ဒီဂီယာကိုပဲ ဆက်အားထားဖို့ တိုက်တွန်းလိုက်တဲ့ ယူနိုက်တက် ဂိုးသမားဟောင်းကြီး

ယူနိုက်တက်ရဲ့ အငှားစေလွှတ်ထားတဲ့ ဂိုးသမား ဟန်ဒါဆန်က အသင်းထံ ပြန်လာရရင် ဒီဂီယာကို ကျော်ပြီး ဦးစားပေး ပွဲထွက် ဂိုးသမား နေရာ အလိုရှိနေပေမယ့် ဒီဂီယာကိုသာ ဆက်လက် အားထားဖို့ ယူနိုက်တက် ဂိုးသမားဟောင်းကြီး ခရစ္စတန်နာက နည်းပြ ဆိုးရှားအား တိုက်တွန်းလိုက်ပါတယ်။

ရှက်ဖီးယူနိုက်တက်မှာ အငှားကစားရင်း လက်စွမ်းပြနေတဲ့ ဟန်ဒါဆန်ကို ချယ်ဆီးအသင်းကလည်း မျက်စိကျနေပြီ ဖြစ်တာကြောင့် ယူနိုက်တက် နည်းပြ ဆိုးရှား အနေနဲ့ အလားအလာရှိ လူငယ် ဂိုးသမားလေးကို ဆက်လက် ထိန်းသိမ်းဖို့ စဉ်းစားလာရပြီ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် ဂိုးသမားကတော့ ယူနိုက်တက်ထံ ပြန်လာလိုဆဲ ဖြစ်ပေမယ့် ဦးစားပေး ဂိုးသမား နေရာ အလိုရှိနေတာပါ။

ဟန်ဒါဆန်ဟာ ရှက်ဖီးမှာ နှစ်ရာသီဆက် အငှား ကစားနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်ထံ တန်းတက်လာအောင် ကူညီပေးခဲ့သလို ဒီရာသီမှာလည်း ပေးဂိုး မရှိ ပွဲစဉ်များစွာ ရအောင် အစွမ်းပြနေပါတယ်။ ယူနိုက်တက် ဂိုးသမားဟောင်းကြီး တန်နာကတော့ ဟန်ဒါဆန် အနေနဲ့ အသင်းမှာ ပွဲထွက် နေရာယူဖို့ အတွက်တော့ စိတ်ရှည်စွာ စောင့်ဖို့ လိုသေးတယ်လို့ သုံးသပ်လိုက်ပါတယ်။

” ဟန်ဒါဆန်ရဲ့ ယူနိုက်တက်နဲ့ စာချုပ်က နောက်ထပ် နှစ်နှစ် ကျန်ပါသေးတယ်။ သူဟာ ထိပ်တန်း ဂိုးသမား တစ်ယောက် ဖြစ်လာတော့မယ် ဆိုတာ ဘက်ပေါင်းစုံကနေ သက်သေပြထားပြီး ဖြစ်တယ်။ သူ့အတွက်လည်း ကစားသမားဘ၀ နောက်ခြေလှမ်းက အရေးကြီးနေပြီး ဒီဂီယာကို မကျော်နိုင်ရင် အသင်းက ထွက်ဖို့ နည်းလမ်း ရှာမယ် ထင်ပါတယ်။

အသင်းဆီ ပြန်လာပြီး ထိုင်နေရမယ်ဆို သူလည်း ပျော်နိုင်မယ် မထင်ဘူး။ ဒါလည်း သူ့ကို အပြစ်တင်လို့ မရပါဘူး။ သူက အလားအလာကောင်းတွေ ရှိနေတဲ့ ဂိုးသမား တစ်ယောက် ဖြစ်တယ်။ ဒါကို ယူနိုက်တက်လည်း နားလည် သဘောပေါက်မယ် ထင်တယ်။ ဆိုးရှား အတွက်တော့ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ချရမှာပေါ့။

