အမေရိကန်နဲ့ ဗြိတိန်တို့ကို နောက်ကောက်ချလိုက်တဲ့ ထိုင်းရောက် မြန်မာနိုင်ငံသားများ

၂၀၂၂ ခုနှစ်ကနေစတင်ပြီး ထိုင်းမှာ မြန်မာနိုင်ငံသား ကွန်ဒိုဝယ်ယူသူတွေ အရှိန်ဖြင့် များပြားလာနေရာက ၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်းဝယ်ယူမှုမှာ မြန်မာနိုင်ငံသားတွေက ဒုတိယအများဆုံး ဖြစ်ကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။

အများဆုံးမှာ တရုတ်နိုင်ငံသားတွေဖြစ်ကာ မြန်မာနိုင်ငံသား ဝယ်လက်တွေကလည်း ပိုပိုများပြားလာတာပါ။ ၂၀၂၄ မှာ မြန်မာနိုင်ငံသား ဝယ်ယူမှုတွေဟာ တတိယနေရာက ရုရှားထက် ပိုများသလို အမေရိကန်နဲ့ ဗြိတိန် နှစ်နိုင်ငံပေါင်း ဝယ်ယူမှု (၇၃၇ လုံး) ထက်တောင် ပိုများနေပါတယ်။

ထိုင်းအိမ်ခြံမြေလုပ်ငန်း Cushan & Wakefield Thailand မှ သုတေသနနှင့် အကြံပေးအရာရှိ Surachet Kongcheep ကတော့ ဧပြီလပိုင်းတွင် ဘဏ်လုပ်ငန်းဆိုင်ရာ သတင်းတွေကြောင့် မြန်မာဝယ်လက်များ ခေတ္တရပ်နားခဲ့ပြီး နောက်ပိုင်း မြန်မာဝယ်လက်များက ပြန်လည်ဝယ်ယူခဲ့သည်ဟု ပြောပါတယ်။

၂၀၂၄ ခုနှစ် ပထမကိုးလမှာ မြန်မာနိုင်ငံက ဘတ် ၅.၄၆ ဘီလီယံ တန်ဖိုးရှိတဲ့ ကွန်ဒို ၁၀၅၀ လုံး ဝယ်ယူခဲ့ပြီး ၂၀၂၃ ခုနှစ် ပထမကိုးလမှာ ဘတ် ၂. ၂၅ တန်ဖိုးရှိတဲ့ ကွန်ဒို ၃၄၇ လုံးထက်မနည်း ဝယ်ယူမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံက ကွန်ဒိုဝယ်ယူသူတွေကို ဘတ် ၃.၇ ဘီလီယံ တန်ဖိုးရှိတဲ့ ကွန်ဒို ၅၆၄ လုံး ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဘတ် ၂.၅၅ ဘီလီယံတန်ဖိုးရှိ ကွန်ဒို ၃၄၉ လုံး ရောင်းချခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံသားတွေက ၂၀၂၄ ခုနှစ် ပထမကိုးလတာမှာ ဘတ် ၂၀.၂ ဘီလီယံဖိုး ကွန်ဒို ၄,၃၈၆ လုံး ဝယ်ယူပြီး အများဆုံး ဝယ်သူသူတွေ ဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု အများဆုံးနေရာကတော့ ဘန်ကောက်ဖြစ်ပြီး ဒုတိယအများဆုံးကတော့ ချွန်ဘူရီဖြစ်တယ်လို့ သိရပါတယ်။