ယူနိုက်တက်ထံ ပြန်လာရင် ဘောနပ်စ် သန်းချီပိုက်ရဦးမယ့် ဆန်းချက်စ်
အင်တာမီလန်မှာ အငှား သွားရောက် ကစားနေတဲ့ ယူနိုက်တက် တိုက်စစ်သမား ဆန်းချက်ဟာ လာမယ့် ဇူလိုင် အငှားပြီးဆုံးချိန်မှာ မိခင်ကလပ်အသင်းထံ ပြန်လာပါက ယူနိုက်တက်က ဆန်းချက်ကို သစ္စာရှိကြေး ဘောနပ်စ် ယူရို ၁.၁ သန်း ပေးရဖို့ ရှိနေပါတယ်။
အိုးထရက်ဖို့ဒ်မှာ ခြေစွမ်း မပြနိုင်တဲ့ ဆန်းချက်ကို ယူနိုက်တက် ပရိသတ်အများစုကတော့ ပြန်လာဖို့ လိုလားခြင်း မရှိပါဘူး။ အင်တာမီလန်မှာ ဆန်းချက် အငှား ကစားနေတာက တစ်ရာသီ ပြည့်တော့မှာ ဖြစ်ပြီး ၎င်းရဲ့ အကောင်းဆုံး ခြေစွမ်းများ အီတလီမှာလည်း ပြသနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေပါတယ်။
ယူနိုက်တက် နည်းပြဆိုးရှားက ဆန်းချက်ကို ပြန်လာဖို့ ကြိုဆိုနေကြောင်း ဆိုထားပေမယ့် တကယ်လို့ အင်တာမီလန်ကလည်း အပြီးသတ် ဝယ်ယူလိုပြီး ကစားသမားကလည်း ဆက်နေလိုပါက ရောင်းဖို့ ရှိနေပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ မဖြစ်မြောက်လို့ အိုးထရက်ဖို့ဒ်ထံ ပြန်လာပါက ယူနိုက်တက်ဟာ ဆန်းချက်ကို ဘောနပ်စ် ယူရို ၁.၁ သန်း ပေးရမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ တစ်ပတ် လုပ်ခ ပေါင် ၃ သိန်းခွဲ ပေးနေရတဲ့ ဆန်းချက်ကို အင်တာထံ အငှားစေလွှတ်ခဲ့သည့်တိုင် ၎င်း လစာရဲ့ တဝက်ကို ပေးချေနေရဆဲ ဖြစ်ပါတယ်။ ဆန်းချက်နဲ့ ယူနိုက်တက်ရဲ့ စာချုပ်ကလည်း သက်တမ်း နှစ်နှစ် ကျန်ရှိနေပါသေးတယ်။
အင်တာမီလန်မှာလည်း ဆန်းချက်က ဒူးဒဏ်ရာကြောင့် ရုန်းကန်နေရပြီး ဒီရာသီ ၁၅ ပွဲသာ ပါဝင်ကစားထးကာ တစ်ဂိုးပဲ သွင်းယူထားပါတယ်။ အင်တာဘက်ကလည်း ဆန်းချက်ကို အပြီးသတ် ဝယ်ယူနိုင်ဖို့ လိုလားပုံ မရှိသေးပါဘူး။
ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ အင်တာ မဝယ်ယူလိုရင်လည်း ဆန်းချက်ကို လာမယ့်ရာသီမှာ ပြန်ခေါ်ပြီး အသင်း တိုက်စစ်ပိုင်း အင်အားဖြည့်မှု အဖြစ် ထည့်သွင်းသွားဖို့ ရှိပါတယ်။ ဆန်းချက်ဟာ အာဆင်နယ်ကနေ ရောက်ရှိလာတည်းက ခြေစွမ်းကောင်းများ ပျောက်ဆုံးနေပြီး ဝေဖန်မှုများစွာ ရင်ဆိုင်နေရပါတယ်။
