လီဗာပူးထံ မပြောင်းခင် ဆာဒီယို မာနေး သွားဖို့ စဉ်းစားနေခဲ့တဲ့ ပရီးမီးယားလိဂ်ကလပ်
လီဗာပူးအသင်းမှာ အဓိက တိုက်စစ်မှူး တစ်ဦး အဖြစ် အစွမ်းပြနေပြီ ဖြစ်တဲ့ ဆာဒီယိုမာနေးက မာဆေးဆိုဒ်ကလပ်ထံ ပြောင်းမလာခင် ဆောက်သမ်တန်မှာ ရှိစဉ်က မန်ချက်စတာယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ ပို စဉ်းစားဖြစ်ခဲ့ကြောင်း ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။
မာနေးဟာ ၂၀၁၆ မှာ ဆောက်သမ်တန်ကနေ ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းနဲ့ လီဗာပူးအသင်းဆီ ပြောင်းလာဖြစ်ခဲ့ပြီး သုံးနှစ် အကြာမှာပဲ ချန်ပီယံလိဂ်ဖလား၊ ကမ္ဘာ့ကလပ်ဖလားတွေကို ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ ဘလွန်းဒီအောဆု ဆန်ကာတင်ထဲမှာပါ မာနေးက ပါဝင်လာနိုင်သည်ထိ တိုးတက်လာခဲ့တာပါ။
ဆီနီဂေါ ကြယ်ပွင့်က ယာဂင်ကလော့ပ်ထံမှ ကမ်းလှမ်းမှု မရခင် လီဗာပူးအသင်းထံ ပြောင်းရမယ်လို့ လုံး၀ မမျှော်လင့်ခဲ့ကြောင်း ဆိုပါတယ်။ ကလော့ပ်ဟာ ဒေါ့မွန်နည်းပြ အဖြစ် ရှိစဉ်က မာနေးကို ခေါ်ဖို့ အခွင့်ရခဲ့ပေမယ့် ငြင်းပယ်ခဲ့ပါတယ်။
ဒါကြောင့် မာနေးနဲ့ အေးဂျင့် ဖြစ်သူက အသင်းပြောင်းဖို့ စဉ်းစားချိန်မှာ လီဗာပူးကို ထည့်မတွက်ဘဲ ၎င်းတို့ရဲ့ ပြိုင်ဘက် ယူနိုက်တက်ကို ပို တွေးခဲ့မိတယ်လို့ ဆိုခဲ့ပါတယ်။
” လီဗာပူးအသင်းက ကျနော့်ကို စိတ်ဝင်စားလာမယ်လို့ လုံး၀ မထင်ထားခဲ့ဘူး။ ကျနေ်ာတို့ များသောအားဖြင့် စဉ်းစားနေတာက မန်ချက်စတာ ယူနိုက်တက်ပါ။ ကျနော့် အတွက် အဲဒီတုန်းက ခက်ခဲတဲ့ အချိန် ကြုံနေ့တယ်။ ကျနော်က အရန်ခုံမှာ ရှိနေရတော့ ခေါ်မယ့် အသင်း အကြောင်းလည်း သိပ်မတွေးထားမိဘူး။ ဒါပေမယ့် ကလော့ပ် ကမ်းလှမ်းလာတဲ့ အတွက် ကျေနပ်မိတယ်။ သူက တချိန်က ကျနော့်ကို ရက်ပါလို့ ထင်ခဲ့တာလေ။ ” လို့ မာနေးက ဆိုခဲ့ပါတယ်။
ကလော့ပ်က မာနေးကို စသိစဉ် ဒေါ့မွန် နည်းပြ ဘဝတုန်းက ရက်ပါပုံစံ ဖြစ်နေတဲ့ မာနေးကို ခေါ်ယူလိုခြင်း မရှိခဲ့ကြောင်း လတ်တလော မှတ်တမ်းဗီဒီယိုမှာ ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။ ကလော့ပ်ထံက ကမ်းလှမ်းမှု ရချိန်မှာတော့ မာနေးက ယူနိုက်တက်ကို ဆက်လက် မစောင့်တော့ဘဲ လက်ခံကာ အသင်းပြောင်းရွှေ့ ဖြစ်ခဲ့ပါတယ်။
