ယူရို ၂၀၂၀ ကို တစ်နှစ် နောက်ဆုတ်မှုကြောင့် အကျိုးဖြစ်မယ့် ယူနိုက်တက်အသင်းသား ၃ ဦး
ယူအီးအက်ဖ်အေကတော့ ၂၀၂၀ ယူရို ပြိုင်ပွဲကို ၁၂ လ နောက်ဆုတ်ပြီး ၂၀၂၁ ခုနှစ် နွေမှပဲ ပြောင်းလဲ ကျင်းပဖို့ တရားဝင် သက်မှတ်ခဲ့ပြီဖြစ်ပါတယ်။
ဥရောပကို ပျံ့နှံ့လာတဲ့ ကိုရိုနာ အန္တရာယ်ကို ကာကွယ်ဖို့နဲ့ ဥရောပ အမှတ်ပေးလိဂ်တွေ လက်ရှိ ဘောလုံးရာသီကို အဆုံးသတ်နိုင်စေဖို့ ရည်ရွယ်ပြီး အခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်မှုကြောင့် လာမယ့် ရာသီမှာ ပိုမိုတဲ့ လူငယ်တွေဟာ အခွင့်အရေးကောင်းတွေ ရလာမှာဖြစ်ပြီး ယူနိုက်တက် အသင်းသားတွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
ယူရို ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်မှ ကျင်းပမှာဖြစ်လို့ အကျိုးဖြစ်မယ့် ယူနိုက်တက် အသင်းသားတွေထဲမှာ ဒီရာသီ အထူး ခြေစွမ်းပြနေတဲ့ အင်္ဂလန်သား လူငယ်ကစားသမား သုံးဦးလည်း ပါဝင်လာပါတယ်။ သူတို့က ဒင်းဟန်ဒါဆန်၊ ဝီလီယမ်နဲ့ ဂရင်းဝုဒ်ပဲ ဖြစ်ပါတယ်။
ဒင်းဟန်ဒါဆန်ဟာ မနှစ်ကရာသီ ချန်ပီယံရှစ်မှာ ကျင်လယ်ခဲ့ပြီး ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ကလပ် ရှက်ဖီးမှာ တောက်ပနေသူပါ။ အင်္ဂလန်အသင်း လက်ရွေးစင်ဂိုးသမား ပစ်ဖိုဒ့် လက်စွမ်း ကျဆင်းနေပေမယ့် ဟန်ဒါဆန်ဟာ အတွေ့အကြုံနည်းတာကြောင့် ဒီနွေမှာဆိုရင် အင်္ဂလန်ဂိုးသမားနေရာကို ချိန်ရွယ်နိုင်ဖို့ ခက်ခဲနေပါတယ်။ ဒါပေမယ့် လာမယ့်ရာသီမှာတော့ ပိုမို အတွေ့အကြုံ များလာမယ့် ဟန်ဒါဆန်က နံပါတ် တစ် ဂိုးသမားနေရာကို စိန်ခေါ်သွားနိုင်ပါတယ်။
ဝီလီယမ်ဟာလည်း ဒီရာသီမှာ ဘယ်အစွန်ကနေ တောက်ပလာသူပါ။ သူဟာ လုရှောကို ကျော်ပြီး နေရာရလာဖို့ထိ ရှိနေပေမယ့် အင်္ဂလန်အသင်းမှာတော့ ဘာထရတ်၊ ချီဝဲလ်တို့ကို ကျော်နိုင်ဖို့ မလွယ်လှပါဘူး။ ယူရိုပြိုင်ပွဲ နောက်ဆုတ်ခဲ့ပြီဖြစ်လို့ အရည်အချင်းတွေ ပိုမို ထုတ်ပြနိုင်ခွင့်နဲ့အတူ ဝီလီယမ်ဟာ ယူရိုအတွက် ထည့်စဉ်းစားစရာ ဖြစ်လာပါမယ်။
ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အတောက်ပဆုံး လူငယ်ကြယ်ပွင့် တစ်ဦးဖြစ်သူ ဂရင်းဝုဒ်က ယူနိုက်တက် တိုက်စစ်မှာ နေရာတစ်နေရာ စရလာခဲ့ပါပြီ။ လာမယ့် ရာသီမှာတော့ ပုံမှန် ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်နိုင်မှုနဲ့အတူ သူဟာ အသင်းဖော် ရပ်ဖိုဒ့်နဲ့အတူ လက်ရွေးစင်အသင်းထံ ဝင်ရောက်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရလာမှာဖြစ်ပါတယ်။
