လက်ရှိဘောလုံးရာသီကို ပယ်ဖျက်လိုက်ရင် အထိအနာဆုံး ဖြစ်မယ့် ပရီးမီးယားလိဂ်အသင်း ထွက်ပေါ်လာ

လက်ရှိ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းစက် ကူးစက်မှု အခြေအနေများကြောင့် ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်များ ရပ်နားထားရပြီး ဘောလုံးရာသီ ပယ်ဖျက်ဖို့ အကြံပြုမှုများလည်း ရှိနေပါတယ်။ ဒီရာသီ ချန်ပီယံဖြစ်ဖို့ သေချာသလောက် ဖြစ်နေတဲ့ လီဗာပူးက ဘောလုံးရာသီ ပယ်ဖျက်ရင် အနစ်နာဆုံး ဖြစ်မယ် ယူဆရပေမယ့် ဘဏ္ဍာရေး အရ အထိအနာဆုံး ဖြစ်မှာကတော့ မန်ချက်စတာ ယူနိုက်တက် ဖြစ်နေပါတယ်။

မန်ချက်စတာယူနိုက်တက် ဆုံးရှုံးမယ့် ပမာဏက ပေါင် ၁၁၆.၄ သန်းထိ ရှိနေပြီး ဒါက နွေ အပြောင်းအရွှေ့ စရိတ်ကိုပါ ထိခိုက်မှုကြီး ဖြစ်လာဖို့ ရှိနေပါတယ်။ အထိအနာဆုံး ဖြစ်မယ် ထင်ခဲ့တဲ့ လီဗာပူးကတော့ ငွေကြေးထိခိုက်မှုမှာ တတိယ နေရာမှာ ရှိပါတယ်။

ယူနိုက်တက်ဟာ ရုပ်သံထုတ်လွှင့်ခွင့်ကနေ ပေါင် ၄၈ သန်း ဆုံးရှုံးမှာ ဖြစ်ပြီး ပွဲနေ့ တစ်ရက်စီ ဝင်ငွေကလည်း ပေါင် ၁၇.၆ သန်း ရှိပါသေးတယ်။ တခြား စီပွားရေးကြေငြာတွေနဲ့ အရောင်းဆိုင်တွေကနေလည်း ပေါင် ၅၀.၈ သန်းထိ ဝင်ငွေလျော့ဦးမှာ ဖြစ်ပါတယ်။ ဒုတိယ အထိအနာဆုံး ဖြစ်မှာကတော့ မန်စီးတီး ဖြစ်ပြီး ပေါင် ၁၀၉.၃ သန်းထိ ဝင်ငွေ လျော့မှာပါ။

လီဗာပူးအသင်းကတော့ ရုပ်သံလွှင့်ခွင့်ကနေ ထိခိုက်တာ အများဆုံး ဖြစ်ပြီး ပေါင် ၅၅.၂ သန်း ဆုံးရှုံးမှာပါ။ စုစုပေါင်း အနေနဲ့တော့ ပေါင် ၁၀၂.၆ သန်းထိ ထိခိုက်ဖို့ ရှိနေပါတယ်။ အခြားအသင်းငယ်တွေလည်း ကိုယ်စီ ထိခိုက်မှု ဝင်ငွေဆုံးရှုံးမှုတွေ ရှိမှာကို ဒေးလီးမေးလ်က စာရင်း ပြုစုထားပါတယ်။

ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကတော့ အစိုးရနဲ့ ညှိနှိုင်းနေပြီး ဇွန်လထဲမှာ ပြိုင်ပွဲကို ကွင်းပိတ်ကာ ဆက်လက် ကျင်းပပြီး အရှုံး သက်သာအောင် စီစဉ်ေ်နဆဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ဘောလုံးရာသီသာ ပယ်ဖျက်ရင် အသင်းအလိုက် ဆုံးရှုံးနိုင်မှုတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  • Man Utd: £116.4m
  • Man City: £109.3m
  • Liverpool: £102.6m
  • Chelsea: £91m
  • Tottenham: £83m
  • Arsenal: £74.8m
  • Leicester: £55.6m
  • Burnley: £50m
  • Wolves: £49.1m
  • Everton: £42.6m
  • Sheff Utd: £41.9m
  • Newcastle: £40.3m
  • West Ham: £37.4m
  • Crystal Palace: £37.1m
  • Southampton: £32.1m
  • Brighton: £27.9m
  • Watford: £24.2m
  • Aston Villa: £24.2m
  • Bournemouth: £22.1m
  • Norwich: £19.5m

