စက်သုံးဆီ လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်း ရောင်းချပေးမည်
November 17, 2024 | No Comments
ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီ တင်သွင်းသောလုပ်ငန်းရှင်များသို့ အမေရိကန်ဒေါ်လာ (၃၅) သန်း ရောင်းချပေးမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ဗဟိုဘဏ်အနေဖြင့် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာ (၁၁) ရက်အထိ (၃)လခွဲအတွင်း ဒေါ်လာ (၂၅၆)သန်းကျော်၊ ထိုင်းဘတ် (၁)ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၄) သန်းကျော်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ် ၇ လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံကျော် ထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့တွင် ပြင်ပငွေကြေးဈေးကွက်၌ တစ်ဒေါ်လာ ကျပ် (၄၄၈၀)ကျပ်၊ ထိုင်းငွေ တစ်ဘတ် (၁၂၉) ကျပ်နှင့် တရုတ်တစ်ယွမ် (၆၁၂) ကျပ်တို့ဖြင့် အကျဘက်သို့ဦးတည်နေကြောင်း သိရသည်။