ချယ်ဆီးကို ရှုံးမှာ အရမ်းကြောက်ခဲ့ရတဲ့ ပွဲစဉ်အကြောင်း ဖာဒီနန် ဖွင့်ဟ
ယူနိုက်တက် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်က ၂၀၀၈ ချန်ပီယံလိဂ် ဖလား ဖိုင်နယ်မှာ ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရစဉ်က ထိုပွဲ ရှုံးနိမ့်မှာ အလွန် ကြောက်ခဲ့ရကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။
ထိုဗိုလ်လုပွဲမှာ ယူနိုက်တက်က အနိုင်ရခဲ့ပြီး ဆာအဲလက်စ် ဖာဂူဆန်နဲ့ အတူ အသင်းရဲ့ တတိယမြောက် ဥရောပ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ထိုပွဲစဉ်မှာ ပုံမှန် ပွဲချိန် အတွင်း တစ်ဂိုးစီ သရေကျခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာမှ ယူနိုကတက်က အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဥရောပ ဗိုလ်လုပွဲ ဖြစ်ပေမယ့် ပရီးမီးယားလိဂ်က ပြိုင်ဘက် ချယ်ဆီးအသင်းကို ရင်ဆိုင်ကစားခဲ့ရတဲ့ ဖိအားက ကြောက်စရာကောင်းခဲ့တယ် လို့ ဖာဒီနန်က ဝန်ခံခဲ့ပါတယ်။
” ချယ်ဆီးနဲ့ ရင်ဆိုင်ရတာ ဖြစ်လို့ ကျနေ်ာတို့ ဖိအား ပိုဝင်ခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က မိတ်ဆွေ သူငယ်ချင်းတွေ၊ လက်ရွေးစင်အသင်းဖော်တွေ၊ နောက် အတူ ကြီးပြင်းလာခဲ့ရသူတွေနဲ့ ပြိုင်ဘက် အဖြစ် ယှဉ်ပြိုင် ရတာ ဖြစ်လို့ အတော် ခက်ခဲတယ်။ ဒီပွဲ ရလဒ်က အချင်းချင်း ပြန် လေတိုက်နိုင်မယ့် အခွင့်အရေးလည်း ပါတယ်။
တကယ်လို့ ကျနော်တို့က အီတလီ၊ စပိန် ဒါမှမဟုတ် ဂျာမနီက ပြိုင်ဘက်နဲ့တွေ့ရရင် သူတို့နဲ့ ထပ်ဆုံဖို့က နောက် တစ်နှစ် နှစ်နှစ်လောက် နေမှ ဖြစ်မယ်။ ဒါပေမယ့် မော်စကိုက အဲဒီပွဲမှာ ချယ်ဆီးကို ရှုံးလိုက်ရင် အဲဒါက သမိုင်းတွင် သွားမယ်။ အမြဲ ပြောစရာ ဖြစ်သွားမယ်။ သူတို့ ကွင်း သွားကစားတဲ့ အခါတိုင်း ပြောခံရမယ်။ ပြည်တွင်းမှာ ဆိုတော့ တစ်နှစ်ကို အနည်းဆုံး ၂ ကြိမ် သူတို့နဲ့ ကစားရမှာပဲ မဟုတ်လား။ ” လို့ ဖာဒီနန်က ဆိုခဲ့ပါတယ်။
ထိုပွဲစဉ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုက အဖွင့်ဂိုး သွင်းယူပေးခဲ့ပေမယ့် ပထမပိုင်းအတွင်းမှာပဲ ဖရန့်လမ်းပတ်က ချယ်ဆီး အတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပင်နယ်တီ အဆုံး အဖြတ်မှာတော့ ချယ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီက နာမည်ကြီး ပင်နယ်တီ လွဲချော်ခဲ့တာ ဖြစ်ပြီး ယူနိုက်တက် ဂိုးသမား ဗန်ဒါဆားက အနယ်ကာရဲ့ ကန်ချက်ကို ကာကွယ်ကာ သူရဲကောင်း ဖြစ်ခဲ့ပါတယ်။
