ဆန်ချို၊ ကိန်း အတွက် ပေါင် သန်း ၂၃၀ ကုန်မယ့် ယူနိုက်တက်ရဲ့ အစီအစဉ်ကို ဖာဒီနန် ဆွေးနွေး
ယူနိုက်တက်ခံစစ်မှူးဟောင်း ဖာဒီနန်က အင်္ဂလန်တိုက်စစ်သမားတွေဖြစ်တဲ့ ဆန်ချိုနဲ့ ဟယ်ရီကိန်းတို့ နှစ်ဦးပေါင်းအတွက် ပေါင် ၂၃၀ အကုန်အကျခံ ခေါ်ယူမယ့် အစီအစဉ်ကို ထောက်ခံဆွေးနွေးမှု လုပ်သွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ နွေမှာ တိုက်စစ်သမားတွေ ခေါ်ယူအားဖြည့်မယ် သတင်းကြီးနေပြီး ဆန်ချိုအတွက် ချိတ်ဆက်မှုတွေ ရှိနေသလို ဒီရက်ပိုင်းမှာ စပါးကနေ ထွက်ခွာဖို့ လမ်းစပြလာတဲ့ ကိန်းနဲ့လည်း သတင်းဆက်နွယ်မှုတွေ ရှိလာတာဖြစ်တယ်။ ဖာဒီနန်ကတော့ ယူနိုက်တက်အပေါ် ယုံကြည်မှုရှိပြီး စွန့်စားရမယ့် ပြောင်းရွှေ့ကြေးဖြစ်ပေမယ့် ကလပ်အသင်း လုပ်ဆောင်ဖို့ အကောင်းမြင်နေပါတယ်။
ဖာဒီနန်က ” ဟယ်ရီကိန်းက အမြဲတမ်း ပြောရခက်ပေမယ့် သူက ခက်ခဲတဲ့ စကားတွေ ပြောလာနေပါတယ်။ စပါးအတွက် ကစားပေးဖို့က အိပ်မက်ဖြစ်ပေမယ့် သူက စိတ်ပျက်မှုတွေ ရှိလာတယ်။ ဂိုးတွေသွင်းပြီး စံချိန်ကောင်းတွေ ရနေပေမယ့် ကစားသမားဘဝ ကုန်ဆုံးချိန်မှာ ဆုဖလားမရတာကို သူပျော်နေမယ်ထင်လား။ သူ စိတ်ပျက်နေမှာပါ။
ဟယ်ရီက စပါးကနေ ထွက်မယ်လို့ ထင်ပါတယ်။ ဆုဖလားတွေ အနိုင်ရလိုတဲ့ သူက ကလပ်တွေအတွက် စိတ်ဝင်စားစရာပါ။ သူက ယူနိုက်တက်အတွက် ပြီးပြည့်စုံတော့ သူ့ကို ကလပ်ဘက်က ကမ်းလှမ်းလိုတာ ကျနော်သိတယ်။ နောက်ပြီး ဂျူဗင်တပ်နဲ့ ရီးရဲလ်တို့လည်း ပါလာနိုင်တယ်။ သူ့အတွက် ပေါင် သန်း ၁၃ ဝလောက်ပေးရနိုင်ပါတယ်။
ဆန်ချိုကိုလည်း သူတိုးတက်လာမယ့် အသင်းကိုပဲ သွားစေလိုပါတယ်။ သူက ဈေးကြီးပေမယ့် ယူနိုက်တက်နဲ့ ကိုက်ညီမယ့်သူပါ။ သူ့အတွက်ဆိုရင် ပေါင် သန်း ၁၀၀ လောက်ပေးရနိုင်တယ်။ ဒါက အလားအလာရှိတဲ့ ကိစ္စပါ။ အနာဂတ်မှာ ၁၀ နှစ်လောက် သုံးရနိုင်တဲ့ ကစားသမားကို လူတိုင်းလိုချင်တာပါပဲ။ သူ့အတွက် ပေးရမှာက သိပ်များပေမယ့် သူက သိပ်ကောင်းတဲ့ ကစားသမားပါ။
ငါဆိုရင်တော့ ခေါ်မှာပဲ သူ့ကို ဝိုင်းရံပြီး အသင်းကို တည်ဆောက်ရမယ် သူက စူပါစတားဖြစ်လာမယ့် အလားအလာရှိတယ်။ သူ့လို လုပ်နိုင်တဲ့သူ သိပ်အများကြီး မရှိပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
