မော်လမြိုင်မှာ အိမ် ခြေံမြေ အငှားနဲ့ အရောင်းစျေးနှုန်းတွေ မြင့်တက်နေ

မွန်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် နယ်မြေ မတည်ငြိမ်ဖြစ်နေရာ မြို့ပေါ်ဖြစ်တဲ့ မော်လမြိုင်မြို့ပေါ်သို့ ပြောင်းရွေ့လာသူ များလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

အိမ်၊ ခြံ၊ မြေ ဝယ်ယူသူများ များလာသလို အိမ်အဌားရှာသူများလည်း ယခင်နှစ်များထက် ပိုမိုများလာနေကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

“တိုက်ခန်းတို့အိမ်တို့ ဝယ်တဲ့သူတွေထက် အဌားပိုများတယ်။ လုံးချင်းပဲရရ တိုက်ခန်းပဲ ရရ ဌားမယ်ဆိုတဲ့လူတွေ ပိုများလာတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ မော်လမြိုင်မြို့ပေါ်ရှိ အဌားတိုက်ခန်းများအားလုံးတွင် လူပြည့်နေသည့်အထိ နေထိုင်သူများလာကြောင်း ဆိုသည်။

အိမ်၊ ခြံ‌၊ မြေ၏ ဈေးကွက်အတွင်း အဝယ်နှင့် အဌား များလာသောကြောင့် ဈေးနှုန်းများလည်း မြင့်တက်လာနေကြောင်း သိရသည်။