လီဗာပူးထက်တောင် ပိုသာနေပြီး အင်္ဂလန်ရဲ့ အကောင်းဆုံးခံစစ် မှတ်တမ်း ပိုင်ဆိုင်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ အင်္ဂလန်အသင်းတွေထဲမှာ ဒီရာသီ clean sheets အများဆုံး ရထားတဲ့ အသင်းဖြစ်ပြီး ပြိုင်ပွဲစုံမှာ လီဗာပူး၊ မန်စီးတီးတို့ထက် ပိုကောင်းတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။

ဒီရာသီ ကာရာဘောင်း၊ အက်ဖ်အေ၊ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်တွေမှာ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ၄၇ ပွဲ ကစားပြီး clean sheets ၂၁ ပွဲထိ ရယူထားတာပါ။ မနှစ်တုန်းကဆိုရင် ယူနိုက်တက်ဟာ ဘောလုံးရာသီ တစ်ခုလုံးမှာ clean sheets ၁၂ ကြိမ်ပဲ ရခဲ့ပြီး ဒီရာသီမှာ အင်္ဂလန်အသင်းတွေထဲ အကောင်းဆုံး ခံစစ်မှတ်တမ်းကိုပါ ပိုင်ဆိုင်လာတာဖြစ်တယ်။

ယူနိုက်တက်ကို အနီးစပ်ဆုံး ယှဉ်ပြိုင်နိုင်တဲ့ အင်္ဂလန်အသင်းဆိုလို့ ပြိုင်ပွဲစုံ ၄၈ ပွဲ ကစားပြီး clean sheets ၁၇ ပွဲ ရထားတဲ့ လီဗာပူးနဲ့ ပြိုင်ပွဲစုံမှာ clean sheets ၁၆ ပွဲ ရထားတဲ့ ဝုဗ်အသင်းတို့ပဲ ရှိတော့တာဖြစ်ပါတယ်။

သရဲနီတွေဟာ ဒီရာသီ အက်ဖ်အေဖလားမှာ ပေးဂိုး လုံးဝမရှိသေးသလို ယူရိုပါလိဂ်မှာ ဆိုရင်လည်း လူငယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားစေခဲ့တဲ့ အက်စတာနာနဲ့ပွဲမှာ ပေးခဲ့ရတဲ့ ပေးဂိုး ၂ ဂိုးပဲ ရှိထားတာဖြစ်တယ်။ ယူနိုက်တက် ခံစစ်ကြောင်းဟာ မက်ဂွဲရား ရောက်လာအပြီးမှာ ပိုမို တည်ငြိမ်လာခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်ရဲ့ ခံစစ်က ပြည်တွင်းမှာ အကောင်းဆုံး အနေအထားကို တိုးတက်လာခဲ့ပြီး နွေတုန်းက ခေါ်ယူခဲ့တဲ့ မက်ဂွဲရားနဲ့ ဘစ်ဆာကာတို့ဟာ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ကြောင်း ပြသနိုင်ခဲ့ပြီဖြစ်တယ်။ ဒါ့အပြင် ကွင်းလယ်လူသစ် ဖာနန်ဒက်စ်ကလည်း ပရီးမီးယားလိဂ်ကို ရောက်လာကတည်းက အထူးခြေစွမ်းပြနေတာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိက္တက္ဟာ အဂၤလန္အသင္းေတြထဲမွာ ဒီရာသီ clean sheets အမ်ားဆံုး ရထားတဲ့ အသင္းျဖစ္ျပီး ျပိဳင္ပြဲစံုမွာ လီဗာပူး၊ မန္စီးတီးတို႔ထက္ ပိုေကာင္းတဲ့ မွတ္တမ္းကို ပိုင္ဆုိင္ထားပါတယ္။

ဒီရာသီ ကာရာေဘာင္း၊ အက္ဖ္ေအ၊ ပရီးမီးယားလိဂ္နဲ႔ ယူရိုပါလိဂ္ေတြမွာ ယူႏုိက္တက္ဟာ ျပိဳင္ပြဲစံု ၄၇ ပြဲ ကစားျပီး clean sheets ၂၁ ပြဲထိ ရယူထားတာပါ။ မႏွစ္တုန္းကဆိုရင္ ယူႏုိက္တက္ဟာ ေဘာလံုးရာသီ တစ္ခုလံုးမွာ clean sheets ၁၂ ၾကိမ္ပဲ ရခဲ့ျပီး ဒီရာသီမွာ အဂၤလန္အသင္းေတြထဲ အေကာင္းဆံုး ခံစစ္မွတ္တမ္းကိုပါ ပိုင္ဆုိင္လာတာျဖစ္တယ္။

ယူႏုိက္တက္ကို အနီးစပ္ဆံုး ယွဥ္ျပိဳင္ႏုိင္တဲ့ အဂၤလန္အသင္းဆိုလို႔ ျပိဳင္ပြဲစံု ၄၈ ပြဲ ကစားျပီး clean sheets ၁၇ ပြဲ ရထားတဲ့ လီဗာပူးနဲ႔ ျပိဳင္ပြဲစံုမွာ clean sheets ၁၆ ပြဲ ရထားတဲ့ ဝုဗ္အသင္းတို႔ပဲ ရွိေတာ့တာျဖစ္ပါတယ္။

သရဲနီေတြဟာ ဒီရာသီ အက္ဖ္ေအဖလားမွာ ေပးဂိုး လံုးဝမရွိေသးသလို ယူရိုပါလိဂ္မွာ ဆိုရင္လည္း လူငယ္အသင္းနဲ႔ ယွဥ္ျပိဳင္ကစားေစခဲ့တဲ့ အက္စတာနာနဲ႔ပြဲမွာ ေပးခဲ့ရတဲ့ ေပးဂိုး ၂ ဂိုးပဲ ရွိထားတာျဖစ္တယ္။ ယူႏုိက္တက္ ခံစစ္ေၾကာင္းဟာ မက္ဂြဲရား ေရာက္လာအျပီးမွာ ပိုမို တည္ျငိမ္လာခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာ ယူႏုိက္တက္ရဲ႕ ခံစစ္က ျပည္တြင္းမွာ အေကာင္းဆံုး အေနအထားကို တိုးတက္လာခဲ့ျပီး ေႏြတုန္းက ေခၚယူခဲ့တဲ့ မက္ဂြဲရားနဲ႔ ဘစ္ဆာကာတို႔ဟာ ေျပာင္းေရႊ႔ေၾကးနဲ႔ ထိုက္တန္ေၾကာင္း ျပသႏုိင္ခဲ့ျပီျဖစ္တယ္။ ဒါ့အျပင္ ကြင္းလယ္လူသစ္ ဖာနန္ဒက္စ္ကလည္း ပရီးမီးယားလိဂ္ကို ေရာက္လာကတည္းက အထူးေျခစြမ္းျပေနတာ ျဖစ္ပါတယ္။