ပေါ့ဘာနေရာ အစားထိုးဖို့ လာဇီယို ကွင်းလယ်သမားကို ယူနိုက်တက် ပစ်မှတ်ထား

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းမှာ မတည်မငြိမ် ဖြစ်နေတဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာနေရာကို အစားထိုးဖို့ ကစားသမား ရှာဖွေမှုတွေ ပြုလုပ်နေပြီး လာဇီယို ကွင်းလယ်ကစားသမား မီလင်ကိုဗစ် ဆာဗစ်ကို ခေါ်ဖို့ မျက်စိကျနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။

ယူနိုက်တက်က နွေအပြောင်းအရွှေ့မှာ ပေါ့ဘာကို ရောင်းပြီး ဆာဗစ်ကို အစားထိုးဖို့ စိတ်အားထက်သန်နေပါတယ်။ အသက် ၂၅ နှစ် အရွယ် ဆားဘီးယားသားဟာ ဒီရာသီ စီးရီးအေမှာ လာဇီယိုအသင်းကို အမှတ်ပေးဇယား အဆင့် ၂နေရာ ရောက်ရှိအောင် ကူညီပေးထားနိုင်ခဲ့ပါတယ်။

ဆာဗစ်ကို ယူနိုက်တက်က ခေါ်ယူလိုနေတဲ့ နည်းတူ အခြား ဥရောပ အင်အားကြီး ကလပ်တွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ်တို့ကလည်း အပြိုင် စိတ်ဝင်စားနေတာကြောင့် ခက်ခဲတဲ့ ယှဉ်ပြိုင်မှုတွေ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဆာဗစ် အတွက် ပီအက်စ်ဂျီက ပေါင် ၈၇ သန်း အထိ ပေးချေဖို့ အသင့်ဖြစ်နေတယ်လို့ ပြီးခဲ့တဲ့လက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုဟာ ဆာဗစ်ကို သဘောကျတာကြောင့် အရခေါ်ယူဖို့ ငွေပုံပေး ကြိုးစားနေတယ်လို့ သိရပါတယ်။

ဆာဗစ်ဟာ လာဇီယိုနဲ့ ၂၀၂၄ ခုနှစ် အထိ စာချုပ် သက်တမ်းရှိနေကာ လာဇီယိုက ပေါင် ၈၇ သန်း ရမှသာ ရောင်းချမယ်လို့ ခေါ်ယူချင်တဲ့ အသင်းတွေကို သတိပေးထားကြောင်း သိရပါတယ်။ ဆာဗစ်က ဒီရာသီ လာဇီယို အတွက် သွင်းဂိုး ငါးဂိုး အထိ သွင်းယူပေးထားခဲ့ပြီး ပြီးခဲ့တဲ့ ရာသီကလည်း လာဇီယိုကို ကိုပါအီတလီယာ ဖလားရရှိအောင် ကူညီ စွမ်းဆောင်ပေးခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ အသင္းမွာ မတည္မျငိမ္ ျဖစ္ေနတဲ့ ကြင္းလယ္ကစားသမား ေပါ့ဘာေနရာကို အစားထိုးဖို႔ ကစားသမား ရွာေဖြမႈေတြ ျပဳလုပ္ေနျပီး လာဇီယို ကြင္းလယ္ကစားသမား မီလင္ကိုဗစ္ ဆာဗစ္ကို ေခၚဖို႔ မ်က္စိက်ေနေၾကာင္း သတင္းထြက္ေပၚေနပါတယ္။

ယူနိုက္တက္က ေႏြအေျပာင္းအေရႊ႕မွာ ေပါ့ဘာကို ေရာင္းျပီး ဆာဗစ္ကို အစားထိုးဖို႔ စိတ္အားထက္သန္ေနပါတယ္။ အသက္ ၂၅ နွစ္ အရြယ္ ဆားဘီးယားသားဟာ ဒီရာသီ စီးရီးေအမွာ လာဇီယိုအသင္းကို အမွတ္ေပးဇယား အဆင့္ ၂ေနရာ ေရာက္ရွိေအာင္ ကူညီေပးထားႏိုင္ခဲ့ပါတယ္။

ဆာဗစ္ကို ယူနိုက္တက္က ေခၚယူလိုေနတဲ့ နည္းတူ အျခား ဥေရာပ အင္အားၾကီး ကလပ္ေတြ ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္၊ ပီအက္စ္ဂ်ီနဲ႔ ဂ်ဴဗင္တပ္စ္တို႔ကလည္း အျပိဳင္ စိတ္ဝင္စားေနတာေၾကာင့္ ခက္ခဲတဲ့ ယွဥ္ျပိဳင္မႈေတြ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

ဆာဗစ္ အတြက္ ပီအက္စ္ဂ်ီက ေပါင္ ၈၇ သန္း အထိ ေပးေခ်ဖို႔ အသင့္ျဖစ္ေနတယ္လို႔ ၿပီးခဲ့တဲ့လက သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။ ပီအက္စ္ဂ်ီ အားကစားဒါ႐ိုက္တာ လီယိုနာဒိုဟာ ဆာဗစ္ကို သေဘာက်တာေၾကာင့္ အရေခၚယူဖို႔ ေငြပုံေပး ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

ဆာဗစ္ဟာ လာဇီယိုနဲ႔ ၂၀၂၄ ခုႏွစ္ အထိ စာခ်ဳပ္ သက္တမ္းရွိေနကာ လာဇီယိုက ေပါင္ ၈၇ သန္း ရမွသာ ေရာင္းခ်မယ္လို႔ ေခၚယူခ်င္တဲ့ အသင္းေတြကို သတိေပးထားေၾကာင္း သိရပါတယ္။ ဆာဗစ္က ဒီရာသီ လာဇီယို အတြက္ သြင္းဂိုး ငါးဂိုး အထိ သြင္းယူေပးထားခဲ့ၿပီး ၿပီးခဲ့တဲ့ ရာသီကလည္း လာဇီယိုကို ကိုပါအီတလီယာ ဖလားရရွိေအာင္ ကူညီ စြမ္းေဆာင္ေပးခဲ့ပါတယ္။