ZAWGYI
ယူအီးအက္ဖ္ေအကေတာ့ ၂၀၂၀ ယူရို ျပိဳင္ပြဲကို ၁၂ လ ေနာက္ဆုတ္ျပီး ၂၀၂၁ ခုႏွစ္ ေႏြမွပဲ ေျပာင္းလဲ က်င္းပဖို႔ တရားဝင္ သက္မွတ္ခဲ့ျပီျဖစ္ပါတယ္။
ဥေရာပကို ပ်ံ႔ႏွံ႔လာတဲ့ ကိုရိုနာ အႏၱရာယ္ကို ကာကြယ္ဖို႔နဲ႔ ဥေရာပ အမွတ္ေပးလိဂ္ေတြ လက္ရွိ ေဘာလံုးရာသီကို အဆံုးသတ္ႏုိင္ေစဖို႔ ရည္ရြယ္ျပီး အခုလို ဆံုးျဖတ္ခဲ့ျခင္း ျဖစ္ပါတယ္။ ယူအီးအက္ဖ္ေအရဲ႕ ဆံုးျဖတ္မႈေၾကာင့္ လာမယ့္ ရာသီမွာ ပိုမိုတဲ့ လူငယ္ေတြဟာ အခြင့္အေရးေကာင္းေတြ ရလာမွာျဖစ္ျပီး ယူႏုိက္တက္ အသင္းသားေတြလည္း ပါဝင္လာမွာ ျဖစ္ပါတယ္။
ယူရို ျပိဳင္ပြဲကို ၂၀၂၁ ခုႏွစ္မွ က်င္းပမွာျဖစ္လို႔ အက်ိဳးျဖစ္မယ့္ ယူႏုိက္တက္ အသင္းသားေတြထဲမွာ ဒီရာသီ အထူး ေျခစြမ္းျပေနတဲ့ အဂၤလန္သား လူငယ္ကစားသမား သံုးဦးလည္း ပါဝင္လာပါတယ္။ သူတို႔က ဒင္းဟန္ဒါဆန္၊ ဝီလီယမ္နဲ႔ ဂရင္းဝုဒ္ပဲ ျဖစ္ပါတယ္။
ဒင္းဟန္ဒါဆန္ဟာ မႏွစ္ကရာသီ ခ်န္ပီယံရွစ္မွာ က်င္လယ္ခဲ့ျပီး ဒီရာသီမွာေတာ့ ပရီးမီးယားလိဂ္ကလပ္ ရွက္ဖီးမွာ ေတာက္ပေနသူပါ။ အဂၤလန္အသင္း လက္ေရြးစင္ဂိုးသမား ပစ္ဖိုဒ့္ လက္စြမ္း က်ဆင္းေနေပမယ့္ ဟန္ဒါဆန္ဟာ အေတြ႔အၾကံဳနည္းတာေၾကာင့္ ဒီေႏြမွာဆိုရင္ အဂၤလန္ဂိုးသမားေနရာကို ခ်ိန္ရြယ္ႏုိင္ဖို႔ ခက္ခဲေနပါတယ္။ ဒါေပမယ့္ လာမယ့္ရာသီမွာေတာ့ ပိုမို အေတြ႔အၾကံဳ မ်ားလာမယ့္ ဟန္ဒါဆန္က နံပါတ္ တစ္ ဂိုးသမားေနရာကို စိန္ေခၚသြားႏုိင္ပါတယ္။
ဝီလီယမ္ဟာလည္း ဒီရာသီမွာ ဘယ္အစြန္ကေန ေတာက္ပလာသူပါ။ သူဟာ လုေရွာကို ေက်ာ္ျပီး ေနရာရလာဖို႔ထိ ရွိေနေပမယ့္ အဂၤလန္အသင္းမွာေတာ့ ဘာထရတ္၊ ခ်ီဝဲလ္တို႔ကို ေက်ာ္ႏုိင္ဖို႔ မလြယ္လွပါဘူး။ ယူရိုျပိဳင္ပြဲ ေနာက္ဆုတ္ခဲ့ျပီျဖစ္လို႔ အရည္အခ်င္းေတြ ပိုမို ထုတ္ျပႏုိင္ခြင့္နဲ႔အတူ ဝီလီယမ္ဟာ ယူရိုအတြက္ ထည့္စဥ္းစားစရာ ျဖစ္လာပါမယ္။
ဒီရာသီ ပရီးမီးယားလိဂ္ရဲ႔ အေတာက္ပဆံုး လူငယ္ၾကယ္ပြင့္ တစ္ဦးျဖစ္သူ ဂရင္းဝုဒ္က ယူႏုိက္တက္ တိုက္စစ္မွာ ေနရာတစ္ေနရာ စရလာခဲ့ပါျပီ။ လာမယ့္ ရာသီမွာေတာ့ ပံုမွန္ ပြဲထြက္ခြင့္အတြက္ တိုက္ပြဲဝင္ႏုိင္မႈနဲ႔အတူ သူဟာ အသင္းေဖာ္ ရပ္ဖိုဒ့္နဲ႔အတူ လက္ေရြးစင္အသင္းထံ ဝင္ေရာက္ႏုိင္ဖို႔ အခြင့္အေရးေကာင္းေတြ ရလာမွာျဖစ္ပါတယ္။