ကိုရိုနာ ကပ်ဘေးကြောင့် ယူနိုက်တက်ကို ရော်နယ်ဒို ပြန်ပြောင်းမယ်လို့ စပိန်သတင်းတွေ ဖော်ပြ
စပိန်အခြေစိုက် သတင်းတွေကတော့ အီတလီမှာ အခြေအနေဆိုးတဲ့ ကိုရိုနာ ကပ်ဘေးကြောင့် ဒီနွေမှာ ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က သူထွက်ခွာခဲ့တဲ့ မန်ချက်စတာမြေကို ပြန်နင်းဖို့ ကြိုးစားလာနိုင်တယ်လို့ ဖော်ပြလာပါတယ်။
ဒီကပ်ဘေးဟာ ဘောလုံးကလပ်တွေကို ဖရိုဖရဲဖြစ်စေပြီး စီးပွားရေးပိုင်းဆိုင်ရာ ဟန်ချက်ပျက်မှုတွေ ဖြစ်စေမယ်လို့ ခန့်မှန်းထားရတယ်။ ကလပ်တွေက ကစားသမား လုပ်ခတွေကို လျော့ချဖို့ အဓိက ဦးတည်လာမှာ ဖြစ်သလို ပြောင်းရွှေ့ကြေးတွေ ရှာဖွေပြီး အသင်းတွေ ရှေ့ဆက်ဖို့ လုပ်ဆောင်လိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။
ဂျူဗင်တပ်ဟာ ကလပ်ရဲ့ လုပ်ခ အမြင့်ဆုံး ကစားသမားဖြစ်သူ ရော်နယ်ဒိုအတွက် ပေးချေနေရတဲ့ ရော်နယ်ဒိုကို ရောင်းထုတ်လိုက်ဖို့ကို ဦးစားပေးအဖြစ် လုပ်ဆောင်လာမှာဖြစ်တယ်။ ရော်နယ်ဒိုကို ခေါ်ယူနိုင်မယ့် အသင်းက အများကြီး မရှိပဲ ပီအက်ဂျီနဲ့ ယူနိုက်တက်တို့လောက်ပဲ ရှိကာ ဒီအချက်ကြောင့်ပဲ ယူနိုက်တက်နဲ့ ရော်နယ်ဒို ပြန်ပေါင်းထုပ်တာ မြင်မယ်လို့ ဆိုတာဖြစ်ပါတယ်။
လက်တလောထိတော့ ဥရောပ ကလပ်တွေဟာ အသင်းဝန်ထမ်းတွေ လုပ်ခပိုင်းအတွက် အသင်းသားတွေကို လုပ်ခ လျော့ယူဖို့ ညိနှိုင်းနေကြတာကလွဲလို့ အခြားသော ကိစ္စတွေ မရှိသေးပါဘူး။ ဒါပေမယ့် လိဂ်အဆုံးသတ်မှု နောက်ကျတဲ့အပေါ် မူတည်ပြီး ကလပ်တွေက အရံှူးပေါ်လာကြမှာဖြစ်တယ်။
ယူအီးအက်ဖ်အေက ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းကို ရေတို ဖြေလျော့ပေးဖို့ထိတောင် ပြင်ဆင်ထားပါတယ်။ ယူနိုက်တက် ကိုယ်တိုင်ကလည်း နွေမှာ ဆန်းချက် ပြန်လာမှာဖြစ်လို့ လုပ်ခပိုင်း ထိန်းကွပ်မှုကို ဂရုစိုက်ရမှာဖြစ်ကာ ဆန်းချက်ကို ရောင်းထုတ်နိုင်ရင်တော့ ရော်နယ်ဒိုအတွက် တစ်ပတ် ပေါင် ၅ သိန်း ပေးဖို့ မခက်ဘူးဆိုတဲ့ logical option တွေလည်း ရှိနေတာဖြစ်ပါတယ်။
