အသင်း လေ့ကျင့်ရေးနဲ့ ပတ်သတ်ပြီး ထပ်မံ သတင်းထုတ်ပြန်ခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အသင်း လေ့ကျင့်ရေး အစီအစဉ်တွေ ပြန်လည် စတင်ဖို့ စီစဉ်ထားခဲ့ပေမယ့် ထပ်မံ ရွှေ့ဆိုင်းကြောင်း သတင်း ထုတ်ပြန်လိုက်ရပါတယ်။ အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်သပွားမှုက ဆိုးဝါးနေဆဲ ဖြစ်တာကြောင့် Lock down ပြုလုပ်မှုတွေမှာ ရှိနေပါတယ်။

ဒါကြောင့် ယူနိုက်တက်ဟာ ပြန်စမယ့် အသင်း လေ့ကျင့်ရေး အစီအစဉ်တွေကို ရွှေ့ဆိုင်းလိုက်ရပြန်ပါတယ်။ ဒီတကြိမ် ရွှေ့ဆိုင်းမှုကိုတော့ ရက် အကန့်အသတ် မရှိ ဖြစ်တယ်လို့ အသင်းဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ယူနိုက်တက် ကစားသမားတွေကလည်း အပြင်ကို သွားလာခွင့်မရှိသေးတာကြောင့် နေအိမ်မှာပဲ လေ့ကျင့်မှုများ ဆက်လက် လုပ်ဆောင်ကြရမှာပါ။ အစောပိုင်း အစီအစဉ်များအရတော့ ယူနိုက်တက်က ဧပြီ ၁၀ ရက်နေ့မှာ ထရိန်နင် ပြန်စဖို့ ရည်ရွယ်ထားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်တွေကလည်း ဧပြီ ၃၀ ထိ ရက်နားပြီး မေလထဲ ပြန် စဖို့ ရည်ရွယ်ထားပေမယ့် လတ်တလော ဆိုးဝါးဆဲ အနေအထား အရ ထပ်မံ ရွှေ့ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

လက်ရှိဘောလုံးရာသီ ပြီးဆုံးနိုင်ဖို့မှာ ယူနိုက်တက်က ပရီးမီးယားလိဂ်ပွဲ ၉ ပွဲထိ ကစားဖို့ ကျန်ရှိနေပါသေးတယ်။ အမှတ်ပေးဇယားမှာလည်း အဆင့် ၅ မှာ ရှိနေတဲ့ ယူနိုကတက်ဟာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မျှော်လင့်ချက်ကောင်း ရှိနေပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ဟာ အသင္း ေလ့က်င့္ေရး အစီအစဥ္ေတြ ျပန္လည္ စတင္ဖို႔ စီစဥ္ထားခဲ့ေပမယ့္ ထပ္မံ ေရႊ႕ဆိုင္းေၾကာင္း သတင္း ထုတ္ျပန္လိုက္ရပါတယ္။ အဂၤလန္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျပန္႔သပြားမႈက ဆိုး၀ါးေနဆဲ ျဖစ္တာေၾကာင့္ Lock down ျပဳလုပ္မႈေတြမွာ ရွိေနပါတယ္။

ဒါေၾကာင့္ ယူနိုက္တက္ဟာ ျပန္စမယ့္ အသင္း ေလ့က်င့္ေရး အစီအစဥ္ေတြကို ေရႊ႕ဆိုင္းလိုက္ရျပန္ပါတယ္။ ဒီတၾကိမ္ ေရႊ႕ဆိုင္းမႈကိုေတာ့ ရက္ အကန္႔အသတ္ မရွိ ျဖစ္တယ္လို႔ အသင္းဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ယူနိုက္တက္ ကစားသမားေတြကလည္း အျပင္ကို သြားလာခြင့္မရွိေသးတာေၾကာင့္ ေနအိမ္မွာပဲ ေလ့က်င့္မႈမ်ား ဆက္လက္ လုပ္ေဆာင္ၾကရမွာပါ။ အေစာပိုင္း အစီအစဥ္မ်ားအရေတာ့ ယူနိုက္တက္က ဧျပီ ၁၀ ရက္ေန႕မွာ ထရိန္နင္ ျပန္စဖို႔ ရည္ရြယ္ထားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ပြဲစဥ္ေတြကလည္း ဧျပီ ၃၀ ထိ ရက္နားျပီး ေမလထဲ ျပန္ စဖို႔ ရည္ရြယ္ထားေပမယ့္ လတ္တေလာ ဆိုး၀ါးဆဲ အေနအထား အရ ထပ္မံ ေရႊ႕ဆိုင္းရဦးမွာ ျဖစ္ပါတယ္။

လက္ရွိေဘာလံုးရာသီ ျပီးဆံုးနိုင္ဖို႔မွာ ယူနိုက္တက္က ပရီးမီးယားလိဂ္ပြဲ ၉ ပြဲထိ ကစားဖို႔ က်န္ရွိေနပါေသးတယ္။ အမွတ္ေပးဇယားမွာလည္း အဆင့္ ၅ မွာ ရွိေနတဲ့ ယူနို္ကတက္ဟာ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ ေမွ်ာ္လင့္ခ်က္ေကာင္း ရွိေနပါတယ္။