ဗီဒစ် ဗန်ဒိုက် နှိုင်းယှဉ်မှု၊ ဘယ်လင်ဟမ်၊ ဖာနန်ဒက်စ် ပေါ့ဘာတို့နဲ့ ယူနိုက်တက် ညနေခင်းသတင်းများ

ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်က ငယ်တည်းက စိတ်ကူး အိပ်မက်ခဲ့ရတဲ့ အတိုင်း ယူနိုက်တက်အတွက် ပထမဦးဆုံး ပွဲထွက် ကစားခွင့်ရချိန်မှာ ကြောက်ရွံ့နေခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ဘာဘာတော့ဗ်က အသင်းမှာ ပေါ့ဘာကို ဆက်လက် ထိန်းထားဖို့ တိုက်တွန်းသွားခဲ့ပြီး ကွင်းလယ်မှာ ကစားပေါက် တူတဲ့ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ အတူ တွဲ ကစားလို့ရနိုင်မလား မသေချာကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ချယ်ဆီး ကစားသမားဟောင်း Leboeuf က ယူနိုက်တက် ခံစစ်မှူးဟောင်း ဗီဒစ်နဲ့ လက်ရှိ လီဗာပူးမှ ဗန်ဒိုက်တို့ ယှဉ်ရင် ဗန်ဒိုက်က ပိုကောင်းတယ် ယူဆကြောင်း ပြောဆိုလိုက်ပါတယ်။ ဗီဒစ်ကလည်း အရည်အချင်းပြည့် ကစားသမား ဖြစ်ပေမယ့် ဦးဆောင်နိုင်မှုမှာ ဗန်ဒိုက်က ပိုတယ်လို့ ၎င်းက ဆိုခဲ့ပါတယ်။

ယူအီးအက်ဖ်အေက ယူရိုပြိုင်ပွဲများကို ရွှေ့ဆိုင်းကာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲရက်များ ပြင်ဆင် သတ်မှတ်ပြီးနောက် ဥရောပ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲတွေ အားလုံး ဇွန် ၃၀ နောက်ဆုံးထား အပြီးသတ်ရန် အသိပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ပွဲကျန်တွေ အပါအဝင် ရာသီကုန်ထိ ၉၄ ပွဲ ကစားဖို့ ကျန်ရှိသေးတာကြောင့် ပွဲစဉ်များကို ကွင်းပိတ်ကစားစေပြီး ရုပ်သံကနေ တိုက်ရိုက် ထုတ်လွှင့်သွားရန် စီစဉ်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်က ပေါင် သန်း ၃၀ တန် ဘာမင်ဂမ်စီးတီးကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပေမယ့် ကစားသမား ကတော့ ဒေါ့မွန်ကိုသာ ရွေးချယ်ဖို့ ပိုမို စိတ်ဝင်စားနေပါတယ်။

Zawgyi – ယူနိုက္တက္ ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္က ငယ္တည္းက စိတ္ကူး အိပ္မက္ခဲ့ရတဲ့ အတိုင္း ယူနိုက္တက္ အတြက္ ပထမဦးဆံုး ပြဲထြက္ ကစားခြင့္ရခ်ိန္မွာ ေၾကာက္ရြံ႕ေနခဲ့ေၾကာင္း ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္ ကစားသမားေဟာင္း ဘာဘာေတာ့ဗ္က အသင္းမွာ ေပါ့ဘာကို ဆက္လက္ ထိန္းထားဖို႔ တိုက္တြန္းသြားခဲ့ျပီး ကြင္းလယ္မွာ ကစားေပါက္ တူတဲ့ ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္တို႔ အတူ တြဲ ကစားလို႔ရနိုင္မလား မေသခ်ာေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

ခ်ယ္ဆီး ကစားသမားေဟာင္း Leboeuf က ယူနုိက္တက္ ခံစစ္မွဴးေဟာင္း ဗီဒစ္နဲ႕ လက္ရွိ လီဗာပူးမွ ဗန္ဒိုက္တို႔ ယွဥ္ရင္ ဗန္ဒိုက္က ပိုေကာင္းတယ္ ယူဆေၾကာင္း ေျပာဆိုလိုက္ပါတယ္။ ဗီဒစ္ကလည္း အရည္အခ်င္းျပည့္ ကစားသမား ျဖစ္ေပမယ့္ ဦးေဆာင္နုိင္မႈမွာ ဗန္ဒိုက္က ပိုတယ္လို႔ ၄င္းက ဆိုခဲ့ပါတယ္။

ယူအီးအက္ဖ္ေအက ယူရိုျပိဳင္ပြဲမ်ားကို ေရႊ႕ဆိုင္းကာ ခ်န္ပီယံလိဂ္နဲ႕ ယူရိုပါလိဂ္ ဗိုလ္လုပြဲရက္မ်ား ျပင္ဆင္ သတ္မွတ္ျပီးေနာက္ ဥေရာပ ျပည္တြင္း အမွတ္ေပးျပိဳင္ပြဲေတြ အားလံုး ဇြန္ ၃၀ ေနာက္ဆံုးထား အျပီးသတ္ရန္ အသိေပးလုိက္ပါတယ္။

ပရီးမီးယားလိဂ္ဟာ ပြဲက်န္ေတြ အပါအ၀င္ ရာသီကုန္ထိ ၉၄ ပြဲ ကစားဖို႕ က်န္ရွိေသးတာေၾကာင့္ ပြဲစဥ္မ်ားကို ကြင္းပိတ္ကစားေစျပီး ရုပ္သံကေန တိုက္ရိုက္ ထုတ္လႊင့္သြားရန္ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ယူနိုက္တက္က ေပါင္ သန္း ၃၀ တန္ ဘာမင္ဂမ္စီးတီးၾကယ္ပြင့္ ဘယ္လင္ဟမ္ကို ေခၚယူဖို႔ စိတ္အားထက္သန္ေနေပမယ့္ ကစားသမား ကေတာ့ ေဒါ့မြန္ကိုသာ ေရြးခ်ယ္ဖို႔ ပိုမို စိတ္၀င္စားေနပါတယ္။