ZAWGYI
စပိန္အေျခစိုက္ သတင္းေတြကေတာ့ အီတလီမွာ အေျခအေနဆိုးတဲ့ ကိုရိုနာ ကပ္ေဘးေၾကာင့္ ဒီေႏြမွာ ေရာ္နယ္ဒိုဟာ လြန္ခဲ့တဲ့ ၁၁ ႏွစ္က သူထြက္ခြာခဲ့တဲ့ မန္ခ်က္စတာေျမကို ျပန္နင္းဖို႔ ၾကိဳးစားလာႏုိင္တယ္လို႔ ေဖာ္ျပလာပါတယ္။
ဒီကပ္ေဘးဟာ ေဘာလံုးကလပ္ေတြကို ဖရိုဖရဲျဖစ္ေစျပီး စီးပြားေရးပိုင္းဆိုင္ရာ ဟန္ခ်က္ပ်က္မႈေတြ ျဖစ္ေစမယ္လို႔ ခန္႔မွန္းထားရတယ္။ ကလပ္ေတြက ကစားသမား လုပ္ခေတြကို ေလ်ာ့ခ်ဖို႔ အဓိက ဦးတည္လာမွာ ျဖစ္သလို ေျပာင္းေရႊ႔ေၾကးေတြ ရွာေဖြျပီး အသင္းေတြ ေရွ႔ဆက္ဖို႔ လုပ္ေဆာင္လိမ့္မယ္လို႔ သံုးသပ္ထားၾကပါတယ္။
ဂ်ဴဗင္တပ္ဟာ ကလပ္ရဲ႕ လုပ္ခ အျမင့္ဆံုး ကစားသမားျဖစ္သူ ေရာ္နယ္ဒိုအတြက္ ေပးေခ်ေနရတဲ့ ေရာ္နယ္ဒိုကို ေရာင္းထုတ္လုိက္ဖို႔ကို ဦးစားေပးအျဖစ္ လုပ္ေဆာင္လာမွာျဖစ္တယ္။ ေရာ္နယ္ဒိုကို ေခၚယူႏုိင္မယ့္ အသင္းက အမ်ားၾကီး မရွိပဲ ပီအက္ဂ်ီနဲ႔ ယူႏုိက္တက္တို႔ေလာက္ပဲ ရွိကာ ဒီအခ်က္ေၾကာင့္ပဲ ယူႏုိက္တက္နဲ႔ ေရာ္နယ္ဒို ျပန္ေပါင္းထုပ္တာ ျမင္မယ္လို႔ ဆိုတာျဖစ္ပါတယ္။
လက္တေလာထိေတာ့ ဥေရာပ ကလပ္ေတြဟာ အသင္းဝန္ထမ္းေတြ လုပ္ခပိုင္းအတြက္ အသင္းသားေတြကို လုပ္ခ ေလ်ာ့ယူဖို႔ ညိႏိႈင္းေနၾကတာကလြဲလို႔ အျခားေသာ ကိစၥေတြ မရွိေသးပါဘူး။ ဒါေပမယ့္ လိဂ္အဆံုးသတ္မႈ ေနာက္က်တဲ့အေပၚ မူတည္ျပီး ကလပ္ေတြက အရံွဴးေပၚလာၾကမွာျဖစ္တယ္။
ယူအီးအက္ဖ္ေအက ဘ႑ာေရးဆိုင္ရာ စည္းမ်ဥ္းကို ေရတို ေျဖေလ်ာ့ေပးဖို႔ထိေတာင္ ျပင္ဆင္ထားပါတယ္။ ယူႏုိက္တက္ ကိုယ္တုိင္ကလည္း ေႏြမွာ ဆန္းခ်က္ ျပန္လာမွာျဖစ္လို႔ လုပ္ခပိုင္း ထိန္းကြပ္မႈကို ဂရုစိုက္ရမွာျဖစ္ကာ ဆန္းခ်က္ကို ေရာင္းထုတ္ႏုိင္ရင္ေတာ့ ေရာ္နယ္ဒိုအတြက္ တစ္ပတ္ ေပါင္ ၅ သိန္း ေပးဖို႔ မခက္ဘူးဆိုတဲ့ logical option ေတြလည္း ရွိေနတာျဖစ္ပါတယ္။