ငွေကြေး တတ်နိုင်ရင် EPC လျှပ်စစ်မီး ၂၄ နာရီရမယ့် စနစ် မကြာခင် စတင်ဖွယ်ရှိနေ
လက်ရှိ အချိန်ဟာ ဒီဇင်ဘာလ၊ ဆောင်းရာသီထဲမှာ ဖြစ်ပေမယ့် နွေရာသီကာလလောက်သာ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု ရှိနေပြီး ဓာတ်အား မလုံလောက်မှုက ပိုမို ဆိုးဝါးလာနေပါတယ်။
ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာ လက်ရှိ ဓာတ်အားခွဲဝေမှု မလုံလောက်ခြင်းကြောင့် လျှပ်စစ်မီး ပြတ်တောက်ချိန်တွေ ပိုများလာနေတာပါ။
ဒါပေမယ့်လို့ ငွေကြေး တတ်နိုင်ရင် EPC လျှပ်စစ်မီး ၂၄ နာရီရမယ့် စနစ် လုပ်ငန်းရှင်တွေအတွက် မကြာခင် မိတ်ဆက်ပေးဖွယ်ရှိနေကြောင်း အသံထွက်လာပါတယ်။
စက်မှုဇုန်သုံး မီးလိုင်းတွေနဲ့ သီးခြားတိုက်ရိုက် အသုံးပြုတဲ့ လိုင်းတွေကို တယူနစ် ကျပ် ၈၀၀ နှုန်း ကောက်ခံပြီး ၂၄ နာရီ မီးမပြတ်အောင် လုပ်ပေးမယ့်စနစ်ကို လျှပ်စစ်ဝန်ကြီးဌာနကနေ အကောင်အထည် ဖော်မယ်လို့ သိရပါတယ်။
ဂတ်စ်ဝယ်ယူပြီး လျှပ်စစ်မီး ပေးမယ့် အဆိုပါ အစီအစဉ်အတွက် လတ်တလောမှာ စက်မှုဇုန်တွေနဲ့ အထူးသီးသန့်လိုင်းယူထားသူတွေရဲ့ သဘောထားကို တောင်းခံထားတယ်လို့ ဆိုပါတယ်။
စက်ရုံတွေအနေနဲ့လည်း တယူနစ်လျှင် ၁၂၅၀ ကျပ် နီးပါး ကျသင့်တဲ့ မီးစက်ထက်စာရင် ယခု အစီအစဉ်ကို သဘောကျဖွယ် ရှိနေပါတယ်။
