တိုက်စစ်သမား ဆန်ချို ဖွင့်ဟတဲ့ အနာဂတ်အတွက် သူ့ရဲ့ ရည်မှန်းချက်

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ရာသီမှာ အသင်းကို အင်အားဖြည့်ဖို့အတွက် မွေးရပ်မြေဖြစ်တဲ့ အင်္ဂလန်ကို ပြန်လာလိုနေတဲ့ ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုကို ခေါ်ယူူလိုနေတာပါ။

ဒေါ့မွန်စီအီးအို Hans-Joachim Watzke က နွေမှာ တိုက်စစ်သမား ဆန်ချိုက အသင်းပြောင်းဖို့ ဆန္ဒရှိရင် ခွင့်ပြုသွားမှာဖြစ်ပြီး ဆွေးနွေးမှုတွေကိုလည်း လုပ်ဆောင်သွားမှာပါလို့ ထုတ်ဖော် ပြောဆိုထားပါတယ်။ ဆန်ချိုဟာ ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမား နှစ်ဦး (သို့) သုံးဦး စာရင်းထဲကို ဝင်ရောက်လာမယ့် အလားအလာကောင်းရှိသူအဖြစ် ထင်ကြေးတွေ ပေးထားရသူဖြစ်တယ်။

လူငယ်တိုက်စစ်သမားလေးရဲ့ အနာဂတ် ရည်မှန်းချက်ကတော့ ကမ္ဘာထိပ်တန်း ၂ ဦးစာရင်းထဲ ပါဝင်လာဖို့နဲ့ နီးစပ်ပြီး သူ့ရဲ့ အိပ်မက်က ကစားသမားတိုင်း အားကျရတဲ့ ရော်နယ်ဒင်ဟိုလို ကစားသမား ဖြစ်လာဖို့ပါပဲ။

ဆန်ချိုက ” ကျနော်က အမြဲတမ်း ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦး ဖြစ်လိုခဲ့တာပါ။ လူတွေက ကျနော်ကိုကြည့်ပြီး ဝိုး လို့ကို အံ့အားသင့်စေချင်တာ။ ရော်နယ်ဒင်ဟို ကစားတာကို ကြည့်ပြီး ကျနော် မင်သပ်ခဲ့ရသလိုပေါ့ဗျာ။ တစ်ရက်မှာ ရော်နယ်ဒိုလို ကစားသမားတစ်ဦး ဖြစ်လာလိုပါတယ်။

မျှော်လင့်တာက အနာဂတ် တစ်ချိန်မှာ ကျနော်က ရော်နယ်ဒင်ဟိုလို ကစားသမားမျိုး ဖြစ်လာဖို့ပါ။ ကစားသမားတွေ ကိုယ်တိုင်က ကျနော်ကို ကြည့်ပြီး ဝိုးခနဲ မင်သပ်ရတဲ့ အနေအထားကိုပေါ့ဗျာ ” လို့ ဆိုခဲ့တာဖြစ်တယ်။

တစ်ချိန်တုန်းက ယူနိုက်တက်ဟာ ထိပ်တန်းအဆင့် ဆုဖလားတွေကို အမြဲတမ်း စိန်ခေါ်မှုနဲ့အတူ ပြိုင်ဘက်တိုင်းကို အံ့အားသင့်စေရတဲ့ အသင်းကောင်း ဖြစ်ခဲ့သေးတာပါ။ အနာဂတ်မှာ သူဟာ ယူနိုက်တက်နဲ့အတူ ထူးချွန်တဲ့ အရည်အချင်းတွေ ပြသနိုင်ဖို့ဆိုတာက သရဲနီတွေ မျှော်လင့်နေတာပဲ ဖြစ်ပါတယ်။

ZAWGYI

မန္ခ်က္စတာယူနိုက္တက္ဟာ လာမယ့္ ရာသီမွာ အသင္းကို အင္အားျဖည့္ဖို႔အတြက္ ေမြးရပ္ေျမျဖစ္တဲ့ အဂၤလန္ကို ျပန္လာလိုေနတဲ့ ေဒါ့မြန္တိုက္စစ္သမား ဆန္ခ်ိဳကို ေခၚယူူလိုေနတာပါ။

ေဒါ့မြန္စီအီးအို Hans-Joachim Watzke က ေႏြမွာ တိုက္စစ္သမား ဆန္ခ်ိဳက အသင္းေျပာင္းဖို႔ ဆႏၵရွိရင္ ခြင့္ျပဳသြားမွာျဖစ္ျပီး ေဆြးေႏြးမႈေတြကိုလည္း လုပ္ေဆာင္သြားမွာပါလို႔ ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။ ဆန္ခ်ိဳဟာ ကမၻာေပၚက အေကာင္းဆံုး ကစားသမား ႏွစ္ဦး (သို႔) သံုးဦး စာရင္းထဲကို ဝင္ေရာက္လာမယ့္ အလားအလာေကာင္းရွိသူအျဖစ္ ထင္ေၾကးေတြ ေပးထားရသူျဖစ္တယ္။

လူငယ္တိုက္စစ္သမားေလးရဲ႕ အနာဂတ္ ရည္မွန္းခ်က္ကေတာ့ ကမၻာထိပ္တန္း ၂ ဦးစာရင္းထဲ ပါဝင္လာဖို႔နဲ႔ နီးစပ္ျပီး သူ႔ရဲ႕ အိပ္မက္က ကစားသမားတိုင္း အားက်ရတဲ့ ေရာ္နယ္ဒင္ဟိုလို ကစားသမား ျဖစ္လာဖို႔ပါပဲ။

ဆန္ခ်ိဳက ” က်ေနာ္က အျမဲတမ္း ပေရာ္ဖက္ရွင္နယ္ ေဘာလံုးသမားတစ္ဦး ျဖစ္လိုခဲ့တာပါ။ လူေတြက က်ေနာ္ကိုၾကည့္ျပီး ဝိုး လို႔ကို အံ့အားသင့္ေစခ်င္တာ။ ေရာ္နယ္ဒင္ဟို ကစားတာကို ၾကည့္ျပီး က်ေနာ္ မင္သပ္ခဲ့ရသလိုေပါ့ဗ်ာ။ တစ္ရက္မွာ ေရာ္နယ္ဒိုလို ကစားသမားတစ္ဦး ျဖစ္လာလိုပါတယ္။

ေမွ်ာ္လင့္တာက အနာဂတ္ တစ္ခ်ိန္မွာ က်ေနာ္က ေရာ္နယ္ဒင္ဟိုလို ကစားသမားမ်ိဳး ျဖစ္လာဖို႔ပါ။ ကစားသမားေတြ ကိုယ္တိုင္က က်ေနာ္ကို ၾကည့္ျပီး ဝိုးခနဲ မင္သပ္ရတဲ့ အေနအထားကိုေပါ့ဗ်ာ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

တစ္ခ်ိန္တုန္းက ယူႏုိက္တက္ဟာ ထိပ္တန္းအဆင့္ ဆုဖလားေတြကို အျမဲတမ္း စိန္ေခၚမႈနဲ႔အတူ ျပိဳင္ဘက္တိုင္းကို အံ့အားသင့္ေစရတဲ့ အသင္းေကာင္း ျဖစ္ခဲ့ေသးတာပါ။ အနာဂတ္မွာ သူဟာ ယူႏုိက္တက္နဲ႔အတူ ထူးခၽြန္တဲ့ အရည္အခ်င္းေတြ ျပသနုိင္ဖို႔ဆိုတာက သရဲနီေတြ ေမွ်ာ္လင့္ေနတာပဲ ျဖစ္ပါတယ္။