ကိုဗစ်ကာလမှာ အလှူကောင်းလုပ်ဖို့ ယူနိုက်တက်အသင်းဖော်တွေနဲ့ မက်ဂွဲရား စတင် လှုပ်ရှား

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားက လတ်တလော ကူးစက်မြန် ပြင်းထန်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် အနေအထားကြောင့် ကျန်းမာရေးနဲ့ ရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေထံ လစာငွေ လှူဒါန်းဖို့ တိုက်တွန်းလိုက်ပါတယ်။ မက်ဂွဲရားက လစာအကုန် လှူဖို့ ဆိုလိုတာ မဟုတ်ဘဲ လစာရဲ့ ၃၀% လှူဒါန်းဖို့ တောင်းဆိုခဲ့တာပါ။

အင်္ဂလန် လက်ရွေးစင် ခံစစ်မှူးက ထိုသို့ လှူဒါန်းစေလိုတဲ့အကြောင်းကိုလည်း ယူနိုက်တက် အသင်း အကြီးအကဲ အက်ဝုဒ်ဝပ်ကိုလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မက်ဂွဲရားရဲ့ အကြံ ဖြစ်မြောက်မယ် ဆိုရင်တော့ လုပ်ခများစွာ ရရှိနေတဲ့ ယူနိုက်တက် အသင်းသားတွေရဲ့ အလှူက ပေါင် သန်းချီ ရရှိနိုင်ဖွယ် ရှိပါတယ်။

မက်ဂွဲရားက ထိုအစီအစဉ်ကို ဖြစ်မြောက်ဖို့ ဦးဆောင် လှုပ်ရှားတော့မှာ ဖြစ်တယ်လို့ ဒေးလီးမေးလ်က ဆိုထားပါတယ်။ အမျိုးသား ကျန်းမာရေး အဖွဲ့အစည်းအတွက်လည်း ရောဂါတိုက်ဖျက်ရေး အစီအစဉ်တွေ အတွက် အထောက်အပံ့ကောင်း ဖြစ်လာမှာပါ။

ဘောလုံးပွဲစဉ်တွေ ရပ်နားထားတာကြောင့် ဝင်ငွေ ထိခိုက်နေပေမယ့် မန်ချက်စတာယူနိုက်တက်က ကစားသမားတွေနဲ့ အသင်း ဝန်ထမ်းတွေ လစာကို ဖြတ်တောက်ခြင်း မရှိဘဲ အပြည့်အ၀ ပေးချေနေတဲ့ ကလပ်အသင်း ဖြစ်ပါတယ်။

အင်္ဂလန် ကျန်းမာရေးဝန်ကြီးကတော့ ဒီလိုအချိန်မှာ ပရီးမီးယားလိဂ် ကစားသမားတွေက လစာအပြည့်ယူနေတာ မဖြစ်သင့်ကြောင်း၊ လူမှုရေး လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်မှု နည်းကြောင်း ထုတ်ဖော် ဝေဖန်ခဲ့ပြီး ထိုပြောကြားမှု အပြီးမှာ မက်ဂွဲရားက စတင် လှုပ်ရှားလာခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာ နာမည်ကျော် ဘောလုံးသမား အချို့ကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် တစ်ဦးချင်းစီ လှူဒါန်းမှုတွေတော့ ရှိနေပါတယ်။ မက်ဂွဲရားကတော့ ယူနိုက်တက် အသင်းဖော်တွေနဲ့ အတူ တစုတစည်းတဲ့ အလှူ ပြုလုပ်နိုင်ဖို့ စတင် လှုပ်ရှားနေပြီ ဖြစ်ကာ ပူးပေါင်း ပါဝင်ကြမယ်လို့ မျှော်လင့်ထားပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားက လတ္တေလာ ကူးစက္ျမန္ ျပင္းထန္ေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ အေနအထားေၾကာင့္ က်န္းမာေရးနဲ႕ ေရာဂါတိုက္ဖ်က္ေရး လုပ္ငန္းေတြထံ လစာေငြ လွဴဒါန္းဖို႔ တိုက္တြန္းလိုက္ပါတယ္။ မက္ဂြဲရားက လစာအကုန္ လွဴဖို႔ ဆိုလိုတာ မဟုတ္ဘဲ လစာရဲ႕ ၃၀% လွဴဒါန္းဖို႔ ေတာင္းဆုိခဲ့တာပါ။