ဆိုးရှားကတော့ ဒင်း (ဟန်ဒါဆန်) အတွက် လမ်းရဖို့ ဒီဂီယာကို ဖယ်ထုတ်မယ် မထင်ဘူး။ သူတို့ ဒီဂီယာကို ကာလရှည် စာချုပ်သစ် ချုပ်ထားတာ သိပ်မကြာသေးဘူး။ စပိန်သားကလည်း ယူနိုက်တက်မှာ မြဲမြဲမြံမြံ နေရာယူထားတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း သူက ထိပ်တန်း ဂိုးသမား တစ်ယောက် ဆိုတာ သက်သေပြခဲ့တယ်။ အမှားကျူးလွန်တာ တချို့ ရှိသည့်တိုင် သူက အကောင်းဆုံးထဲမှာ ပါဝင်ဆဲပါ။ ” လို့ ခရစ္စတန်နာက သုံးသပ် ပြောဆိုခဲ့ပါတယ်။

ဒီဂီယာဟာ ကလပ်အသင်းရဲ့ စီနီယာ ပွဲထွက် အဖြစ် အသက် ၂၁ နှစ်မှာတင် စတင်နေရာ ရခဲ့တာ ဖြစ်ပြီး ဒင်း ဟန်ဒါဆန်က လက်ရှိမှာ ၂၃ ဖြစ်လို့ ဒီဂီယာ စတင်စဉ်ကထက် နှစ်နှစ် အသက်ကြီးနေပြီ ဖြစ်ပါတယ်။ တန်နာကတော့ အကောင်းဆုံး ဖြေရှင်းနည်းဟာ ဟန်ဒါဆန်ကို ရှက်ဖီးမှာပဲ နောက်တစ်ရာသီ အငှား ဆက်ချဖို့ ဖြစ်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ရဲ႕ အငွားေစလႊတ္ထားတဲ့ ဂိုးသမား ဟန္ဒါဆန္က အသင္းထံ ျပန္လာရရင္ ဒီဂီယာကို ေက်ာ္ျပီး ဦးစားေပး ပြဲထြက္ ဂိုးသမား ေနရာ အလိုရွိေနေပမယ့္ ဒီဂီယာကိုသာ ဆက္လက္ အားထားဖို႔ ယူနိုက္တက္ ဂိုးသမားေဟာင္းၾကီး ခရစၥတန္နာက နည္းျပ ဆိုးရွားအား တိုက္တြန္းလိုက္ပါတယ္။

ရွက္ဖီးယူနုိက္တက္မွာ အငွားကစားရင္း လက္စြမ္းျပေနတ့ဲ ဟန္ဒါဆန္ကို ခ်ယ္ဆီးအသင္းကလည္း မ်က္စိက်ေနျပီ ျဖစ္တာေၾကာင့္ ယူနုိက္တက္ နည္းျပ ဆုိးရွား အေနနဲ႕ အလားအလာရွိ လူငယ္ ဂိုးသမားေလးကို ဆက္လက္ ထိန္းသိမ္းဖို႔ စဥ္းစားလာရျပီ ျဖစ္ပါတယ္။ အသက္ ၂၃ နွစ္ အရြယ္ ဂိုးသမားကေတာ့ ယူနိုက္တက္ထံ ျပန္လာလိုဆဲ ျဖစ္ေပမယ့္ ဦးစားေပး ဂိုးသမား ေနရာ အလိုရွိေနတာပါ။

ဟန္ဒါဆန္ဟာ ရွက္ဖီးမွာ နွစ္ရာသီဆက္ အငွား ကစားေနတာ ျဖစ္ျပီး ျပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္ထံ တန္းတက္လာေအာင္ ကူညီေပးခဲ့သလို ဒီရာသီမွာလည္း ေပးဂိုး မရွိ ပြဲစဥ္မ်ားစြာ ရေအာင္ အစြမ္းျပေနပါတယ္။ ယူနိုက္တက္ ဂိုးသမားေဟာင္းၾကီး တန္နာကေတာ့ ဟန္ဒါဆန္ အေနနဲ႕ အသင္းမွာ ပြဲထြက္ ေနရာယူဖို႔ အတြက္ေတာ့ စိတ္ရွည္စြာ ေစာင့္ဖို႔ လိုေသးတယ္လို႔ သံုးသပ္လိုက္ပါတယ္။

