ယူနိုက်တက်ရဲ့ ပေါစခိုးလ် လက်သစ်ကို ထောက်ခံလိုက်တဲ့ ဂန္တဝင်ကစားသမား

ပြီးခဲ့တဲ့ ဇန်နဝါရီက ယူနိုက်တက် ခေါ်ယူခဲ့တဲ့ ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ကို ယခင်ကစားသမားဟောင်းကြီး ပေါ စခိုးလ်နဲ့ နှိုင်းယှဉ် ချီးကျူးမှုတွေ ရှိထားပါတယ်။ ယူနိုက်တက် ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်တဲ့ ဘရန် ရော့ဆင်ကလည်း ဖာနန်ဒက်စ်ကို စခိုးလ်နဲ့ ထပ်မံ နှိုင်းယှဉ်မှု ပြုလုပ်သွားခဲ့ပါတယ်။

ဘရန်ရော့ဆင်ကလည်း ယူနိုက်တက် ကွင်းလယ်ကစားဟောင်း ဖြစ်ပြီး အသင်းမှာ ၁၃ နှစ်ကြာ ကစားသွားခဲ့သူပါ။ ၎င်းခေတ် အလွန်မှ ပေါ စခိုးလ်က အသင်းမှာ ၁၈ နှစ်ကြာ ဆက်လက် ကစားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ တိုက်စစ်ပိုင်း အင်အားနည်းနေခဲ့ပေမယ့် ဖာနန်ဒက်စ် ရောက်လာပြီးနောက် အသင်းလိုက် ကစားပုံပါ မြန်မြန် သွက်သွက် တိုးတက်လာခဲ့ပါတယ်။ ပေါ်တူဂီသားကြောင့် အသင်း ကွင်းလယ် အင်အားတောင့်တင်းသွားခဲ့ကြောင့် ရော့ဆင်က ထုတ်ဖော် ချီးကျူးမှုတွေ ပြုလုပ်လာပါတယ်။

” ဖာနန်ဒက်စ်က ဒီနေ့ခေတ် မော်ဒန်ဘောလုံးလောကရဲ့ ပေါစခိုးလ်ပါ။ ဒါက မေးခွန်းထုတ်စရာ မရှိဘူး။ သူက နေရာလွတ်တွေ ရှာဖွေပေးတာ သိပ်ကို ကောင်းပါတယ်။ ဘောလုံးပေးပို့တဲ့ ဟန်ကလည်း ပေါစခိုးလ် ပေးပို့မှုတွေနဲ့ တော်တော်ဆင်တယ်။ အဲဒါတွေကလည်း သွင်းဂိုးတွေ အတွက် အဓိက သော့ချက်ပါ။ ” လို့ ရော့ဆင်က ချီးကျူးခဲ့ပါတယ်။

ဒါ့အပြင် ဖာနန်ဒက်စ်က ဒီရာသီ အတွက်တောင် ယူနိုက်တက် အတွက် လက်ကျန် ပရီးမီးယားလိဂ် ပွဲ ၁၁ ပွဲ ကစားဖို့ ကျန်သေးပြီး အဲဒီပွဲတွေမှာ ဘာတွေ လုပ်ပြဦးမလဲ စောင့်ကြည့်ကြဖို့ ပြောဆိုခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ ဇန်နဝါရီလကုန်မှာ စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်ထံ ပြောင်းရွှေ့လာတာ ဖြစ်ပေမယ့် ချက်ချင်းဆိုသလို ကလပ်အသင်းသစ်မှာ အထိုင်ကျသွားခဲ့ကာ ပြီးခဲ့တဲ့ နှစ်လဆက်လည်း အသင်း အကောင်းဆုံး ကစားသမားဆုများ သိမ်းပိုက်ထားပါတယ်။

