၁၉-၂၀ နှစ်ရက်ဆက်တိုက် သန်းဆယ်ချီ ရောင်းချခြင်းကြောင့် ဒေါ်လာစျေးတွေ ကျဖွယ်ရှိ

စက်သုံးဆီတင်သွင်းရောင်းချသော လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်းကို ရောင်းချပေးမည်ဟု ကြေညာခဲ့ပြီးနောက် နိုဝင်ဘာလ ၁၉-၂၀ နေ့တွေမှာ ၂ ရက်ဆက်တိုက် ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းလာသည်။

ယခုလအတွင်း ဆက်တိုက်ကျဆင်းပေမယ့်လို့ ဒီအပတ်ကစပြီး ပြည်တွင်းမှာ ဒေါ်လာနှင့် ရွှေစျေးများ ပြန်တက်လာနေချိန် ဗဟိုဘဏ်ဘက်က ဒေါ်လာနှင့် ဘတ်တို့အား သန်းဆယ်ချီ ထုတ်ရောင်းလာနေခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် နိုင်ငံခြားငွေကြေးဈေးကွက်ထဲသို့ ကန်ဒေါ်လာ သန်း ၂၀ နှင့် ထိုင်းဘတ်ငွေ သန်းပေါင်း ၁၀၀ အတိအား အွန်လိုင်းနိုင်ငံခြားငွေကြေးရောင်းဝယ်ရေးဈေးကွက် (FX Market Online Trading Platform) မှတစ်ဆင့် လုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်ဘက်က ထုတ်ရောင်းခဲ့သည်။

ထို့အပြင် နိုဝင်ဘာလ ၂၀ ရက်နေ့၌ တစ်ဒေါ်လာငွေလဲနှုန်း ၃,၅၈၃ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ ၂၄ သန်းတိတိအား ဗဟိုဘဏ်ဘက်က ထပ်မံ ရောင်းချလာခြင်းဖြစ်သည်။

ဗဟိုဘဏ်ရဲ့ ရောင်းချမှုကြောင့် ပြည်တွင်းမှာ ဒေါ်လာနဲ့ ရွှေစျေး ကျဆင်းလာဖွယ် ရှိနေသည်။