” ဟန္ဒါဆန္ရဲ႕ ယူနုိက္တက္နဲ႕ စာခ်ဳပ္က ေနာက္ထပ္ နွစ္နွစ္ က်န္ပါေသးတယ္။ သူဟာ ထိပ္တန္း ဂိုးသမား တစ္ေယာက္ ျဖစ္လာေတာ့မယ္ ဆိုတာ ဘက္ေပါင္းစံုကေန သက္ေသျပထားျပီး ျဖစ္တယ္။ သူ႔အတြက္လည္း ကစားသမားဘ၀ ေနာက္ေျခလွမ္းက အေရးၾကီးေနျပီး ဒီဂီယာကို မေက်ာ္နုိင္ရင္ အသင္းက ထြက္ဖို႔ နည္းလမ္း ရွာမယ္ ထင္ပါတယ္။

အသင္းဆီ ျပန္လာျပီး ထိုင္ေနရမယ္ဆို သူလည္း ေပ်ာ္နုိင္မယ္ မထင္ဘူး။ ဒါလည္း သူ႔ကို အျပစ္တင္လို႔ မရပါဘူး။ သူက အလားအလာေကာင္းေတြ ရွိေနတဲ့ ဂိုးသမား တစ္ေယာက္ ျဖစ္တယ္။ ဒါကို ယူနိုက္တက္လည္း နားလည္ သေဘာေပါက္မယ္ ထင္တယ္။ ဆိုးရွား အတြက္ေတာ့ ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ ခ်ရမွာေပါ့။

ဆိုးရွားကေတာ့ ဒင္း (ဟန္ဒါဆန္) အတြက္ လမ္းရဖို႔ ဒီဂီယာကို ဖယ္ထုတ္မယ္ မထင္ဘူး။ သူတို႔ ဒီဂီယာကို ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ထားတာ သိပ္မၾကာေသးဘူး။ စပိန္သားကလည္း ယူနိုက္တက္မွာ ျမဲျမဲျမံျမံ ေနရာယူထားတယ္။ ျပီးခဲ့တဲ့ နွစ္အနည္းငယ္ အတြင္း သူက ထိပ္တန္း ဂိုးသမား တစ္ေယာက္ ဆိုတာ သက္ေသျပခဲ့တယ္။ အမွားက်ဴးလြန္တာ တခ်ိဳ႕ ရွိသည့္တိုင္ သူက အေကာင္းဆံုးထဲမွာ ပါ၀င္ဆဲပါ။ ” လို႔ ခရစၥတန္နာက သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ဒီဂီယာဟာ ကလပ္အသင္းရဲ႕ စီနီယာ ပြဲထြက္ အျဖစ္ အသက္ ၂၁ နွစ္မွာတင္ စတင္ေနရာ ရခဲ့တာ ျဖစ္ျပီး ဒင္း ဟန္ဒါဆန္က လက္ရွိမွာ ၂၃ ျဖစ္လို႔ ဒီဂီယာ စတင္စဥ္ကထက္ နွစ္နွစ္ အသက္ၾကီးေနျပီ ျဖစ္ပါတယ္။ တန္နာကေတာ့ အေကာင္းဆံုး ေျဖရွင္းနည္းဟာ ဟန္ဒါဆန္ကို ရွက္ဖီးမွာပဲ ေနာက္တစ္ရာသီ အငွား ဆက္ခ်ဖို႔ ျဖစ္တယ္လို႔ တိုက္တြန္းခဲ့ပါတယ္။