စျေးကွက်အပေါ် သက်ရောက်မှုရှိမည့် ပမာဏမျိုးထိ အမေရိကန် ဒေါ်လာနှင့် ထိုင်းဘတ် ရောင်းချလိုက်သည့် ဗဟိုဘဏ်

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် နိုင်ငံခြားငွေကြေးဈေးကွက်ထဲသို့ ကန်ဒေါ်လာ သန်း ၂၀ နှင့် ထိုင်းဘတ်ငွေ သန်းပေါင်း ၁၀၀ အတိအား ဗဟိုဘဏ်ဘက်က ထုတ်ရောင်းခဲ့ပြီဖြစ်ပါတယ်။

စက်သုံးဆီလုပ်ငန်းရှင်များသို့ အမေရိကန်ဒေါ်လာ ၃၅ သန်းအား အွန်လိုင်းနိုင်ငံခြားငွေအရောင်းအဝယ်ဈေးကွက် (FX Market Online Trading Platform) မှတစ်ဆင့် ရောင်းချပေးဦးမည်ဟု ကြေညာအပြီး ရက်အနည်းအကြာတွင် အခုလို ထုတ်ရောင်းလာခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့၌ တစ်ဒေါ်လာငွေလဲနှုန်း ၃,၅၈၃ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ အတိအား ဗဟိုဘဏ်က ဈေးကွက်ထဲသို့ ရောင်းချပေးခဲ့သည်။

၎င်းအပြင် နိုဝင်ဘာလ ၁၉ ရက်နေ့ တစ်ရက်တည်း၌ ထိုင်း(ဘတ်) တစ်ဘတ်ငွေလဲလှယ်နှုန်း ၁၂၇.၃၀ ကျပ်နှုန်းအတိုင်း ထိုင်းဘတ်သန်းပေါင်း ၁၀၀ အတိအား FX Market မှတစ်ဆင့် ဗဟိုဘဏ်က ရောင်းချခဲ့သည်။

ဒီလအတွင်း အကျအားသာနေသည့် ဒေါ်လာစျေးများသည် ရက်ပိုင်းအတွင်းမှာ စျေးနှုန်းပြန်တက်မှုတွေရှိလာနေကာ ဗဟိုဘဏ်ဘက်က ရောင်းချပေးခြင်းသည် စျေးကွက်အပေါ် သက်ရောက်မှုရှိလာနိုင်သည်။