နေအိမ်မှာ ဂျူဗင်တပ်ဂျာစီ ဝတ်ဆင်ပြီး ပေါ့ဘာ လေ့ကျင့်ရေး ဆင်းနေခြင်း အကြောင်းရင်း
ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာဟာ ဂျူဗင်တပ်ဂျာစီ ဝတ်ဆင်ပြီး လေ့ကျင့်ရေး ဆင်းပြခဲ့တာကြောင့် သတင်းမှားတွေကို ဖိတ်ခေါ်သလို ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့်လို့ ဒါက ကောင်းမွန်တဲ့ လုပ်ရပ်အဖြစ် ဂျူဗင်တပ်အသင်းမှာ ကိုရိုနာ ကူးစက်ခံထားရတဲ့ ပြင်သစ်လက်ရွေးစင်အသင်းဖော်နဲ့ ဂျူဗင်တပ်အသင်းဖော်ဟောင်း မာတွီဒီကို အားပေးတဲ့အနေနဲ့ လုပ်ဆောင်ပြခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ဝေဖန်ခံရမှုတွေ ရှိမယ်ဆိုတာကိုလည်း နားလည်ထားပါတယ်လို့ ပေါ့ဘာက ဖွင့်ဟခဲ့တယ်။
ပေါ့ဘာက အင်စတာဂရမ်ကနေပဲ ” လေ့ကျင့်ရေးကွင်းသစ်ကို Quarantine PP Arena လို့ ခေါ်ပြီး ၂၄/၇ ဖွင့်ထားတာဖြစ်ပါတယ်။ အိမ်မှာပဲ တည်ဆောက်ထားတာဖြစ်ပြီး ညီကိုဖြစ်တဲ့ လင်ဒီအော့နဲ့ ကောင်းကောင်းမွန်မွန် လေ့ကျင့်ရေးတွေ လုပ်နေတာဖြစ်ပါတယ်။
ဂျူဗင်တပ်ဂျာစီကို ဝတ်ဆင်ထားတာအတွက် လူတွေက ယေဖန်မှုတွေ လုပ်ကြမယ်ဆိုတာကို ကျနော် သိပါတယ်။ ကျနေ်ာကတော့ ကိုယ်ရဲ့ သူငယ်ချင်းတွေကို အားပေးလိုတာပါပဲ။ ဒီထက် ဘာတစ်ခုမှ မပိုပါဘူး ” လို့ ဖော်ပြသွားတာဖြစ်ပါတယ်။ လူမှုကွန်ယက်မှာတော့ ဒါဟာ အားကစားစိတ်ဓါတ်ရှိတဲ့ အပြုအမှုတစ်ခုအဖြစ် ချီးကျူးခံနေရပါတယ်။
ဒီရာသီ တစ်ခုလုံးကို ဒဏ်ရာကြောင့် လွဲဖယ်နေရတဲ့ ပေါ့ဘာဟာ ပုံမှန်ဆိုရင်တော့ ဒီအပတ်မှာ စီနီယာအသင်းနဲ့ လေ့ကျင့်ရေး ပြန်ဆင်းရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကာရင်တန်ကို ပိတ်လိုက်ရတာကြောင့် သူက အိမ်မှာပဲ လေ့ကျင့်ရေးတွေ ဆက်လုပ်နေရတာပါ။
အကယ်လို့ ဧပြီလ ၄ ရက်နေကစပြီး ပရီးမီးယားလိဂ်ကလပ်တွေ လေ့ကျင့်ရေး ပြန်ဆင်းမယ်ဆိုရင် ပေါ့ဘာကလည်း အကောင်းဆုံး ကြံ့ခိုင်မှုတွေမှာ ရှိနေမယ်လို ယူဆရတာဖြစ်ပါတယ်။
ZAWGYI
ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဘာဟာ ဂ်ဴဗင္တပ္ဂ်ာစီ ဝတ္ဆင္ျပီး ေလ့က်င့္ေရး ဆင္းျပခဲ့တာေၾကာင့္ သတင္းမွားေတြကို ဖိတ္ေခၚသလို ျဖစ္လာခဲ့ပါတယ္။
ဒါေပမယ့္လို႔ ဒါက ေကာင္းမြန္တဲ့ လုပ္ရပ္အျဖစ္ ဂ်ဴဗင္တပ္အသင္းမွာ ကိုရိုနာ ကူးစက္ခံထားရတဲ့ ျပင္သစ္လက္ေရြးစင္အသင္းေဖာ္နဲ႔ ဂ်ဴဗင္တပ္အသင္းေဖာ္ေဟာင္း မာတီြဒီကို အားေပးတဲ့အေနနဲ႔ လုပ္ေဆာင္ျပခဲ့တာျဖစ္ပါတယ္။ ဒီအတြက္ ေဝဖန္ခံရမႈေတြ ရွိမယ္ဆိုတာကိုလည္း နားလည္ထားပါတယ္လုိ႔ ေပါ့ဘာက ဖြင့္ဟခဲ့တယ္။
ေပါ့ဘာက အင္စတာဂရမ္ကေနပဲ ” ေလ့က်င့္ေရးကြင္းသစ္ကို Quarantine PP Arena လို႔ ေခၚျပီး ၂၄/၇ ဖြင့္ထားတာျဖစ္ပါတယ္။ အိမ္မွာပဲ တည္ေဆာက္ထားတာျဖစ္ျပီး ညီကိုျဖစ္တဲ့ လင္ဒီေအာ့နဲ႔ ေကာင္းေကာင္းမြန္မြန္ ေလ့က်င့္ေရးေတြ လုပ္ေနတာျဖစ္ပါတယ္။
ဂ်ဴဗင္တပ္ဂ်ာစီကို ဝတ္ဆင္ထားတာအတြက္ လူေတြက ေယဖန္မႈေတြ လုပ္ၾကမယ္ဆိုတာကို က်ေနာ္ သိပါတယ္။ က်ေန္ာကေတာ့ ကိုယ္ရဲ႕ သူငယ္ခ်င္းေတြကို အားေပးလိုတာပါပဲ။ ဒီထက္ ဘာတစ္ခုမွ မပိုပါဘူး ” လို႔ ေဖာ္ျပသြားတာျဖစ္ပါတယ္။ လူမႈကြန္ယက္မွာေတာ့ ဒါဟာ အားကစားစိတ္ဓါတ္ရွိတဲ့ အျပဳအမႈတစ္ခုအျဖစ္ ခ်ီးက်ဴးခံေနရပါတယ္။
ဒီရာသီ တစ္ခုလံုးကို ဒဏ္ရာေၾကာင့္ လြဲဖယ္ေနရတဲ့ ေပါ့ဘာဟာ ပံုမွန္ဆိုရင္ေတာ့ ဒီအပတ္မွာ စီနီယာအသင္းနဲ႔ ေလ့က်င့္ေရး ျပန္ဆင္းရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ကာရင္တန္ကို ပိတ္လိုက္ရတာေၾကာင့္ သူက အိမ္မွာပဲ ေလ့က်င့္ေရးေတြ ဆက္လုပ္ေနရတာပါ။
အကယ္လို႔ ဧျပီလ ၄ ရက္ေနကစျပီး ပရီးမီးယားလိဂ္ကလပ္ေတြ ေလ့က်င့္ေရး ျပန္ဆင္းမယ္ဆိုရင္ ေပါ့ဘာကလည္း အေကာင္းဆံုး ၾကံ႕ခိုင္မႈေတြမွာ ရွိေနမယ္လို ယူဆရတာျဖစ္ပါတယ္။