ကမ္ဘာ့ရွှေနဲ့အတူ ပြည်တွင်းရွှေစျေးတွေ ထပ်တက်လာတဲ့ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ရွှေစျေး၊ ဒေါ်လာစျေးများ
November 22, 2024 | No Comments
ကမ္ဘာ့ရေးရာကိစ္စတွေကြောင့် ကမ္ဘာ့ရွှေဈေးဟာ ၁ အောင်စကို ၂၇၀၀ ဒေါ်လာ ပြန်ကျော်သွားခဲ့ပြီဖြစ်ပါတယ်။
တဟုန်ထိုးကျဆင်းနေခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ ဒီအပတ်ထဲမှာ ဆက်တိုက်ပြန်လည်မြင့်တက်လာနေခဲ့ကာ လက်ရှိမှာတော့ ၂၇၀၀ ကို ပြန်ပြီး ဖောက်ထွက်သွားပါတယ်။
ပြည်တွင်းမှာ ၁၆ ပဲရည် အခေါက်ရွှေဈေးဟာ ၆၂ သိန်းနဲ့ ၆၃ သိန်းကြားမှာ ဆက်ရှိနေပြီး ဒေါ်လာစျေးတက်ရင် ထပ်တက်လာဖွယ် ရှိနေပါတယ်။
ဒီအပတ်အတွင်း ဗဟိုဘဏ်ဘက်က ဒေါ်လာ ၄၄ သန်းကျော် ထုတ်ရောင်းထားပြီး ဘတ် သန်း ၁၀၀ လည်း ရောင်းချထားပါတယ်။ လာမယ့်ရက်အတွင်း နောက်ထပ် ဘတ် သန်း ၅၀ ထပ်ရောင်းမယ်လို့ ကြေညာထားတယ်။
ပြင်ပစျေးကွက်မှာတော့ ဒေါ်လာစျေး ၄၄၀၀-၄၅၀၀ ဝန်းကျင်မှာရှိနေကာ ထိုင်းဘတ်စျေးတွေလည်း ပြန်မာလာနေပြီဖြစ်ပါတယ်။
