျသွားခဲ့တာ ဖြစ်ပါတယ်။ ဖာနန်ဒက်စ် ရောက်လာပြီး ယူနိုက်တက် ကစားပုံကလည်း ပိုမို သွက်လက်လာခဲ့ကာ ပုံစံကောင်းများ ရလာခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းပြမှုများကြောင့် ပြီးခဲ့တဲ့လ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။

ဖာနန်ဒက်စ်က သူ့ရဲ့ အိုးထရက်ဖို့ဒ် မှာ ကစားခဲ့ရတဲ့ ပထမဆုံးပွဲမှာ ခံစားခဲ့ရပုံတွေ အကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

” ကျနော် စိတ်ထဲ ကြောက်ရွံ့နေခဲ့ပါတယ်၊ ပထမဆုံး ပွဲထွက်ကစားခဲ့ရတဲ့အချိန်မှာပေါ့ ကလေးဘဝတုန်းတည်းက အဲ့ဒီမှာ ကစားခွင့်ရဖို့ ကျနော် အိပ်မက်မက်ခဲ့ရတာပါ၊ ဘောလုံးကွင်းတွေအကြောင်းကို ပြောရမယ်ဆိုရင် ကျနော် အိုးထရက်ဖို့ဒ် နဲ့ ဆန်ဆီရို ကွင်းတွေကို ရွေးချယ်ချင်ပါတယ်၊
ဒီနှစ်ကွင်းဟာ အထင်ကရနေရာတွေဖြစ်ပြီး ကွဲပြားခြားနားတဲ့ ခံစားမှုတွေကို ပေးတယ်။

ကျနော် ဒီကို ဆေးစစ်မှု ခံယူဖို့သွားတဲ့အခါမှာ ထင်ထားတာနဲ့ မတူညီတာတွေ ရှိကြောင်း ကျနော် တွေ့ခဲ့ရပါတယ်၊ လေ့ကျင့်ရေးကွင်းတွေ ဆိုရင်လည်း အလည်အပတ် လာရောက်အနားယူဖို့တောင် ပြုလုပ်ထားသလိုပါပဲ၊ အဲ့ဒါတွေက အရမ်းလည်းကြည့်လို့ကောင်းပါတယ်၊

ယူနိုက်တက် ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးကလပ်တွေထဲကတစ်ခုပါပဲ၊ ပြီးတော့ အိုးထရက်ဖို့ဒ် ရဲ့ ဝင်ပေါက်မှာ ဘာနဲ့မှမတူညီတဲ့ နွေးထွေးမှုကို ရရှိစေပါတယ်၊ ပွဲမစခင် ဥမင်လှိုဏ်ခေါင်းထဲမှာဆိုရင် မယုံကြည်နိုင်လောက်စရာ စိတ်အားတက်ကြွစေတဲ့ ဆူညံမှုတွေကို ကျနော် တို့ ကြားနိုင်ပါတယ် ” လို့ ဖာနန်ဒက်စ်က ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

Zawgyi – ျပီးခဲ့တဲ့ ဇန္န၀ါရီကမွ အသင္းကို ေရာက္ရွိလာခဲ့တဲ့ ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္က ၄င္းရဲ႕ ပြဲဦးထြက္ ယူနိုက္တက္အတြက္ ကစားေပးရစဥ္က စိတ္ထဲ ေၾကာက္ရြံ႕တုန္႔လႈပ္ေနခဲ့ေၾကာင္း ဖြင့္ဟ၀န္ခံလိုက္ပါတယ္။

ဖာနန္ဒက္စ္ဟာ ယူနိုက္တက္ထံ ေရာက္ေရာက္ခ်င္းပဲ ေျခစြမ္းျပလာနိုင္ခဲ့ျပီး လ်င္လ်င္ျမန္ျမန္ အထိုင္က်သြားခဲ့တာ ျဖစ္ပါတယ္။ ဖာနန္ဒက္စ္ ေရာက္လာျပီး ယူနိုက္တက္ ကစားပံုကလည္း ပိုမို သြက္လက္လာခဲ့ကာ ပံုစံေကာင္းမ်ား ရလာခဲ့ပါတယ္။ ဖာနန္ဒက္စ္ရဲ႕ ေျခစြမ္းျပမႈမ်ားေၾကာင့္ ျပီးခဲ့တဲ့လ ပရီးမီးယားလိဂ္ အေကာင္းဆံုး ကစားသမားဆုကိုပါ ရရွိခဲ့ပါတယ္။

ဖာနန္ဒက္စ္က သူ႔ရဲ႕ အိုးထရက္ဖို႔ဒ္ မွာ ကစားခဲ့ရတဲ့ ပထမဆုံးပြဲမွာ ခံစားခဲ့ရပံုေတြ အေၾကာင္း ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

” က်ေနာ္ စိတ္ထဲ ေၾကာက္႐ြံ႕ေနခဲ့ပါတယ္၊ ပထမဆုံး ပြဲထြက္ကစားခဲ့ရတဲ့အခ်ိန္မွာေပါ့ ကေလးဘဝတုန္းတည္းက အဲ့ဒီမွာ ကစားခြင့္ရဖို႔ က်ေနာ္ အိပ္မက္မက္ခဲ့ရတာပါ၊ ေဘာလုံးကြင္းေတြအေၾကာင္းကို ေျပာရမယ္ဆိုရင္ က်ေနာ္ အိုးထရက္ဖို႔ဒ္ နဲ႔ ဆန္ဆီ႐ို ကြင္းေတြကို ေ႐ြးခ်ယ္ခ်င္ပါတယ္၊
ဒီႏွစ္ကြင္းဟာ အထင္ကရေနရာေတြျဖစ္ၿပီး ကြဲျပားျခားနားတဲ့ ခံစားမႈေတြကို ေပးတယ္။

က်ေနာ္ ဒီကို ေဆးစစ္မႈ ခံယူဖို႔သြားတဲ့အခါမွာ ထင္ထားတာနဲ႕ မတူညီတာေတြ ရွိေၾကာင္း က်ေနာ္ ေတြ႕ခဲ့ရပါတယ္၊ ေလ့က်င့္ေရးကြင္းေတြ ဆိုရင္လည္း အလည္အပတ္ လာေရာက္အနားယူဖို႔ေတာင္ ျပဳလုပ္ထားသလိုပါပဲ၊ အဲ့ဒါေတြက အရမ္းလည္းၾကည့္လို႔ေကာင္းပါတယ္၊

ယူႏိုက္တက္ ဟာ ကမာၻေပၚမွာ အႀကီးဆုံးကလပ္ေတြထဲကတစ္ခုပါပဲ၊ ၿပီးေတာ့ အိုးထရက္ဖို႔ဒ္ ရဲ႕ ဝင္ေပါက္မွာ ဘာနဲ႔မွမတူညီတဲ့ ေႏြးေထြးမႈကို ရရွိေစပါတယ္၊ ပြဲမစခင္ ဥမင္လႈိဏ္ေခါင္းထဲမွာဆိုရင္ မယုံၾကည္ႏိုင္ေလာက္စရာ စိတ္အားတက္္ၾကြေစတဲ့ ဆူညံမႈေတြကို က်ေနာ္ တို႔ ၾကားနိုင္ပါတယ္ ” လုိ႔ ဖာနန္ဒက္စ္က ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။