ချန်ပီယံလိဂ်ဝင်ခွင့်မရရင် အဓိကပစ်မှတ် ကစားသမားကို ခေါ်ယူနိုင်မှာ မဟုတ်တဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ နွေမှာ တိုက်စစ်သမားတွေ ခေါ်ယူအားဖြည့်မယ် သတင်းကြီးနေပြီး ဆန်ချိုအတွက် ချိတ်ဆက်မှုတွေ ရှိနေခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် အာမခံချက်မရှိရင် ဒေါ့မွန်တိုက်စစ်သမားက ယူနိုက်တက်ကိုပြောင်းဖို့ ငြင်းဆန်မယ်လို့ အင်္ဂလန်သတင်းက ဖော်ပြလာပါတယ်။

ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုအနေနဲ့ကလည်း လာမယ့် နွေရာသီအပြောင်းအရွေ့မှာ ဒေါ့မွန်အသင်းကနေ ထွက်ခွာဖို့ ဆောင်ရွက်နေခဲ့တာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ မွေးရပ်မြေဖြစ်တဲ့ ပရီးမီးယားလိဂ်သို့ ပြန်လာဖို့ အခိုင်အမာ ချိတ်ဆက်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဆန်ချိုကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ ယူနိုက်တက်အပြင် အခြား ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေလည်း ပါဝင်ပါတယ်။ ဆန်ချိုကို အရခေါ်ယူနိုင်ဖို့အတွက် ဆိုရင်တော့ မန်ယူအသင်းအနေနဲ့ မြင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ကမ်းလှမ်းနိုင်မှသာ ခေါ်ယူနိုင်မှာဖြစ်သလို ချန်ပီယံလိဂ်မှာ ပါဝင်ခွင့်ကစားခွင့်လည်း ရှိရမှာဖြစ်တယ်။

အသက် ၂၀ အရွယ်ပဲရှိသေးတဲ့ ဆန်ချိုဟာ ယူနိုက်တက်မှာ ဆယ်စုနှစ်ကြာ ကစားနိုင်မယ့်သူဖြစ်ပေမယ့် သူကလည်း ကစားသမားဆိုင်ရာ တိုးတက်မှုအတွက် ပွဲထွက်ခွင့်အပြင် ဆုဖလား စိန်ခေါ်နိုင်စွမ်းမျိုးကို အာမခံချက် မရှိပဲ အသင်းပြောင်းဖို့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ယူနိုက်တက်ဟာ ညာတောင်ပံအတွက် ဆန်ချိုကိုပဲ အဓိကပစ်မှတ်အဖြစ် ချိန်ရွယ်ထားပါတယ်။

ယူနိုက်တက်ဘက်ကတော့ ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရဘူးဆိုရင် Adidas နဲ့ စာချုပ်အရ စပွန်ဆာကြေးတွေ လျော့နည်းလာဖို့ ရှိနေပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း ကလပ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ လုပ်ခ အမြင့်ဆုံး အသင်းတွေထဲမှာ ဒုတိယနေရာက ရပ်တည်နေသေးတာပါ။

ZAWGYI

ယူႏုိက္တက္ဟာ ေႏြမွာ တိုက္စစ္သမားေတြ ေခၚယူအားျဖည့္မယ္ သတင္းၾကီးေနျပီး ဆန္ခ်ိဳအတြက္ ခ်ိတ္ဆက္မႈေတြ ရွိေနခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ အာမခံခ်က္မရွိရင္ ေဒါ့မြန္တုိက္စစ္သမားက ယူႏုိက္တက္ကိုေျပာင္းဖို႔ ျငင္းဆန္မယ္လို႔ အဂၤလန္သတင္းက ေဖာ္ျပလာပါတယ္။

ေဒါ့မြန္ၾကယ္ပြင့္ ဆန္ခ်ိဳအေနနဲ႔ကလည္း လာမယ့္ ေႏြရာသီအေျပာင္းအေ႐ြ႕မွာ ေဒါ့မြန္အသင္းကေန ထြက္ခြာဖို႔ ေဆာင္႐ြက္ေနခဲ့တာျဖစ္ၿပီး အဂၤလန္လက္ေ႐ြးစင္ ကစားသမားဟာ ေမြးရပ္ေျမျဖစ္တဲ့ ပရီးမီးယားလိဂ္သို႔ ျပန္လာဖို႔ အခိုင္အမာ ခ်ိတ္ဆက္ေနခဲ့တာလည္း ျဖစ္ပါတယ္။

ဆန္ခ်ိဳကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ အသင္းေတြထဲမွာ ယူႏိုက္တက္အျပင္ အျခား ပရီးမီးယားလိဂ္ ထိပ္သီး အသင္းေတြလည္း ပါ၀င္ပါတယ္။ ဆန္ခ်ိဳကို အရေခၚယူႏိုင္ဖို႔အတြက္ ဆိုရင္ေတာ့ မန္ယူအသင္းအေနနဲ႔ ျမင့္မားတဲ့ ေျပာင္းေ႐ြ႕ေၾကးနဲ႔ ကမ္းလွမ္းႏိုင္မွသာ ေခၚယူနိုင္မွာျဖစ္သလို ခ်န္ပီယံလိဂ္မွာ ပါဝင္ခြင့္ကစားခြင့္လည္း ရွိရမွာျဖစ္တယ္။

အသက္ ၂၀ အရြယ္ပဲရွိေသးတဲ့ ဆန္ခ်ိဳဟာ ယူႏုိက္တက္မွာ ဆယ္စုႏွစ္ၾကာ ကစားႏုိင္မယ့္သူျဖစ္ေပမယ့္ သူကလည္း ကစားသမားဆုိင္ရာ တိုးတက္မႈအတြက္ ပြဲထြက္ခြင့္အျပင္ ဆုဖလား စိန္ေခၚႏုိင္စြမ္းမ်ိဳးကို အာမခံခ်က္ မရွိပဲ အသင္းေျပာင္းဖို႔ စိတ္ဝင္စားမွာ မဟုတ္ပါဘူး။ ယူႏုိက္တက္ဟာ ညာေတာင္ပံအတြက္ ဆန္ခ်ိဳကိုပဲ အဓိကပစ္မွတ္အျဖစ္ ခ်ိန္ရြယ္ထားပါတယ္။

ယူႏုိက္တက္ဘက္ကေတာ့ ဒီရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရဘူးဆိုရင္ Adidas နဲ႔ စာခ်ဳပ္အရ စပြန္ဆာေၾကးေတြ ေလ်ာ့နည္းလာဖို႔ ရွိေနပါတယ္။ ဒါ့အျပင္ လက္ရွိမွာလည္း ကလပ္အသင္းဟာ ပရီးမီးယားလိဂ္ရဲ႕ လုပ္ခ အျမင့္ဆံုး အသင္းေတြထဲမွာ ဒုတိယေနရာက ရပ္တည္ေနေသးတာပါ။