Zawgyi – လက္ရွိ ျဖစ္ေပၚေနတဲ့ ကို႐ိုနာဗိုင္းစက္ ကူးစက္မႈ အေျခအေနမ်ားေၾကာင့္ ပရီးမီးယားလိဂ္ ေဘာလုံးပြဲစဥ္မ်ား ရပ္နားထားရၿပီး ေဘာလုံးရာသီ ပယ္ဖ်က္ဖို႔ အႀကံျပဳမႈမ်ားလည္း ရွိေနပါတယ္။ ဒီရာသီ ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာသေလာက္ ျဖစ္ေနတဲ့ လီဗာပူးက ေဘာလုံးရာသီ ပယ္ဖ်က္ရင္ အနစ္နာဆုံး ျဖစ္မယ္ ယူဆရေပမယ့္ ဘ႑ာေရး အရ အထိအနာဆုံး ျဖစ္မွာကေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ ျဖစ္ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ ဆုံးရႈံးမယ့္ ပမာဏက ေပါင္ ၁၁၆.၄ သန္းထိ ရွိေနၿပီး ဒါက ေႏြ အေျပာင္းအေ႐ႊ႕ စရိတ္ကိုပါ ထိခိုက္မႈႀကီး ျဖစ္လာဖို႔ ရွိေနပါတယ္။ အထိအနာဆုံး ျဖစ္မယ္ ထင္ခဲ့တဲ့ လီဗာပူးကေတာ့ ေငြေၾကးထိခိုက္မႈမွာ တတိယ ေနရာမွာ ရွိပါတယ္။

ယူႏိုက္တက္ဟာ ႐ုပ္သံထုတ္လႊင့္ခြင့္ကေန ေပါင္ ၄၈ သန္း ဆုံးရႈံးမွာ ျဖစ္ၿပီး ပြဲေန႔ တစ္ရက္စီ ဝင္ေငြကလည္း ေပါင္ ၁၇.၆ သန္း ရွိပါေသးတယ္။ တျခား စီပြားေရးေၾကျငာေတြနဲ႔ အေရာင္းဆိုင္ေတြကေနလည္း ေပါင္ ၅၀.၈ သန္းထိ ဝင္ေငြေလ်ာ့ဦးမွာ ျဖစ္ပါတယ္။ ဒုတိယ အထိအနာဆုံး ျဖစ္မွာကေတာ့ မန္စီးတီး ျဖစ္ၿပီး ေပါင္ ၁၀၉.၃ သန္းထိ ဝင္ေငြ ေလ်ာ့မွာပါ။

လီဗာပူးအသင္းကေတာ့ ႐ုပ္သံလႊင့္ခြင့္ကေန ထိခိုက္တာ အမ်ားဆုံး ျဖစ္ၿပီး ေပါင္ ၅၅.၂ သန္း ဆုံးရႈံးမွာပါ။ စုစုေပါင္း အေနနဲ႔ေတာ့ ေပါင္ ၁၀၂.၆ သန္းထိ ထိခိုက္ဖို႔ ရွိေနပါတယ္။ အျခားအသင္းငယ္ေတြလည္း ကိုယ္စီ ထိခိုက္မႈ ဝင္ေငြဆုံးရႈံးမႈေတြ ရွိမွာကို ေဒးလီးေမးလ္က စာရင္း ျပဳစုထားပါတယ္။

ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြကေတာ့ အစိုးရနဲ႔ ညႇိႏႈိင္းေနၿပီး ဇြန္လထဲမွာ ၿပိဳင္ပြဲကို ကြင္းပိတ္ကာ ဆက္လက္ က်င္းပၿပီး အရႈံး သက္သာေအာင္ စီစဥ္ေ္နဆဲ ျဖစ္ပါတယ္။