ဘစ်ဆာကာ မပါဘဲ ဂျိမ်းစ် ရွေးလိုက်တဲ့ ယူနိုက်တက် အမြန်ဆုံး ကစားသမားများ

အိုလေဂန်နာဆိုးရှားရဲ့ မန်ချက်စတာယူနိုက်တက် အသင်း လူစာရင်းက အမြန်ဆုံး ကစားသမား သုံးဦးကို တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ် က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဂျိမ်းစ်ကလည်း လျင်မြန်ဖြတ်လတ်လွန်းတာကြောင့် အသင်းရဲ့ အမြန်ဆုံးကစားသမား အဖြစ် မကြာခဏ ညွှန်းခံရသူ ဖြစ်ပါတယ်။

ဆွမ်ဆီး ကစားသမားဟောင်း ဖြစ်တဲ့ ဂျိမ်းစ်က ပြီးခဲ့တဲ့နွေမှာ ပေါင် ၁၅ သန်းနဲ့ ယူနိုက်တက်ထံ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အထင်ကြီးလောက်ဖွယ် အစွမ်းပြထားပါတယ်။ ဝေးစ် ကစားသမားက ပရီးမီးယားလိဂ်မှာ ၎င်းရဲ့ အမြန်နှုန်းနဲ့ ပြိုင်ဘက် ခံစစ်သမားတွေကို ဒုက္ခပေးလေ့ ရှိသူပါ။

ဂျိမ်းစ်က အသင်းမှာ သူ့ကို ယှဉ်နိုင်တဲ့ အမြန်ဆုံး ကစားသမားတွေ အကြောင်း မေးမြန်းခံခဲ့ရာ အခုလို ဖြေကြားခဲ့ပါတယ်။

” အသင်းမှာ အမြန်ဆုံးဆို ကျနော်ရယ် ဒီယေဂို (ဒါလော့)နဲ့ မားကပ် (ရက်ဖို့ဒ်) တို့ ဖြစ်မယ်။ သူတို့ရဲ့ အားကုန်ထုတ် တာတိုပြေးမှုတွေ တောင် ကျနော် မမြင်ရသေးဘူးထင်တယ်။ ကျနေ်ာတို့ ကြားထဲ ယှဉ်ပြိုင်မှုကောင်း တစ်ခုလို့ ထင်တယ်။

ဝမ် ဘစ်တာကာလည်း တော်တော် မြန်တယ်။ ဒါပေမယ့် လူတွေက ဒီယေဂို (ဒါလော့) ဘယ်လောက်မြန်တယ်ဆိုတာ သတိမပြုမိကြဘူး ထင်တယ်။ ဒါမှမဟုတ် ကျနော် မြင်ထားသလောက် သူတို့ မမြင်ဖူးကြသေးတာ ဖြစ်မယ်။ ” လို့ ဂျိမ်းစ်က ပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဟာ လောလောဆယ် ပွဲစဉ်တွေ ရပ်နားထးတာကြောင့် ပြန်လည် စတင်ဖို့ အစီအစဉ်များကို ဆွေးနွေး နေဆဲ ဖြစ်ပါတယ်။ ကိုရိုနာ ကိစ္စများ မအေးသေးရင် ပွဲစဉ်များကို ကွင်းပိတ်ပြီး ကစားတာမျိုးပင် ဖြစ်လာနိုင်ကြောင်း သတင်းထွက်ပေါ်နေပါတယ်။

Zawgyi – အိုေလဂန္နာဆိုးရွားရဲ႕ မန္ခ်က္စတာယူနိုက္တက္ အသင္း လူစာရင္းက အျမန္ဆံုး ကစားသမား သံုးဦးကို ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ ဂ်ိမ္းစ္ကလည္း လ်င္ျမန္ျဖတ္လတ္လြန္းတာေၾကာင့္ အသငး္ရဲ႕ အျမန္ဆံုးကစားသမား အျဖစ္ မၾကာခဏ ညႊန္းခံရသူ ျဖစ္ပါတယ္။

ဆြမ္ဆီး ကစားသမားေဟာင္း ျဖစ္တဲ့ ဂ်ိမ္းစ္က ျပီးခဲ့တဲ့ေႏြမွာ ေပါင္ ၁၅ သန္းနဲ႕ ယူနိုက္တက္ထံ ေရာက္ရွိလာခဲ့တာ ျဖစ္ျပီး အထင္ၾကီးေလာက္ဖြယ္ အစြမ္းျပထားပါတယ္။ ေ၀းစ္ ကစားသမားက ပရီးမီးယားလိဂ္မွာ ၄င္းရဲ႕ အျမန္နႈန္းနဲ႕ ျပိဳင္ဘက္ ခံစစ္သမားေတြကို ဒုကၡေပးေလ့ ရွိသူပါ။

ဂ်ိမ္းစ္က အသင္းမွာ သူ႔ကို ယွဥ္နိုင္တဲ့ အျမန္ဆံုး ကစားသမားေတြ အေၾကာင္း ေမးျမန္းခံခဲ့ရာ အခုလို ေျဖၾကားခဲ့ပါတယ္။

” အသင္းမွာ အျမန္ဆံုးဆို က်ေနာ္ရယ္ ဒီေယဂို (ဒါေလာ့)နဲ႕ မားကပ္ (ရက္ဖို႔ဒ္) တို႔ ျဖစ္မယ္။ သူတို႔ရဲ႕ အားကုန္ထုတ္ တာတိုေျပးမႈေတြ ေတာင္ က်ေနာ္ မျမင္ရေသးဘူးထင္တယ္။ က်ေန္ာတို႔ ၾကားထဲ ယွဥ္ျပိဳင္မႈေကာင္း တစ္ခုလို႔ ထင္တယ္။

၀မ္ ဘစ္တာကာလည္း ေတာ္ေတာ္ ျမန္တယ္။ ဒါေပမယ့္ လူေတြက ဒီေယဂို (ဒါေလာ့) ဘယ္ေလာက္ျမန္တယ္ဆိုတာ သတိမျပဳမိၾကဘူး ထင္တယ္။ ဒါမွမဟုတ္ က်ေနာ္ ျမင္ထားသေလာက္ သူတို႔ မျမင္ဖူးၾကေသးတာ ျဖစ္မယ္။ ” လို႔ ဂ်ိမ္းစ္က ေျပာဆိုခဲ့ပါတယ္။

ပရီးမီးယားလိဂ္ဟာ ေလာေလာဆယ္ ပြဲစဥ္ေတြ ရပ္နားထးတာေၾကာင့္ ျပန္လည္ စတင္ဖို႔ အစီအစဥ္မ်ားကို ေဆြးေႏြး ေနဆဲ ျဖစ္ပါတယ္။ ကိုရိုနာ ကိစၥမ်ား မေအးေသးရင္ ပြဲစဥ္မ်ားကို ကြင္းပိတ္ျပီး ကစားတာမ်ိဳးပင္ ျဖစ္လာနုိင္ေၾကာင္း သတင္းထြက္ေပၚေနပါတယ္။