ပြိုင်ဘက်တွေလို မဟုတ်ပဲ အသင်းဝန်ထမ်းတွေကို လစာပြည့်ပေးမယ့် ယူနိုက်တက်

လတ်တလော ကိုရိုနာ အရေးကြောင့် ဘောလုံးပွဲတွေ ရပ်နားထားချိန်မှာ ဘောလုံး ကလပ်အသင်းတွေလည်း ဝန်ထမ်းတွေကို လစာပြည့်ပေးဖို့ ရုန်းကန်နေကြရာမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေလည်း ပါဝင်နေပါတယ်။ အင်္ဂလန် အစိုးရကတော့ လစာ ရဲ့ ၈၀% ထိ အစိုးရ ဘတ်ဂျက်ကနေ သုံးစွဲသွားဖို့ စီစဉ်နေပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ကတော့ အသင်း ဝန်ထမ်း ၉၀၀ ကျော် ကို ကိုယ်ပိုင်ငွေနဲ့ ပဲ ရာသီကုန်ထိ လစာပြည့် ပေးသွားဖို့ စီစဉ်နေပါတယ်။ အစိုးရ ခံစားခွင့် ပြုထားတဲ့ လစာ ၈၀% ပေးချေပေးမှာကို ယူနိုက်တက်ကတော့ မယူလိုဘဲ ငြင်းပယ်သွားမယ်လို့ သိရပါတယ်။

အခြား အသင်းကြီးတွေ ထဲမှာ လီဗာပူးနဲ့ စပါးအသင်းကတော့ အသင်း ဝန်ထမ်းတွေ လစာပြည့်ရဖို့ အစိုးရ ထောက်ပံ့မှုကို လက်ခံသွားမယ်လို့ ကြေငြာထားပါတယ်။ ၎င်းတို့က ဝန်ထမ်းတွေ လစာ ၂၀% ကိုသာ ပေးချေသွားမှာ ဖြစ်ပါတယ်။ ဒီအတွက် အင်္ဂလန်က ပြည်သူတွေ အပါအဝင် ကစားသမားဟောင်းတွေရဲ့ ဝေဖန်မှုတွေ ခံယူနေရပါတယ်။

ယူနိုက်တက်ကတော့ အသင်း ဝန်ထမ်းတွေ၊ စေတနာဝန်ထမ်းတွေကို ကိုယ်ပိုင်ငွေထဲက စီမံက အပြည့်ပေးအပ်ဖို့ စီစဉ်နေတယ် သတင်း ထွက်ပေါ်လာပါတယ်။ လောလောဆယ်မှာလည်း ပွဲ မရှိသည်တိုင် ပွဲနေ့ လုပ်ဆောင်ရတဲ့ ဝန်ထမ်းတွေကို ပုံမှန်အတိုင်း လစာပေးသွားမယ်လို့ ဆိုထားပြီး ဖြစ်ပါတယ်။

ယူနိုက်တက်နည်းတူ မန်စီးတီးကလည်း အသင်း ဝန်ထမ်းတွေ အတွက် လစာကို ကိုယ်ပိုင်ငွေကနေ အပြည့်အ၀ သုံးသွားမယ်လို့ စီစဉ်ထားပြီး အတည်ပြု ကြေငြာချက်လည်း ထုတ်ပြန်သွားပါတယ်။ အစိုးရရဲ့ အကူအညီ ယူထားတဲ့ ကလပ်အသင်းတွေ ထဲ လီဗာပူး၊ စပါး၊ နောဝစ်၊ ဘုန်းမောက်နဲ့ နယူးကာဆယ်အသင်းတို့ ပါဝင်ထားပါတယ်။

Zawgyi – လတ္တေလာ ကိုရိုနာ အေရးေၾကာင့္ ေဘာလံုးပြဲေတြ ရပ္နားထားခ်ိန္မွာ ေဘာလံုး ကလပ္အသင္းေတြလည္း ၀န္ထမ္းေတြကို လစာျပည့္ေပးဖို႔ ရုန္းကန္ေနၾကရာမွာ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြလည္း ပါ၀င္ေနပါတယ္။ အဂၤလန္ အစိုးရကေတာ့ လစာ ရဲ႕ ၈၀% ထိ အစိုးရ ဘတ္ဂ်က္ကေန သံုးစြဲသြားဖို႔ စီစဥ္ေနပါတယ္။

ဒါေပမယ့္ မန္ခ်က္စတာယူနိုက္တက္ကေတာ့ အသင္း ၀န္ထမ္း ၉၀၀ ေက်ာ္ ကို ကိုယ္ပိုင္ေငြနဲ႕ ပဲ ရာသီကုန္ထိ လစာျပည့္ ေပးသြားဖို႔ စီစဥ္ေနပါတယ္။ အစိုးရ ခံစားခြင့္ ျပဳထားတဲ့ လစာ ၈၀% ေပးေခ်ေပးမွာကို ယူနိုက္တက္ကေတာ့ မယူလိုဘဲ ျငင္းပယ္သြားမယ္လို႔ သိရပါတယ္။

အျခား အသင္းၾကီးေတြ ထဲမွာ လီဗာပူးနဲ႕ စပါးအသင္းကေတာ့ အသင္း ၀န္ထမ္းေတြ လစာျပည့္ရဖို႔ အစိုးရ ေထာက္ပံ့မႈကို လက္ခံသြားမယ္လို႔ ေၾကျငာထားပါတယ္။ ၄င္းတို႔က ၀န္ထမ္းေတြ လစာ ၂၀% ကိုသာ ေပးေခ်သြားမွာ ျဖစ္ပါတယ္။ ဒီအတြက္ အဂၤလန္က ျပည္သူေတြ အပါအ၀င္ ကစားသမားေဟာင္းေတြရဲ႕ ေ၀ဖန္မႈေတြ ခံယူေနရပါတယ္။

ယူနိုက္တက္ကေတာ့ အသင္း ၀န္ထမ္းေတြ၊ ေစတနာ၀န္ထမ္းေတြကို ကိုယ္ပိုင္ေငြထဲက စီမံက အျပည့္ေပးအပ္ဖို႔ စီစဥ္ေနတယ္ သတင္း ထြက္ေပၚလာပါတယ္။ ေလာေလာဆယ္မွာလည္း ပြဲ မရွိသည္တိုင္ ပြဲေန႔ လုပ္ေဆာင္ရတဲ့ ၀န္ထမ္းေတြကို ပံုမွန္အတိုင္း လစာေပးသြားမယ္လို႔ ဆိုထားျပီး ျဖစ္ပါတယ္။

ယူနုိက္တက္နည္းတူ မန္စီးတီးကလည္း အသင္း ၀န္ထမ္းေတြ အတြက္ လစာကို ကိုယ္ပိုင္ေငြကေန အျပည့္အ၀ သံုးသြားမယ္လို႔ စီစဥ္ထားျပီး အတည္ျပဳ ေၾကျငာခ်က္လည္း ထုတ္ျပန္သြားပါတယ္။ အစိုးရရဲ႕ အကူအညီ ယူထားတဲ့ ကလပ္အသင္းေတြ ထဲ လီဗာပူး၊ စပါး၊ ေနာ၀စ္၊ ဘုန္းေမာက္နဲ႕ နယူးကာဆယ္အသင္းတို႔ ပါ၀င္ထားပါတယ္။