Zawgyi – ယူနိုက္တက္ ခံစစ္မွဴးေဟာင္း ရီယို ဖာဒီနန္က ၂၀၀၈ ခ်န္ပီယံလိဂ္ ဖလား ဖိုင္နယ္မွာ ခ်ယ္ဆီးအသင္းနဲ႕ ယွဥ္ျပိဳင္ရစဥ္က ထိုပြဲ ရွံဳးနိမ့္မွာ အလြန္ ေၾကာက္ခဲ့ရေၾကာင္း ဖြင့္ဟေျပာဆိုခဲ့ပါတယ္။
ထိုဗိုလ္လုပြဲမွာ ယူနိုက္တက္က အနုိင္ရခဲ့ျပီး ဆာအဲလက္စ္ ဖာဂူဆန္နဲ႕ အတူ အသင္းရဲ႕ တတိယေျမာက္ ဥေရာပ ခ်န္ပီယံလိဂ္ဖလား ကိုင္ေျမွာက္နုိင္ခဲ့ပါတယ္။ ထိုပြဲစဥ္မွာ ပံုမွန္ ပြဲခ်ိန္ အတြင္း တစ္ဂိုးစီ သေရက်ခဲ့ေပမယ့္ ပင္နယ္တီ အဆံုးအျဖတ္မွာမွ ယူနို္ကတက္က အနိုင္ရခဲ့တာ ျဖစ္ပါတယ္။
ဥေရာပ ဗိုလ္လုပြဲ ျဖစ္ေပမယ့္ ပရီးမီးယားလိဂ္က ျပိဳင္ဘက္ ခ်ယ္ဆီးအသင္းကို ရင္ဆိုင္ကစားခဲ့ရတဲ့ ဖိအားက ေၾကာက္စရာေကာင္းခဲ့တယ္ လို႔ ဖာဒီနန္က ဝန္ခံခဲ့ပါတယ္။
” ခ်ယ္ဆီးနဲ႕ ရင္ဆိုင္ရတာ ျဖစ္လို႔ က်ေန္ာတို႔ ဖိအား ပို၀င္ခဲ့တယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်ေနာ္က မိတ္ေဆြ သူငယ္ခ်င္းေတြ၊ လက္ေရြးစင္အသင္းေဖာ္ေတြ၊ ေနာက္ အတူ ၾကီးျပင္းလာခဲ့ရသူေတြနဲ႕ ျပိဳင္ဘက္ အျဖစ္ ယွဥ္ျပိဳင္ ရတာ ျဖစ္လို႔ အေတာ္ ခက္ခဲတယ္။ ဒီပြဲ ရလဒ္က အခ်င္းခ်င္း ျပန္ ေလတိုက္နိုင္မယ့္ အခြင့္အေရးလည္း ပါတယ္။
တကယ္လို႔ က်ေနာ္တို႔က အီတလီ၊ စပိန္ ဒါမွမဟုတ္ ဂ်ာမနီက ၿပိဳင္ဘက္နဲ႔ေတြ႕ရရင္ သူတို႔နဲ႕ ထပ္ဆံုဖို႔က ေနာက္ တစ္နွစ္ နွစ္နွစ္ေလာက္ ေနမွ ျဖစ္မယ္။ ဒါေပမယ့္ ေမာ္စကိုက အဲဒီပြဲမွာ ခ်ယ္ဆီးကို ရွံဳးလိုက္ရင္ အဲဒါက သမိုင္းတြင္ သြားမယ္။ အျမဲ ေျပာစရာ ျဖစ္သြားမယ္။ သူတို႔ ကြင္း သြားကစားတဲ့ အခါတိုင္း ေျပာခံရမယ္။ ျပည္တြင္းမွာ ဆိုေတာ့ တစ္နွစ္ကို အနည္းဆံုး ၂ ၾကိမ္ သူတို႔နဲ႕ ကစားရမွာပဲ မဟုတ္လား။ ” လို႔ ဖာဒီနန္က ဆိုခဲ့ပါတယ္။
ထိုပြဲစဥ္မွာ ခရစၥတီယာႏို ေရာ္နယ္ဒိုက အဖြင့္ဂိုး သြင္းယူေပးခဲ့ေပမယ့္ ပထမပိုင္းအတြင္းမွာပဲ ဖရန္႔လမ္းပတ္က ခ်ယ္ဆီး အတြက္ ေခ်ပဂိုးကို သြင္းယူေပးခဲ့ပါတယ္။ ပင္နယ္တီ အဆံုး အျဖတ္မွာေတာ့ ခ်ယ္ဆီး အသင္းေခါင္းေဆာင္ ဂြၽန္တယ္ရီက နာမည္ႀကီး ပင္နယ္တီ လြဲေခ်ာ္ခဲ့တာ ျဖစ္ျပီး ယူနိုက္တက္ ဂိုးသမား ဗန္ဒါဆားက အနယ္ကာရဲ႕ ကန္ခ်က္ကို ကာကြယ္ကာ သူရဲေကာင္း ျဖစ္ခဲ့ပါတယ္။