Zawgyi – ျပီးခဲ့တဲ့ ဇန္န၀ါရီက ယူနုိက္တက္ ေခၚယူခဲ့တဲ့ ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္ကို ယခင္ကစားသမားေဟာင္းၾကီး ေပါ စခိုးလ္နဲ႕ နိႈင္းယွဥ္ ခ်ီးက်ဴးမႈေတြ ရွိထားပါတယ္။ ယူနိုက္တက္ ဂႏၱ၀င္ ကစားသမား တစ္ဦး ျဖစ္တဲ့ ဘရန္ ေရာ့ဆင္ကလည္း ဖာနန္ဒက္စ္ကို စခိုးလ္နဲ႕ ထပ္မံ နိႈင္းယွဥ္မႈ ျပဳလုပ္သြားခဲ့ပါတယ္။

ဘရန္ေရာ့ဆင္ကလည္း ယူနိုက္တက္ ကြင္းလယ္ကစားေဟာင္း ျဖစ္ျပီး အသင္းမွာ ၁၃ နွစ္ၾကာ ကစားသြားခဲ့သူပါ။ ၄င္းေခတ္ အလြန္မွ ေပါ စခိုးလ္က အသင္းမွာ ၁၈ နွစ္ၾကာ ဆက္လက္ ကစားသြားခဲ့ပါတယ္။

ယူနိုက္တက္ဟာ တိုက္စစ္ပိုင္း အင္အားနည္းေနခဲ့ေပမယ့္ ဖာနန္ဒက္စ္ ေရာက္လာျပီးေနာက္ အသင္းလိုက္ ကစားပံုပါ ျမန္ျမန္ သြက္သြက္ တိုးတက္လာခဲ့ပါတယ္။ ေပၚတူဂီသားေၾကာင့္ အသင္း ကြင္းလယ္ အင္အားေတာင့္တင္းသြားခဲ့ေၾကာင့္ ေရာ့ဆင္က ထုတ္ေဖာ္ ခ်ီးက်ဴးမႈေတြ ျပဳလုပ္လာပါတယ္။

” ဖာနန္ဒက္စ္က ဒီေန႔ေခတ္ ေမာ္ဒန္ေဘာလံုးေလာကရဲ႕ ေပါစခိုးလ္ပါ။ ဒါက ေမးခြန္းထုတ္စရာ မရွိဘူး။ သူက ေနရာလြတ္ေတြ ရွာေဖြေပးတာ သိပ္ကို ေကာင္းပါတယ္။ ေဘာလံုးေပးပို႔တဲ့ ဟန္ကလည္း ေပါစခိုးလ္ ေပးပို႔မႈေတြနဲ႕ ေတာ္ေတာ္ဆင္တယ္။ အဲဒါေတြကလည္း သြင္းဂိုးေတြ အတြက္ အဓိက ေသာ့ခ်က္ပါ။ ” လို႔ ေရာ့ဆင္က ခ်ီးက်ဴးခဲ့ပါတယ္။

ဒါ့အျပင္ ဖာနန္ဒက္စ္က ဒီရာသီ အတြက္ေတာင္ ယူနိုက္တက္ အတြက္ လက္က်န္ ပရီးမီးယားလိဂ္ ပြဲ ၁၁ ပြဲ ကစားဖို႔ က်န္ေသးျပီး အဲဒီပြဲေတြမွာ ဘာေတြ လုပ္ျပဦးမလဲ ေစာင့္ၾကည့္ၾကဖို႔ ေျပာဆိုခဲ့ပါတယ္။

ဘရူနို ဖာနန္ဒက္စ္ဟာ ဇန္န၀ါရီလကုန္မွာ စပို႔တင္းလစၥဘြန္းကေန ယူနိုက္တက္ထံ ေျပာင္းေရႊ႕လာတာ ျဖစ္ေပမယ့္ ခ်က္ခ်င္းဆိုသလို ကလပ္အသင္းသစ္မွာ အထိုင္က်သြားခဲ့ကာ ျပီးခဲ့တဲ့ နွစ္လဆက္လည္း အသင္း အေကာင္းဆံုး ကစားသမားဆုမ်ား သိမ္းပိုက္ထားပါတယ္။