Zawgyi – လီဗာပူးအသင္းမွာ အဓိက တိုက္စစ္မွဴး တစ္ဦး အျဖစ္ အစြမ္းျပေနျပီ ျဖစ္တဲ့ ဆာဒီယိုမာေနးက မာေဆးဆိုဒ္ကလပ္ထံ ေျပာင္းမလာခင္ ေဆာက္သမ္တန္မွာ ရွိစဥ္က မန္ခ်က္စတာယူနိုက္တက္ထံ ေျပာင္းေရႊ႕ဖို႔ ပို စဥ္းစားျဖစ္ခဲ့ေၾကာင္း ထုတ္ေဖာ္ ၀န္ခံခဲ့ပါတယ္။
မာေနးဟာ ၂၀၁၆ မွာ ေဆာက္သမ္တန္ကေန ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၄ သန္းနဲ႕ လီဗာပူးအသင္းဆီ ေျပာငး္လာျဖစ္ခဲ့ျပီး သံုးနွစ္ အၾကာမွာပဲ ခ်န္ပီယံလိဂ္ဖလား၊ ကမၻာ့ကလပ္ဖလားေတြကို ဗိုလ္စြဲနိုင္ခဲ့ပါတယ္။ ျပီးခဲ့တဲ့နွစ္ရဲ႕ ဘလြန္းဒီေအာဆု ဆန္ကာတင္ထဲမွာပါ မာေနးက ပါ၀င္လာနုိင္သည္ထိ တိုးတက္လာခဲ့တာပါ။
ဆီနီေဂါ ၾကယ္ပြင့္က ယာဂင္ကေလာ့ပ္ထံမွ ကမ္းလွမ္းမႈ မရခင္ လီဗာပူးအသင္းထံ ေျပာင္းရမယ္လို႔ လံုး၀ မေမွ်ာ္လင့္ခဲ့ေၾကာင္း ဆိုပါတယ္။ ကေလာ့ပ္ဟာ ေဒါ့မြန္နည္းျပ အျဖစ္ ရွိစဥ္က မာေနးကို ေခၚဖို႔ အခြင့္ရခဲ့ေပမယ့္ ျငင္းပယ္ခဲ့ပါတယ္။
ဒါေၾကာင့္ မာေနးနဲ႕ ေအးဂ်င့္ ျဖစ္သူက အသင္းေျပာင္းဖို႔ စဥ္းစားခ်ိန္မွာ လီဗာပူးကို ထည့္မတြက္ဘဲ ၄င္းတို႔ရဲ႕ ျပိဳင္ဘက္ ယူနိုက္တက္ကို ပို ေတြးခဲ့မိတယ္လို႔ ဆိုခဲ့ပါတယ္။
” လီဗာပူးအသင္းက က်ေနာ့္ကို စိတ္၀င္စားလာမယ္လို႔ လံုး၀ မထင္ထားခဲ့ဘူး။ က်ေန္ာတို႔ မ်ားေသာအားျဖင့္ စဥ္းစားေနတာက မန္ခ်က္စတာ ယူနိုက္တက္ပါ။ က်ေနာ့္ အတြက္ အဲဒီတုန္းက ခက္ခဲတဲ့ အခ်ိန္ ၾကံဳေန႕တယ္။ က်ေနာ္က အရန္ခံုမွာ ရွိေနရေတာ့ ေခၚမယ့္ အသင္း အေၾကာင္းလည္း သိပ္မေတြးထားမိဘူး။ ဒါေပမယ့္ ကေလာ့ပ္ ကမး္လွမ္းလာတဲ့ အတြက္ ေက်နပ္မိတယ္။ သူက တခ်ိန္က က်ေနာ့္ကို ရက္ပါလို႔ ထင္ခဲ့တာေလ။ ” လို႔ မာေနးက ဆိုခဲ့ပါတယ္။
ကေလာ့ပ္က မာေနးကို စသိစဥ္ ေဒါ့မြန္ နည္းျပ ဘ၀တုန္းက ရက္ပါပံုစံ ျဖစ္ေနတဲ့ မာေနးကို ေခၚယူလိုျခင္း မရွိခဲ့ေၾကာင္း လတ္တေလာ မွတ္တမ္းဗီဒီယိုမွာ ထည့္သြင္း ေဖာ္ျပထားခဲ့ပါတယ္။ ကေလာ့ပ္ထံက ကမး္လွမ္းမႈ ရခ်ိန္မွာေတာ့ မာေနးက ယူနိုက္တက္ကို ဆက္လက္ မေစာင့္ေတာ့ဘဲ လက္ခံကာ အသင္းေျပာင္းေရႊ႕ ျဖစ္ခဲ့ပါတယ္။