ယူႏုိက္တက္ခံစစ္မွဴးေဟာင္း ဖာဒီနန္က အဂၤလန္တိုက္စစ္သမားေတြျဖစ္တဲ့ ဆန္ခ်ိဳနဲ႔ ဟယ္ရီကိန္းတို႔ ႏွစ္ဦးေပါင္းအတြက္ ေပါင္ ၂၃၀ အကုန္အက်ခံ ေခၚယူမယ့္ အစီအစဥ္ကို ေထာက္ခံေဆြးေႏြးမႈ လုပ္သြားခဲ့ပါတယ္။
ယူႏုိက္တက္ဟာ ေႏြမွာ တိုက္စစ္သမားေတြ ေခၚယူအားျဖည့္မယ္ သတင္းၾကီးေနျပီး ဆန္ခ်ိဳအတြက္ ခ်ိတ္ဆက္မႈေတြ ရွိေနသလို ဒီရက္ပိုင္းမွာ စပါးကေန ထြက္ခြာဖို႔ လမ္းစျပလာတဲ့ ကိန္းနဲ႔လည္း သတင္းဆက္ႏြယ္မႈေတြ ရွိလာတာျဖစ္တယ္။ ဖာဒီနန္ကေတာ့ ယူႏုိက္တက္အေပၚ ယံုၾကည္မႈရွိျပီး စြန္႔စားရမယ့္ ေျပာင္းေရႊ႔ေၾကးျဖစ္ေပမယ့္ ကလပ္အသင္း လုပ္ေဆာင္ဖို႔ အေကာင္းျမင္ေနပါတယ္။
ဖာဒီနန္က ” ဟယ္ရီကိန္းက အျမဲတမ္း ေျပာရခက္ေပမယ့္ သူက ခက္ခဲတဲ့ စကားေတြ ေျပာလာေနပါတယ္။ စပါးအတြက္ ကစားေပးဖို႔က အိပ္မက္ျဖစ္ေပမယ့္ သူက စိတ္ပ်က္မႈေတြ ရွိလာတယ္။ ဂိုးေတြသြင္းျပီး စံခ်ိန္ေကာင္းေတြ ရေနေပမယ့္ ကစားသမားဘဝ ကုန္ဆံုးခ်ိန္မွာ ဆုဖလားမရတာကို သူေပ်ာ္ေနမယ္ထင္လား။ သူ စိတ္ပ်က္ေနမွာပါ။
ဟယ္ရီက စပါးကေန ထြက္မယ္လို႔ ထင္ပါတယ္။ ဆုဖလားေတြ အႏုိင္ရလိုတဲ့ သူက ကလပ္ေတြအတြက္ စိတ္ဝင္စားစရာပါ။ သူက ယူႏုိက္တက္အတြက္ ျပီးျပည့္စံုေတာ့ သူ႔ကို ကလပ္ဘက္က ကမ္းလွမ္းလိုတာ က်ေနာ္သိတယ္။ ေနာက္ျပီး ဂ်ဴဗင္တပ္နဲ႔ ရီးရဲလ္တို႔လည္း ပါလာႏုိင္တယ္။ သူ႔အတြက္ ေပါင္ သန္း ၁၃ ၀ေလာက္ေပးရႏုိင္ပါတယ္။
ဆန္ခ်ိဳကိုလည္း သူတိုးတက္လာမယ့္ အသင္းကိုပဲ သြားေစလိုပါတယ္။ သူက ေစ်းၾကီးေပမယ့္ ယူႏုိက္တက္နဲ႔ ကိုက္ညီမယ့္သူပါ။ သူ႔အတြက္ဆိုရင္ ေပါင္ သန္း ၁၀၀ ေလာက္ေပးရႏုိင္တယ္။ ဒါက အလားအလာရွိတဲ့ ကိစၥပါ။ အနာဂတ္မွာ ၁၀ ႏွစ္ေလာက္ သံုးရႏုိင္တဲ့ ကစားသမားကို လူတိုင္းလိုခ်င္တာပါပဲ။ သူ႔အတြက္ ေပးရမွာက သိပ္မ်ားေပမယ့္ သူက သိပ္ေကာင္းတဲ့ ကစားသမားပါ။
ငါဆိုရင္ေတာ့ ေခၚမွာပဲ သူ႔ကို ဝိုင္းရံျပီး အသင္းကို တည္ေဆာက္ရမယ္ သူက စူပါစတားျဖစ္လာမယ့္ အလားအလာရွိတယ္။ သူ႔လို လုပ္ႏုိင္တဲ့သူ သိပ္အမ်ားၾကီး မရွိပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။