အဂၤလန္ လက္ေရြးစင္ ခံစစ္မွဴးက ထိုသို႔ လွဴဒါန္းေစလိုတဲ့အေၾကာင္းကိုလည္း ယူနိုက္တက္ အသင္း အၾကီးအကဲ အက္၀ုဒ္၀ပ္ကိုလည္း ေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ မက္ဂြဲရားရဲ႕ အၾကံ ျဖစ္ေျမာက္မယ္ ဆိုရင္ေတာ့ လုပ္ခမ်ားစြာ ရရွိေနတဲ့ ယူနိုက္တက္ အသင္းသားေတြရဲ႕ အလွဴက ေပါင္ သန္းခ်ီ ရရွိနုိင္ဖြယ္ ရွိပါတယ္။

မက္ဂြဲရားက ထိုအစီအစဥ္ကို ျဖစ္ေျမာက္ဖို႔ ဦးေဆာင္ လႈပ္ရွားေတာ့မွာ ျဖစ္တယ္လို႔ ေဒးလီးေမးလ္က ဆိုထားပါတယ္။ အမ်ိဳးသား က်န္းမာေရး အဖြဲ႕အစည္းအတြက္လည္း ေရာဂါတိုက္ဖ်က္ေရး အစီအစဥ္ေတြ အတြက္ အေထာက္အပံ့ေကာင္း ျဖစ္လာမွာပါ။

ေဘာလံုးပြဲစဥ္ေတြ ရပ္နားထားတာေၾကာင့္ ၀င္ေငြ ထိခိုက္ေနေပမယ့္ မန္ခ်က္စတာယူနိုက္တက္က ကစားသမားေတြနဲ႕ အသင္း ၀န္ထမ္းေတြ လစာကို ျဖတ္ေတာက္ျခင္း မရွိဘဲ အျပည့္အ၀ ေပးေခ်ေနတဲ့ ကလပ္အသင္း ျဖစ္ပါတယ္။

အဂၤလန္ က်န္းမာေရး၀န္ၾကီးကေတာ့ ဒီလိုအခ်ိန္မွာ ပရီးမီးယားလိဂ္ ကစားသမားေတြက လစာအျပည့္ယူေနတာ မျဖစ္သင့္ေၾကာင္း၊ လူမႈေရး လုပ္ငန္းေတြမွာ ပူးေပါင္းပါ၀င္မႈ နည္းေၾကာင္း ထုတ္ေဖာ္ ေ၀ဖန္ခဲ့ျပီး ထိုေျပာၾကားမႈ အျပီးမွာ မက္ဂြဲရားက စတင္ လႈပ္ရွားလာခဲ့တာ ျဖစ္ပါတယ္။

လတ္တေလာမွာ နာမည္ေက်ာ္ ေဘာလံုးသမား အခ်ိဳ႕ကို ကိုယ့္အစီအစဥ္နဲ႕ ကုိယ္ တစ္ဦးခ်င္းစီ လွဴဒါန္းမႈေတြေတာ့ ရွိေနပါတယ္။ မက္ဂြဲရားကေတာ့ ယူနိုက္တက္ အသင္းေဖာ္ေတြနဲ႕ အတူ တစုတစည္းတဲ့ အလွဴ ျပဳလုပ္နုိင္ဖို႔ စတင္ လႈပ္ရွားေနျပီ ျဖစ္ကာ ပူးေပါင္း ပါ၀င္ၾကမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။