အမေရိကန်မှာ ဘောလုံးကစားနေတဲ့ မေထက်လူ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ပူးပေါင်း

အမေရိကန်ကောလိပ်ဘောလုံးအသင်းဖြစ်တဲ့ LA Pierce Women’s Soccer မှာ ကစားနေတဲ့ မြန်မာကစားသမား မေထက်လူဟာ မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းရဲ့ လာမယ့် ပွဲစဉ်တွေအတွက် ပြန်လာပူးပေါင်းနေပါပြီ။

MFF ဘက်ကနေပြီး ၂၀၂၅ အတွင်း ယှဉ်ပြိုင်ကစားရမည့် နိုင်ငံတကာပြိုင်ပွဲများနှင့် ခြေစမ်းပွဲစဉ်များ အတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ လေ့ကျင့်မှု ပုံရိပ်များကို ဖော်ပြရာမှာ မေထက်လူ ပါဝင်လာတာပါ။

သူမ ကိုယ်တိုင်ကလည်း လူမှုကွန်ယက်အကောင့်က အဆင့် ကျောနံပါတ် ၃၁ ပါ မြန်မာအသင်းဝတ်စုံကို ဝတ်ဆင်ပြီး လေ့ကျင့်ရေး ဝင်နေကြောင်းကို အတည်ပြုထားပါတယ်။

မေထက်လူကို လက်ရွေးစင်အဆင့်မှာ မြင်ရလေ့မရှိပေမယ့် ယူ-၁၇, ယူ-၂၀ စတဲ့ သက်တမ်းအလိုက် အဆင့်တွေမှာတည်းက မြန်မာ့လက်ရွေးစင်အသင်းကို ကိုယ်စားပြုခဲ့သူပါ။ လက်ရှိမှာ အသက် ၂၂ နှစ်အရွယ်ဖြစ်ပြီး ကွင်းလယ်လူ အဖြစ် ကစားသူတစ်ဦးဖြစ်ပါတယ်။

ပညာရေးရော အားကစားမှာပါ ထူးချွန်သူဖြစ်ကာ ပညာရေးကြောင့်ပဲ အမေရိကန်နိုင်ငံကို ရောက်ရှိနေခဲ့တဲ့ မေထက်လူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက LA Pierce Women’s Soccer အသင်းမှာ ကစားနေတာဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာတော့ LA Pierce Women’s Soccer အသင်းနဲ့အတူ ပိုမိုခြေစွမ်းပြနေကာ ပွဲ၂၀ ကစားထားရာမှာ ၁၀ဂိုးသွင်းပြီး ၇ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။