Zawgyi – အင္တာမီလန္မွာ အငွား သြားေရာက္ ကစားေနတဲ့ ယူနိုက္တက္ တိုက္စစ္သမား ဆန္းခ်က္ဟာ လာမယ့္ ဇူလိုင္ အငွားျပီးဆံုးခ်ိန္မွာ မိခင္ကလပ္အသင္းထံ ျပန္လာပါက ယူနိုက္တက္က ဆန္းခ်က္ကို သစၥာရွိေၾကး ေဘာနပ္စ္ ယူရို ၁.၁ သန္း ေပးရဖို႔ ရွိေနပါတယ္။
အိုးထရက္ဖို႔ဒ္မွာ ေျခစြမ္း မျပနိုင္တဲ့ ဆန္းခ်က္ကို ယူနိုက္တက္ ပရိသတ္အမ်ားစုကေတာ့ ျပန္လာဖို႔ လိုလားျခင္း မရွိပါဘူး။ အင္တာမီလန္မွာ ဆန္းခ်က္ အငွား ကစားေနတာက တစ္ရာသီ ျပည့္ေတာ့မွာ ျဖစ္ျပီး ၄င္းရဲ႕ အေကာင္းဆံုး ေျခစြမ္းမ်ား အီတလီမွာလည္း ျပသနုိင္ျခင္း မရွိေသးဘဲ ျဖစ္ေနပါတယ္။
ယူနိုက္တက္ နည္းျပဆိုးရွားက ဆန္းခ်က္ကို ျပန္လာဖို႔ ၾကိဳဆိုေနေၾကာင္း ဆိုထားေပမယ့္ တကယ္လို႔ အင္တာမီလန္ကလည္း အျပီးသတ္ ၀ယ္ယူလိုျပီး ကစားသမားကလည္း ဆက္ေနလိုပါက ေရာင္းဖို႔ ရွိေနပါတယ္။ ဒါေပမယ့္ အေျပာင္းအေရႊ႕ မျဖစ္ေျမာက္လို႔ အိုးထရက္ဖို႔ဒ္ထံ ျပန္လာပါက ယူနိုက္တက္ဟာ ဆန္းခ်က္ကို ေဘာနပ္စ္ ယူရို ၁.၁ သန္း ေပးရမွာ ျဖစ္ပါတယ္။
ယူနိုက္တက္ဟာ တစ္ပတ္ လုပ္ခ ေပါင္ ၃ သိန္းခြဲ ေပးေနရတဲ့ ဆန္းခ်က္ကို အင္တာထံ အငွားေစလႊတ္ခဲ့သည့္တိုင္ ၄င္း လစာရဲ႕ တ၀က္ကို ေပးေခ်ေနရဆဲ ျဖစ္ပါတယ္။ ဆန္းခ်က္နဲ႕ ယူနိုက္တက္ရဲ႕ စာခ်ဳပ္ကလည္း သက္တမ္း နွစ္နွစ္ က်န္ရွိေနပါေသးတယ္။
အင္တာမီလန္မွာလည္း ဆန္းခ်က္က ဒူးဒဏ္ရာေၾကာင့္ ရုန္းကန္ေနရျပီး ဒီရာသီ ၁၅ ပြဲသာ ပါ၀င္ကစားထးကာ တစ္ဂိုးပဲ သြင္းယူထားပါတယ္။ အင္တာဘက္ကလည္း ဆန္းခ်က္ကို အျပီးသတ္ ၀ယ္ယူနုိင္ဖို႔ လိုလားပံု မရွိေသးပါဘူး။
ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ အင္တာ မ၀ယ္ယူလိုရင္လညး္ ဆန္းခ်က္ကို လာမယ့္ရာသီမွာ ျပန္ေခၚျပီး အသင္း တိုက္စစ္ပိုင္း အင္အားျဖည့္မႈ အျဖစ္ ထည့္သြင္းသြားဖို႔ ရွိပါတယ္။ ဆန္းခ်က္ဟာ အာဆင္နယ္ကေန ေရာက္ရွိလာတည္းက ေျခစြမ္းေကာင္းမ်ား ေပ်ာက္ဆံုးေနျပီး ေ၀ဖန္မႈမ်ားစြာ ရင္ဆိုင္ေနရပါတယ္။